Sunday, September 25, 2011

ရာဂျစ်ဂန္ဒီ လုပ်ကြံမှုတွင် ပါဝင်သူသုံးဦးကို ကြိုးပေးမည်

၁၉၉၁ခုနှစ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီအားလုပ်ကြံမှုတွင် ပတ်သက် နေသည့် တရားခံသုံးဦးကို ကြိုးပေးရန်စီရင်ချက်ချမည်ဟု တာဝန်ရှိသူများ ကပြောကြားခဲ့သည်။ ၄င်း တို့အား အကျဉ်းချထားရာ တမီလ်နာဒူးပြည် နယ်ထောင်၊မနက်အစောပိုင်းကြိုးပေးမည်ဟုဆိုသည်။

တမီလ်ကျားအသေခံဗုံးခွဲသူ များက ရာဂျစ်ဂန္ဒီအားလုပ်ကြံခဲ့မှုကြောင့် အိန္ဒီယတစ်နိုင်ငံ လုံးတုန်လှုပ်ခဲ့ရ သည်။ တရား ခံသုံးဦးသည် သီရိလင်္ကာရှိ တမီလ်ကျား သူပုန်စစ်သွေးကြွှ အုပ်စုအဖွဲ့ဝင်များဖြစ်ပြီး လုပ်ကြံ မှုကိုပူးပေါင်းကျူးလွန်ခဲ့ကြသူများဖြစ်သည်။ မူဂန်နှင့် ဆန်သန်တို့သည် သီရိ လင်္ကာနိုင် ငံမှဖြစ်ပြီး ပီရာရီဗယ်လန်ကမူအိန္ဒိယနိုင်ငံသား တမီလ်လူမျိုးဖြစ်သည်။

၂၀၀၆ခုနှစ်တွင် တမီလ်ကျားသူပုန်အဖွဲ့ ကလုပ်ကြံမှုအတွက် နောင်တရကြောင်း ထုတ်ဖော်ခဲ့သည်။ အ ထက်တရားရုံးက ၁၉၉၉ခုနှစ်တွင် ၄င်းတို့သုံးဦးအား သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် မူ絣ဂန်၏ဇနီးတမီလ်အမျိုးသမီးနာလီနီဆီရီဟာရမ်အား တစ်သက်တစ်ကျွန်း ဒဏ်သို့ပြောင်းလဲချမှတ်ခဲ့သည်။ တရားခံသုံးဦးက ၄င်းတို့ကိုယ်တိုင် ကျူးလွန် ကြောင်း (၂၇)ရက်နေ့က ဖြောင့်ချက်ပေးခဲ့သဖြင့်ကြိုးမိန့်ပေးခဲ့ရခြင်းဖြစ်သည်။

ပီရာရီဗယ်လန် ၏မိခင်ကမူ ၄င်း၏သားသည် စွဲချက်များအားငြင်းပယ်ခဲ့ပြီး၊ ယခုဆုံးဖြတ်ချက်သည် အတင်းအကျပ် ၀န်ခံခိုင်းသောကြောင့် ထွက်ပေါ်လာရသည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ၊သေဒဏ်ပေး ခြင်းမှာမရှိသလောက်ဖြစ်ပြီး၊ နောက်ဆုံးစီရင်ခံခဲ့သည့်အမှုမှာ (၁၄)နှစ်အရွယ် ကျောင်းသူတစ်ဦးအား အဓမ္မပြုသတ်ဖြတ်မှုကြောင့် (၄၁)နှစ် အရွယ်လုံခြုံရေးတစ်ဦး အား (၂၀၀၄)ခုနှစ်တွင်ကြိုးပေးခဲ့ခြင်းဖြစ်သည်။

https://linyonemagazine.wordpress.com/

0 comments: