Friday, December 9, 2011

မလေးရှားနိုင်ငံ ကေအယ် ဘူတာစာတိုက်ကြီးအနီးတွင် သုံးစီးဆက် ကားတိုက်မှုဖြစ်ပွား (သတင်းဓာတ်ပုံ)


ယနေ့နံနက် ၁၀ နာရီ ၄၅ မီနစ်တွင် ကေအယ်ဘူတာ စာတိုက်ကြီး အရှေ့ဖက်ခြမ်းတွင် သုံးစီးဆက်ကားတိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။



ယာဉ်တိုက်မှု အချိန်အတွင်း အရေးပေါ်ကားများ လူနာတင်ယာဉ်များ မီးသတ်အဖွဲ့ဝင်များ ရဲဝန်ထမ်းများ အလုပ်များနေကြပါတယ်။



ကားတိုက်မှု အချိန်တွင်း ယာဉ်ကျော ပိတ်ဆို့မှုများ မိနစ်၂၀ ခန့်သာ ကြာမြင့် ခဲ့ပြီး ယာဉ်ကျောပြန်ဖွင့် သွားခဲ့ပါသည်။













ဤသတင်း အတွက် ကျွန်တော် ကိုယ်တိုင် သတင်းသွားယူ ဓာတ်ပုံများ သွားရောက် ရိုက်ယူခဲ့ပါသည်။

စာဖတ်သူများ အတွက် အစဉ်ကြီုးစားလျှက်

9.12.2011

5:00 PM

4 comments:

ဘုန်းဘုန်းတောက် said...

ဟူး...ရင်မောစရာ ကောင်းလှပါတယ် ဒကာတော် မိုးယံလေးရေ။ အကြီးအကျယ်ပဲနော်...

ကိုရင် said...

သုံးစီးမဟုတ်ဘူး အကိုရ..ငါးစီးဆက်တိုက်တာ..
bus နှစ်စီးရယ် ကားလေးသုံးစီးရယ် ..
ကံကောင်းတယ်..ကျွန်တော်က ရှေ့ ဆုံးက ၀င်အောင်းခံရတဲ့ bus ရှေ့ တည့်တည့်မှာ ဆိုင်ကယ်နဲ့အကို.ပါစာစီနီးကို လာတာ.နောက်က “၀ုန်း”ကနဲ အသံကြားလိုက်တာ..ရုတ်တရက်တော့ ကိုယ့်ကိုယ် ၀င်ကျုန်းတယ် ထင်လိုက်တာ..အဲဒီ bus ရဲ့ ရှေ့ တည့်တည့်မှာ ကျွန်တော်ရှိနေတာ..အရှိန်က အဲဒီ bus မှာပဲ ရပ်သွာတာ ကံကောင်းသွားတယ်..မဟုတ်လို့ ကတော့ မောင်ရင်တို့ ကိုရင့်ဈာပနကို ဒီနေ့ ဖတ်နေရ လောက်ပြီ..ဟင်းဟင်း.. :D

ကိုအောင်(ပျူနိုင်ငံ) said...

မောင်းလာတဲ့ အရှိန်တွေကို ထိန်းမရဖြစ်ပုံရတယ် ...

မဒမ်ကိုး said...

ကံကောင်းလို့မုဆိုးမဖြစ်မသွားတား(