နာမည်ကျော် အက်ရှင်မင်းသားနှင့် ကုလသမဂ္ဂ၏ နှလုံးလှသံတမန် ဂျက်ကီချန်းသည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း လာရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children's Fund) က ဇူလိုင် ၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။ ဂျက်ကီချန်းသည် ၎င်း၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကလေးသူငယ်များ လူကုန်ကူးခံရမှု တိုက်ဖျက်ရေးတွင် ကူညီသွားမည်ဖြစ်သည်။
ဂျက်ကီချန်းသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော လူကုန်ကူးခံခဲ့ရသည့် ကလေးသူငယ်များ အသက်မွေးဝမ်းကျောင်းမှု သင်တန်းကျောင်းသို့ သွားရောက်ကာ လူကုန်ကူးခံခဲ့ရပြီး ပြန်လည် ကယ်တင်နိုင်ခဲ့သော ကလေးသူငယ်များနှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဂျက်ကီချန်းသည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
Source: UNICEF
ဂျက်ကီချန်းသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော လူကုန်ကူးခံခဲ့ရသည့် ကလေးသူငယ်များ အသက်မွေးဝမ်းကျောင်းမှု သင်တန်းကျောင်းသို့ သွားရောက်ကာ လူကုန်ကူးခံခဲ့ရပြီး ပြန်လည် ကယ်တင်နိုင်ခဲ့သော ကလေးသူငယ်များနှင့်လည်းတွေ့
လူကုန်ကူးမှုတိုက်ဖျက်ရေးတွင
Source: UNICEF
Planet Myanmar Network facebook
0 comments:
Post a Comment