Wednesday, February 9, 2011

ခရီးသည်တင်ယာဉ်များ၏ မတော်တဆမှုနှင့် ပေါ့ဆမှုများကြောင့် ဇန်န၀ါရီလအတွင်း ခြောက်ဦးသေဆုံးကာ ၇၂ ဦးထိခိုက်ဒဏ်ရာရရှိ

6199
ဇန်န၀ါရီလ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်
လမ်းဆုံ၌ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကို တွေ့ရစဉ်

ယခုနှစ် နှစ်စဖြစ်သော ဇန်န၀ါရီလတစ်လတာအတွင်း ခရီးသည်တင် ယာဉ်များကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ၂၃ မှုဖြစ်ပွားခဲ့ပြီးခြောက်ဦး သေဆုံးခဲ့ကာ ၇၅ ဦးထိ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီမှ သိရသည်။

6199a

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီစီမံမှုအောက်ရှိ ခရီးသည်တင်ယာဉ် လိုင်း ၁၈ လိုင်းတွင် ပြီးခဲ့သည့် ဇန် န၀ါရီလ တစ်လတာအတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ရာတွင် အနောက်ပိုင်းခရိုင်ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှု ရှစ်မှု၊ သေဆုံး သူ နှစ်ဦးနှင့် ဒဏ်ရာရရှိသူ ၃၀ ဦး ဖြင့် အများဆုံးပေါ်ခဲ့သည်ဟု သိရ သည်။

မ.ထ.သ (မြို့တွင်း) ယာဉ် လိုင်းမှ ယာဉ်မတော်တဆမှု ၅ မှု၊ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆ ဦးရှိခဲ့ကြောင်း သိရပြီး မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှုလေးမှု၊ သေဆုံးသူမရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦး ရှိခဲ့ကြောင်း သိရသည်။ သန်မြန်သူ ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှု နှစ်မှု၊ သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာ ရရှိသူ သုံးဦးရှိခဲ့ပြီး တောင်ပိုင်းခရိုင် ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှု နှစ်မှု၊ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။ အရှေ့ပိုင်းခရိုင်ယာဉ် လိုင်းတွင် မတော်တဆမှုတစ်မှုနှင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး မ.ထ.သ (အဝေးပြေး) ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှုတစ်မှုနှင့် ထိခိုက်ဒဏ် ရာရရှိသူနှစ်ဦးရှိခဲ့သည်ဟုသိရသည်။


ယာဉ်တိုက်မှုတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာထက် ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာကားစီးစီး လုံခြုံစိတ်ချစွာ သွားလာနိုင်တဲ့ ကားတွေ၊ လမ်းတွေ၊ လူသွားစင်္ကြံတွေဖြစ်ဖို့ အရင်လိုအပ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ မမောင်းဘဲ မဆင်မခြင်ပြိုင်မောင်းတာကို ထိထိရောက်ရောက် အရေးယူရမှာပါ . . .


"ခရီးသည်တင်ယာဉ်တွေရဲ့ မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ အမြဲလိုလို ဖြစ်ပေါ်နေပါတယ်။ ယာဉ်တိုက်မှုတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာထက် ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာ ကားစီးစီး လုံခြုံစိတ်ချစွာ သွားလာ နိုင်တဲ့ ကားတွေ၊ လမ်းတွေ၊ လူသွား စင်္ကြံတွေဖြစ်ဖို့ အရင်လိုအပ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ မမောင်းဘဲ မဆင်မခြင်ပြိုင်မောင်းတာကို ထိထိရောက်ရောက် အရေးယူရမှာပါ။ တစ်ဖက် က တိကျစွာအရေးယူရမှာ ဖြစ်သလို၊ စည်းကမ်းတကျ မောင်းနှင်တတ်တဲ့ ယာဉ်လုပ်သားတွေကိုလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ပေါ့။ အပေးအယူ မျှသင့်ပါတယ်။

ယာဉ်လုပ်သားတွေ မှာ နေ့စဉ်နဲ့အမျှ မိုးလင်းက မိုးချုပ် အလုပ်ချိန်များတာ၊ လူအများနဲ့ထိတွေ့ ဆက်ဆံရတာတွေ ရှိနေတဲ့အပြင် စာအုပ်စာပေ ဖတ်ရှုလေ့လာနိုင်မှု အားနည်းတော့ ဘယ်လောက်ပဲ အသိပညာပေးပြီး ရေးသားပေမယ့် မဖတ်နိုင်ရင် အလကားပါပဲ။ ဒါကြောင့် တိုက်ရိုက်ရောက်နိုင်တဲ့ အသိပညာပေး ဖြန့်ဝေမှုတွေထိရောက်ဖို့ လိုပါတယ်" ဟု အငြိမ်းစား အစိုးရအရာရှိကြီးတစ်ဦးကပြောပြခဲ့သည်။

http://www.news-eleven.com/

0 comments: