Saturday, April 24, 2010

ပေါက်ကုန်ပြီ ပေါက်ကုန်ပြီ ဗျို့


၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့က ရန်ကုန်မြို့ရှိ ကန်တော်ကြီးကန်ပတ်လမ်းတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွား၊ မြန်မာတို့၏နှစ်သစ်မင်္ဂလာအား သွေးစွန်းစေသော လူမဆန်သည့် ရာဇ၀တ်မှုအဖြစ် ပြည်သူများရှုမြင်




၂၀၁၀ ပြည့်နှစ် မြန်မာနှစ်ကူး ကာလ ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန် အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ ရေကစားမဏ္ဍပ်တစ်ခုရှေ့၌ ဗုံး သုံးလုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ် ပွားခဲ့ရာ ရေကစားနေကြသူအချို့ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းဗုံးပေါက်ကွဲမှု ဖြစ်ရပ် သည်မြန်မာတို့၏နှစ်သစ်ကူးမင်္ဂလာအား သွေးစွန်းစေသောလူမဆန်သည့် ရာဇ၀တ်မှုအဖြစ် ပြည်သူအများက သုံးသပ်ရြှုမင်ကြပြီး ၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်ပွဲတော်သည် လူအများအပြား ထိခိုက်သေကျေပျက်စီးခဲ့ရသည့် နှစ်တစ်နှစ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်ဟု ရန်ကုန်မြို့ခံများက မှတ်ချက်ပြုခဲ့ကြသည်။

မဟာသင်္ကြန် အကြတ်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်း (ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ် လမ်းထောင့်) ကရ၀ိက်ဝင်ပေါက်အနီးရှိ X2O ရေကစားမဏ္ဍပ်ရှေ့ တွင် ညနေ ၃ နာရီ ၅ မိနစ်ခန့်မှ စတင်၍ဗုံးသုံးလုံးဆက်တိုက်ပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေကြရကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရှိရပါ သည်။

ပေါက်ကွဲမှုဖြစ်ပွားရာနှင့် အနီး ဆုံးတွင် တည်ရှိနေသည့် X2O ရေ ကစားမဏ္ဍပ်သည် ရေကစားသူ များပြားသည့်မဏ္ဍပ်ကြီးတစ်ခုလည်း ဖြစ်သည်ဟု သိရသည်။ ပေါက်ကွဲမှု ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူများမှာ X2O ရေကစား မဏ္ဍပ်တွင် ရေကစားကြသူများ၊ ရေပက်ခံထွက်လာသူများနှင့် လုံခြုံရေး တာဝန်ယူထားသူများပါဝင်ကြောင်းလည်း သိရသည်။

''အဲဒီနေ့က မနက်ပိုင်းရေကစား နားပြီးတော့ မွန်းလွဲ ၂ နာရီခွဲ လောက်မှာ ရေပြန်ပေးတယ်။ အဲ့ဒီဖြစ်စဉ်မတိုင်မီက အဲဒီနေရာဟာ မဏ္ဍပ်တွေကိုရပ်ကြည့်နေတဲ့သူတွေ ရေပက်ခံကားပေါ်က ကြိုဆင်းလာပြီး ကားပေါ်ပြန်တက်ဖို့လာစောင့်တဲ့ လူတွေရှိတတ်တဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီမဏ္ဍပ်ပေါ်ကနေ ဦးထုပ်တို့၊ တီရှပ်တို့၊ ဆေးလိပ်ဘူးတို့ အောက်ကို ဝေပေးတဲ့အခါမှာ အဲဒီ နေရာဝန်းကျင်တွေမှာ လူတွေ များတတ်တယ်။ အဲဒီနေ့ကတော့ အစောပိုင်းမှာစီးကရက်တွေဝေခဲ့တာကို တွေ့ရတယ်။ မွန်းလွဲ ၃ နာရီ ၀န်းကျင် လောက်မှာ 'အုန်းအုန်း'ဆိုပြီး ကျယ် လောင်တဲ့အသံနှစ်ခု ဆက်တိုက်ကြား လိုက်တယ်။ ဒါကို ကျွန်တော်တို့က ဂက်စ်အိုးများ ပေါက်သလားလို့ ထင်မိတယ်။ အဲဒီအချိန်မှာမဏ္ဍပ်ရှေ့ကိုကြည့်လိုက်တော့ လူငါးယောက်၊ ခြောက်ယောက်လောက် သွေးတွေနဲ့ ပုံလျက်သား လဲကျနေတာကို တွေ့လိုက်ရတယ်။ အဲဒီထဲက လူတစ်ယောက်ကထိုင်လျက်သားလှုပ်ပြီးတော့ခေါ်နေတဲ့ အချိန်မှာတင် ဗုံးတစ်လုံးထပ်ပေါက် သွားတာပဲ။ နောက်ဆုံးပေါက်ကွဲမှုနဲ့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိမ့်မယ်လို့ထင်တယ်။ အဲဒီအချိန်က ရေပက်ခံ ထွက်တဲ့ကားတွေလာတာ နည်းနေ တဲ့အချိန်လို့ထင်တယ်။ အားလုံးဝပ်ဝပ်ဆိုတော့ ကျွန်တော်တို့လည်း ကြောက်လန့်ပြီး ၀ပ်လိုက်တယ်။ ဒီမဏ္ဍပ်ကအဆင့် သုံးဆင့် ပါတဲ့ မဏ္ဍပ်ပါ။ နောက်တော့စင်ပေါ်က ပြေးဆင်းဖို့ ပြင်ကြပြီး ကျွန်တော် ထကြည့်တော့ စောစောက တစ် ယောက်ကိုလှုပ်ခေါ်နေတဲ့ လူလည်း လဲကျသွားပြီ။ ဖြစ်ဖြစ်ချင်းမှာ မဏ္ဍပ် အောက်ကလူတွေ သွေးသံရဲရဲနဲ့ပြေး တက်လာကြတာတွေ့တယ်။ ပထမနဲ့ ဒုတိယအလုံးတွေ ပေါက်တုန်းက လူတွေ မဏ္ဍပ်နားမှာများခဲ့ပေမယ့် နောက်ဆုံးအလုံးပေါက်တော့ လဲနေတဲ့လူတွေကလွဲလို့ မရှိတော့ဘူး'' ဟု X2O မဏ္ဍပ်တွင် နေ့စဉ်ရေကစားသူ လူငယ်တစ်ဦးကသူ့ကိုယ်တွေ့ဖြစ်ရပ် ကို ဖွင့်ဟခဲ့သည်။

''ကျွန်တော်က အခုဗုံးပေါက် ကွဲမှုနဲ့အနီးဆုံးဖြစ်တဲ့ X2O မဏ္ဍပ် မှာထိုင်တာပါ။ ဒီနေ့ ၃ နာရီလောက် မှာ ကျွန်တော်တို့ မဏ္ဍပ်ကဖွင့်နေတဲ့ ဂီတသံထက်ကျယ်တဲ့ ပေါက်ကွဲသံ တစ်ခုကို ပထမဆုံးကြားရတယ်။ တုန်တောင်သွားတယ်။ ကျွန်တော် တို့က မဏ္ဍပ်အောက်မှာ မီးစက်တွေ ရှိတော့ မီးစက်ထပေါက်တာလို့ထင် နေတုန်းပဲ နောက်ထပ်ပေါက်ကွဲသံ နှစ်ခု ဆက်တိုက်ကြားရတယ်။ ဗုံး ပေါက်တာလို့ လူတွေပြောပြီး ပြေး ကြလွှားကြတယ်။ ပေါက်ကွဲသံ ကြားလိုက်တဲ့အချိန်မှာမဏ္ဍပ်ရှေ့တန်း ပေါ်မှာထိုင်ပြီး ရေပက်နေတဲ့ ကောင် မလေးတစ်ယောက် မဏ္ဍပ်ဘက်ကို ပြန်ပြုတ်ကျတာတွေ့တယ်။ လူတွေ ကလည်း ကြောက်လန့်တကြားနဲ့ဆို တော့ နင်းမိတာပေါ့။ ကျွန်တော့် သူငယ်ချင်းကချက်ချင်းပြေးပြီး လူ တွေအောက်က ဆွဲထုတ်ကယ်လိုက် ရသေးတယ်။ ကျွန်တော် ပေါက်ကွဲ သံကြားလိုက်တဲ့အချိန် ၀ပ်ရမယ် ထင်ပြီး နေရာရှာနေတုန်း မဏ္ဍပ် အောက်ကိုကြည့်လိုက်တော့ ခြေ ထောက် ဒဏ်ရာရနေသူတစ်ဦးကို တွေ့လိုက်ရတယ်။ နောက်မဏ္ဍပ် အောက်မှာဆေးလိပ်ကွမ်းယာရောင်း တဲ့ လူတစ်ယောက်ဆိုရင် ဗိုက်ကို ဒဏ်ရာရသွားလို့ ဗိုက်ကိုနှိပ်နေတာ ကိုလည်းတွေ့ရတယ်။ ကျွန်တော် တို့လည်းကြုံရာနေရာကနေ ဆင်း ပြီးပြေးတာပေါ့။ ကျွန်တော့်သူငယ် ချင်း တစ်ယောက်ကတော့ ခါးမှာ ဒဏ်ရာရသွားလို့ အခုအရေးပေါ်ကို လိုက်လာတာပါ''ဟု X2O မဏ္ဍပ် တွင် နေ့စဉ်ရေကစားသူတစ်ဦးက လည်းသူ၏ကိုယ်တွေ့ဖြစ်ရပ်အပေါ် ရှင်းပြခဲ့ပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူများ၌ မဏ္ဍပ်အနီးဝန်း ကျင်တွင် ဈေးရောင်းချနေသူများ၊ လမ်းလျောက်ရေပက်ခံနေသူများနှင့် ရေကစားနေသူအချို့ပါဝင်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီးနောက် ပိုင်းတွင် ကန်တော်ကြီးကန်ပတ် လမ်း(ကန်ရိပ်သာလမ်း)အား ခေတ္တ ပိတ်ထားကြောင်း သိရှိရသည်။

''ကျွန်တော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက် တော့ 'အမေမပါရင် မလိုက်ဘူး၊ မလိုက်ဘူး'လို့အော်ငိုတဲ့ ဆယ်ကျော် သက်အရွယ်အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ မိဘတွေ၊ မိသားစုဝင် တော်တော်များများလည်း စိုးရိမ် တကြီးနဲ့ လာစောင့်နေကြတာကို တွေ့ရတယ်။ အရေးပေါ်ဌာန၀င် ပေါက်မှာဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေရဲ့နာမည်တွေကိုပြောပြီး မိသားစုဝင်နဲ့ သက်ဆိုင်သူတွေကို ပေးဝင်တာလည်းတွေ့ရတယ်''ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနရှေ့ရှိ မျက်မြင်ကိုယ်တွေ့တစ်ဦး က ပြောကြားခဲ့သည်။

''ကျွန်တော့်သားက ကန်တော် ကြီးပတ်လမ်းထဲမှာရှိတဲ့မဏ္ဍပ်တစ်ခု မှာ ရေသွားကစားတာ အခုထိ အဆက်အသွယ်ပြတ်နေတယ်။ သူ့ ဖုန်းကိုဆက်တာလည်းလုံးဝဆက်လို့ မရဘူး။ ဒါကြောင့် စိုးရိမ်လို့ အခု ဒီအရေးပေါ်ဌာနမှာ လာစောင့်ကြည့် နေရတာပါ''ဟု ဗုံးပေါက်ကွဲမှုဖြစ် ပွားသည့်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနရှေ့တွင်စောင့်နေသူဖခင်တစ်ဦး က ပြောပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကန်တော်ကြီးကန် ပတ်လမ်းရှိ ရေကစားမဏ္ဍပ်ကို လုံ ခြုံရေး လိုအပ်ချက်အရ ခေတ္တပိတ် ထားခဲ့ပြီး ရန်ကုန်မြို့တော်ရှိ မြို့ တော်ဝန်မဏ္ဍပ်အပါအ၀င် ခရိုင်၊ မြို့ နယ်မဏ္ဍပ်အချို့ကိုလည်း ယင်းနေ့က အချိန်စော၍ ပိတ်သိမ်းခဲ့သော်လည်း မဟာသင်္ကြန်အတက်နေ့တွင်မူ မွန်းလွဲ ပိုင်းမှစတင်၍ မဏ္ဍပ်အများစုရေပြန် လည်ကစားခဲ့ကြကြောင်းသိရသည်။

ယင်းကဲ့သို့ မြန်မာနှစ်သစ်ကူး ကာလ မဟာသင်္ကြန်အကြတ်နေ့ တွင် ပျော်ရွှင်စွာရေကစားနေကြသူ အများအပြား သေကျေပျက်စီးစေခဲ့ သည့် ဗုံးပေါက်ကွဲမှု ဖြစ်ရပ်သည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့က ရန်ကုန်မြို့တွင်း လူစည် ကားရာနေရာ သုံးနေရာတွင် မိနစ် အနည်းငယ်သာခြား၍ ချိန်ကိုက် ဗုံးများပေါက်ကွဲခဲ့ပြီးလူအများအပြားသေကျေထိခိုက်ဒဏ်ရာရစေခဲ့သည့် ဖြစ်စဉ်ကြီးကို ပြန်လည်အမှတ်ရ စေခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောကြားခဲ့ကြသည်။

၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် သေ ဆုံးသူအရေအတွက်မှာ ယခု ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ထက် များပြားသော်လည်း ထိခိုက်ဒဏ်ရာရသူအရေအတွက်မှာ ယခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်က ပိုမိုများပြားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တွင် ၂၀၀၅ ခုနှစ် မေလ ၇ ရက်(စနေနေ့)တွင် ဖြစ်ပွား ခဲ့သည့်ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာလည်း အများပြည်သူအားလပ်ရက်၌ လူ စည်ကားရာနေရာများဖြစ်သည့် မင်္ဂ လာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန၌ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ မရမ်း ကုန်းမြို့နယ်ရှိ Junction 8 စင်တာ တွင် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် လည်းကောင်း၊ စမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာတွင် ညနေ ၃ နာရီတွင် လည်းကောင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၉ ဦး သေဆုံး ခဲ့ရကာ ၁၆၂ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများကထုတ်ပြန်ခဲ့သည်။

''၂၀၀၅ မေလ ဖြစ်စဉ်နဲ့ အခု ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆို ရင် အများပြည်သူ အလုပ်ပိတ်ရက် တွေမှာ လူစည်ကားတွေ နေရာတွေ ကို ရွေးချယ်ပြီး ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သွားတာကိုတွေ့ရပါလိမ့် မယ်။ ဒါဟာ လုံခြုံရေးသတိအမြဲ မပြတ်ရှိနေဖို့ သတိပေးနေတာပါပဲ။ အကြမ်းဖက်သမားတွေဟာလူမဆန် တဲ့လုပ်ရပ်တွေကို ဆောင်ရွက်နေမြဲ ဖြစ်တဲ့အတွက် နှစ်သစ်ကူးပွဲတော် မို့လို့ လူအများသေကျေပျက်စီးမှာ စိုးလို့ဆိုပြီး ရှောင်နေတတ်တဲ့ သဘောမရှိပါဘူး။ လူမျိုးစုံ၊ အရွယ်စုံ ပျော်ရွှင်နေကြတဲ့ပွဲတော်မျိုး အချိန် မျိုးကို အလစ်အငိုက် ဆောင်ရွက် သွားတာမျိုးပဲ ဖြစ်ပါတယ်။ နေရာ တိုင်း၊ အချိန်တိုင်းမှာ ထူးခြားဖြစ်စဉ် တွေ တွေ့လာရင် လုံခြုံရေးအမြင်နဲ့ ပြည်သူတွေကိုယ်တိုင် မြင်နိုင်သိနိုင် လာအောင် ပြည်သူကလုံခြုံမှုနဲ့ပတ် သက်လာရင် ရဲကိုပံ့ပိုးလာနိုင်အောင် ပြည်သူကိုယ်တိုင်ပါဝင်တဲ့ရဲလုပ်ငန်း စနစ် Public Policing ကို အောင် မြင်အောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါပြီ'' ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ဆိုပါသည်။

ယခုနှစ်တွင် အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျောက် ရေကစားခွင့် တားမြစ်ခဲ့ပြီး ကန် တော်ကြီးကန်ပတ်လမ်းတစ်လျောက် ရေကစားမဏ္ဍပ်များ စီစဉ်ပေးခြင်း ကို ပထမဆုံးစတင်ခဲ့ခြင်းဖြစ်ပြီး အစည်ကားဆုံးလည်းဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ခံ ရေကစားကြသူလူငယ် များက ဆိုပါသည်။

ယခုနှစ် ရန်ကုန်မြို့တော်မဟာ သင်္ကြန်ပွဲတော်တွင် ရန်ကုန်တစ်မြို့ လုံး၌ မဏ္ဍပ်ကြီး ၄၆ ခု ခွင့်ပြုခဲ့ရာ ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခုရှိခဲ့ပြီး မဏ္ဍပ်ကြီး များ၏ အရွယ်အစားမှာ အကျယ် ပေ ၆၀ နှင့် ပေ ၁၀၀ ကြားဖြစ်သည် ဟု သိရသည်။

၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို နိုင်ငံပိုင်သတင်းစာနှင့် Weekly Eleven News ဂျာနယ်တို့တွင် ဖော်ပြခဲ့စဉ်

၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို နိုင်ငံပိုင်သတင်းစာနှင့် Weekly Eleven News ဂျာနယ်တို့တွင် ဖော်ပြခဲ့စဉ်

0 comments: