
ဘန်ကောက်မြို့ အနီးတ၀ိုက် ရေဘေးသင့်ဒေသခရိုင် ၂ ခုကို ရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ငြိမ်းဇော်က သူမြင်တွေ့ခဲ့သမျှကို အခုလို မှတ်တမ်းတင် ထားပါတယ်။
Pathum Thani ခရိုင် Rangsit ဒေသ မြင်ကွင်းများ
Rangsit ဒေသမှာ ထိုင်းတွေရော၊ အဲဒီဒေသမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သား တွေရော ရေနဲ့လွတ်ကင်းရာကို သွားနေကြပါပြီ။
ဟိုတုန်းကတော့ ဒီနေရာဟာ ကားတွေ တဝေါဝေါ ဖြတ်သန်းသွားလာနေလို့ လမ်းကူးဖို့မလွယ်တဲ့ နေရာပါ
ဘတ်စ်ကား၊ တက္ကစီတွေ မရှိလို့ တနိုင်စာပစ္စည်းကိုပဲ သယ်ကြရပါတယ်
ရေတွေကတော့ ၀င်လာမစဲပါ၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေ၀သ သတင်းတွေက ဆိုပါတယ်။

ရေကြီးမှု သတင်း ထုတ်ပြန်ရေးဌာနက ဒွန်မောင်းလေဆိပ်မှာ ရှိပါတယ်။ လေဆိပ်ထဲ ရေတွေဝင်လာတဲ့အတွက် အဲဒီဌာနကိုပါ နေရာရွှေ့ရတော့မယ်လို့ ဆိုပါတယ်။

လေဆိပ်မှာ ခိုလှုံနေကြတဲ့ ထောင်နဲ့ချီတဲ့ ဘန်ကောက်မြို့သူမြို့သားတွေ ရေဘေး လွတ်မယ့်နေရာကို ထပ်ပြောင်းရပါပြီ။

ဘန်ကောက် အပါအ၀င် ရေအကြီးအကျယ် ကြီးနေတဲ့ ခရိုင်တွေမှာ အစိုးရရုံးတွေ၊ ကျောင်းတွေကို ၅ ရက် ပိတ်လိုက်ပါပြီ။
ရေဘေးသင့်သူအပြည့်တင်လာတဲ့ ထိုင်းစစ်တပ် ကူညီကယ်ဆယ်ရေးယာဉ်

မိုးရွာလို့ ရေကြီးတာက ထိုင်းမှာ ရိုးနေပါပြီ။ ဒီတခါလောက်တော့ အကြီးအကျယ် မဖြစ်ခဲ့ဖူးပါ။ ဇူလိုင် ကတည်းက ကြီးလာတဲ့ရေကြောင့် သေဆုံးသူ အရေအတွက်က မနေ့က စာရင်းအရ ၃၆၆ ဦး ရှိပါပြီ။

ရေကြောင့်
လူပေါင်း ၂ သန်းခွဲ တိုက်ရိုက် ဒုက္ခရောက်နေပြီး ကူညီကယ်ဆယ်ရေး စခန်းရောက်နေသူပေါင်း တသိန်းကျော် ရှိပါတယ်။
Pathum Thani ခရိုင် မြင်ကွင်းများ
ရေကြီးတဲ့အရပ်မို့ ကားရှိလည်း အလကားပါပဲ။

ကားတွေကို ပစ်ထားလို့မရ အိတ်ထဲထည့်ထားလို့ မရတာကြောင့် ရေမရောက်နိုင်မယ့်၊ ကိုယ် လက်လှမ်းမီတဲ့ နေရာတွေမှာ ရပ်ထားကြပါတယ်။ လမ်းပိတ်ဆို့မှုဖြစ်မှာကိုလည်း အာဏာပိုင်တို့က စိတ်ပူနေပါတယ်

ရေတိမ်နစ်ကားတစီး

ရေဘေးသတင်း စောင့်နားထောင်သူ အများအပြား အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက် အမျိုးမျိုးကြောင့်ရော၊ မကျသေးတဲ့ ရေတွေကြောင့်ပါ စိတ်ညစ်နေရပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာတော့ ရေဘေးသင့်ဒေသအရပ်သားတွေကို ပစ္စည်းပစ္စယတွေ ရေလွတ်ရာဒေသရွှေ့ဖို့၊ ဒီထက်ပိုပြီး ရေကြီးလာနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရေး ပြင်ဆင်ထားဖို့ ပြောသွားပါတယ်။
အရေးပေါ်ကာလ သယ်ယူပို့ဆောင်နည်းတခု
ရေထဲက ရုပ်ပွားတော်ဆိုင်
ကားလမ်းကူးဖို့ ပြင်ဆင်နေသူ၂ဦး

Bang Bua Thong ခရိုင် မြင်ကွင်းများ
Bang Bua Thong ခရိုင် ဆိုပေမယ့် ဘန်ကောက်မြို့နဲ့ ထိစပ်နေတဲ့ ဒေသ ဖြစ်ပါတယ်

မိနစ်ပိုင်း သွားရမယ့် ခရီးကို နာရီနဲ့ချီပြီး ကုန်းတတန် ရေတတန် သွားနေရပါတယ်
မနေ့ညက ထုတ်လွှင့်သွားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ရုပ်သံမိန့်ခွန်းမှာတော့ အစိုးရိမ်ရဆုံးနေရာ တွေထဲမှာ ချောင်ဖုယားမြစ် တလျှောက်ဒေသများ ပါဝင်တယ်လို့ ဆိုပါတယ် ...
Source by :
http://www.irrawaddyblog.com/
5 comments:
စားစရာတွေ စုထားတယ်ကွယ်........ :(
့ပုံတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်..
တော်တော်ကို အခြေအနေဆိုးပါလားနော်..
အမြန်ဆုံးဘဲ အဆင်ပြေကြဖို့ ဆုတောင်းမိပါတယ်
ရေမြန်မြန်ကျမှပဲ နို့မို့ဆိုလွယ်ဖူး
ရေမြန်မြန်ကျမှဖြစ်တော့မယ်ကွယ်...ဒီကကုန်သည်တွေ လက်ခမောင်းခတ်ကုန်ကြပြီ...ယိုးဒယားပစ္စည်းတွေအကုန် ဈေးတင်ပြီး ရောင်းကုန်ကြလို့ ပေါက်ဖော်တို့ဘက်တောင် လှည့်ရတော့မယ်ထင်တယ်...ယိုးဒယားရေကြီးတော့ ရွှေပြည်ကြီးလည်း နေမထိထိုင်မသာပါဘူး...လက်သည်းဆိပ်တော့ လက်ထိပ်နာတတ်တဲ့ ဆွေမျိုတွေဖြစ်လို့တော့မဟုတ်ဘူး...ယိုးဒယားရောက် မြန်မာလုပ်သားတွေအများစု ပြည်တော်ပြန်လာရလို့ နိုင်ငံခြားငွေမရတော့လို့...
ကိုလတ်တယောက်ရော.. အဆင်မှပြေရဲ့လား..း(
Post a Comment