၁၃၇၄ ခုနှစ် ပထမ ဝါဆိုလပြည့်ကျော် (၁၂)ရက် ၁၅.၇.၂၀၁၂ တနင်္ဂနွေနေ့တွင် ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ ဦးစီးကျင်းပသော (အာဇာနည်နေ့) အထိမ်းအမှတ် အနေဖြင့် စာပေဟောပြောပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဦးစီး တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ စာပေဟောပြောပွဲ အစီအစဉ်ကို နေ့လည် ၁၂း၀၀ အချိန်တွင် နိုင်ငံတော်သီချင်းဖြင့် စုပေါင်းသီဆိုပြီး စာပေဟောပြောပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ အစီအစဉ်အဖြစ် ပထမဆုံး ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)မှ အာဇာနည် သီချင်းသီဆိုကာ စတင်ခဲ့ပါတယ်။ သီချင်း ပြီးဆုံးသွားသည်နှင့်မြန်မာနိုင်ငံမှ အာဇာနည်များကြောင်း စာပေ ကဗျာ သုတရသများနှင့်အတူ " အယ်ဒီတာ စားပွဲပေါ်တက်လာတဲ့ မစားဘဲစွန့်သူများနဲ့ မစွန့်ဘဲစားချင်သူများ အကြောင်း " စသည့်ခေါင်းစဉ်ဖြင့် ကြွရောက်လာကြသော စာပေဝါသနာရှင်များကို ဟောပြောတင်ဆက်ပေးပြီး ဆက်လက်၍ ဆရာ အဏ္ဏဝါစိုးမိုးမှ ဆရာဖြတ်သန်းရသော ဘဝများအကြောင်း နိုင်ငံရပ်ခြားအကြောင်း သဘောင်္အကြောင်းများနှင့်အတူ " လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော် ခေါင်းစဉ် " ဖြင့် စာပေချစ်ပရိသတ်များကို အားပါးတရ ဟောပြောခဲ့ပါတယ်။
ဆရာ အဏ္ဏဝါစိုးမိုး ဟောပြောပြီး အချိန်တွင် အစီအစဉ် ပထမပိုင်းအား ခဏရပ်နားပြီး ပထမပိုင်း ကံစမ်းမဲ အစီအစဉ်များကို တင်ဆက်ပေးခဲ့ပါတယ်။ ကြွရောက်လာသော ရွှေမြန်မာများအတွက် မြန်မာ့ဥယျာဉ်ကုမ္မဏီမှ လက်ဖက်ထမင်းများကို ကျွေးမွေး လှူဒါန်းလျက် ရှိနေပြီး ခေါင်းလောင်းသံ ဂျာနယ်မှ လက်ဖက်ရည်နှင့် မုန့်များ ရေသန့်များကို လှူဒါန်းကျွေးမွေးလျက် ရှိနေပါတယ်။
ဒုတိယပိုင်း အစီအစဉ် စတင်သော အချိန်မှာ ဆရာဦးဘုန်း(ဓာတု)မှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်အကြောင်းများကို သုတရသများဖြင့် ဟောပြောခဲ့ပါတယ်။ အာဇာနည်သီချင်းကို ပရိသတ်များနှင့် အတူသီဆိုပြီး " ဇူလိုင်မိုး " ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ရာ စာပေ ချစ်ပရိတ်သတ်များ ကြိုက်နှစ်သက်ပြီး လက်ခုပ်သံများဖြင့် အားပေးခဲ့ပါတယ်။ အဝေးရောက်မြန်မာများအတွင် နောက်ဆုံး ဖြေသိမ့်လိုက် သီချင်းဖြင့် ဆရာဦးဘုန်းမှ ဂီတာတီးကာ ပရိသတ်များနဲ့ အတူပျော်ရွှင်စွာ သီဆိုပြီး အစီအစဉ် ဆရာရဲ့ ဟောပြောမှုကို ရပ်နားခဲ့ပါတယ်။
ဆက်လက်ပြီး အခုကဲ့လို့ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ကျင်းပပေးသော ကိုညီညီ (ခေါင်းလောင်းသံဂျာနယ်) အား နောင်နှစ်တွေမှာ ဆက်လက်ပြုလုပ် နိုင်ရန်အတွက် ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်) မှ အလှူငွေ ဒေါ်လာ ၁၀၀ ကိုပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဆက်လက်၍ ပရဟိတ ပြုလုပ်နေသာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် (ကေအယ်)အား ပရဟိတ ကိစ္စများ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေ ဒေါ်လာ ၁၀၀ ကိုပေးအပ် လှူဒါန်းရာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ဥက္ကဌ ကိုသက် မှလက်ခံခဲ့ပါတယ်။ ဆက်လက်၍ မလေးရှားနိုင်ငံအတွင်း နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော ကပုန်း နာရေးကူညီမှု အသင်းကြီးသို့လည်း အလှူငွေ ဒေါ်လာ ၁၀၀ ကို ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်) မှပေးအပ် လှူဒါန်းခဲ့ပါတယ်။
ကိုညီညီ (ခေါင်းလောင်းသံဂျာနယ်) မှ ကျေးဇူးတင်စကား ပြောကြားရာတွင် " ကျွန်တော် ဒီလိုလုပ်ဆောင်နိုင်ဖို့ အဖေနဲ့ အမေကို မထမဆုံး ကျွန်တော် ကျေးဇူးတင်ပါတယ်။ စာပေဟောပြောအတွက် ရန်ကုန်ကနေ လိုအပ်တာလေးတွေကို ကူညီပေးတဲ့ ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဇာနည်နေ့ အတွက် လာရောက်ဟောပြောပေးကြသော ဆရာ အဏ္ဏဝါစိုးမိုး ၊ ဆရာအောင်စိုးသူ ၊ ဆရာဦးဘုန်း(ဓာတု) တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
အခုလို စာပေဟောပြောပွဲကို လာရောက်အားပေးနားထောင်ကြသော ရွေမြန်မာများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက် .... ကြွရောက်လာသော ပရိတ်သတ်များအား လက်ဖက်ထမင်း လာရောက် လှူဒါန်းသော မြန်မာ့ ဥယျာဉ်ကုမ္မဏီမှ ကိုစိုးသန်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ဒီလိုကျင်းပပြုလုပ်နိုင့်ဖို့အတွက် အဖက်ဖက်မှ ပါဝင်ကူညီလုပ်ဆောင်ပေးကြသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အဖက်ဖက်က ပါဝင်ကူညီ လုပ်ဆောင်ပေးကြသော တာဝန်ရှိသူများနှင့် သတင်း မီဒီယာများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလို ဆက်လက် ကျင်းပနိုင်အောင်လည်း ကျွန်တော်ကြိုးစားသွားမှာပါ " လို့ ကျေးဇူးတင် စကားများကိုပြောကြားခဲ့ပါတယ်။
ဒီလိုကျင်းပပြုလုပ်နိုင့်ဖို့အတွက် အဖက်ဖက်မှ ပါဝင်ကူညီလုပ်ဆောင်ပေးကြသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အဖက်ဖက်က ပါဝင်ကူညီ လုပ်ဆောင်ပေးကြသော တာဝန်ရှိသူများနှင့် သတင်း မီဒီယာများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလို ဆက်လက် ကျင်းပနိုင်အောင်လည်း ကျွန်တော်ကြိုးစားသွားမှာပါ " လို့ ကျေးဇူးတင် စကားများကိုပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒုတိယပိုင်း ကံစမ်းမဲ အစီအစဉ်များကို စတင်ခဲ့ပါတယ်။ ကံစမ်းမဲ အစီအစဉ်တွင် တီရှပ် ၁၀ဆု ၊ ခေါက်ထီး ၁၀ ဆု ၊ မောရှမ်းမှ ရှိုးပွဲလက်မှတ် ၅စောင် ၊ အလှပစ္စည်း ၂ ဆု ၊ ဟမ်းဖုန်း ၁ဆု ၊ တို့ကို ကံထူးသူများကို ပေးအပ်ခဲ့ပါတယ်။ ကံစမ်းမဲပေါက်သော ကံထူးသူ ရွှေမြန်မာများအတွက် မလေးရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များမှ စပွန်ဆာအဖြစ် လက်ဆောင် ပါဝင် ကုသိုလ်ပြု နေတာကိုလည်း တွေ့ရပါသည်။ ညနေ ၆ နာရီအချိန်တွင် စာပေဟောပြောပွဲ အစီအစဉ်ကို အောင်မြင် ပျော်ရွှင်စာ ပိတ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်း အနေဖြင့် 14.7.2012 စနေနေ့ ညနေပိုင်းတွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ရုံးခန်းသို့ သွားရောက်ပြီး ပရဟိကိစ္စများကို ဆွေးနွေး စကားပြောခဲ့ကြောင်း သိရပါတယ်။
နောက်ဆုံးရသတင်း အနေဖြင့် ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)မှ 16.7.2012 တနလာင်္နေ့တွင် စရိယာရာမ ဆန်းဒေးစကူးကျောင်းသို့ သွားရောက်ခဲ့ပြီး ဒေါ်လာ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

နေဇော်လင်း
(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား)
♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪
0 comments:
Post a Comment