Monday, February 28, 2011

ပြည်တွင်း ဒီဇယ်ဆီ ဆိုင်ဈေး တစ်ဂါလန် ကျပ် ၃၃၀၀ မှ ကျပ် ၄၀၀၀ သို့ မြင့်တက်


w62222
ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဆီဈေးမှာ တစ်ဂါလန်လျှင် ကျပ် ၃၃၀၀ မှ ကျပ် ၄၀၀၀ သို့ နှစ်ပတ်အတွင်း ထိုးတက်လာကြောင်း သတင်း ရရှိပါသည်။

ကမ္ဘာ့ရေနံစိမ်းဈေးမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၆ ဒေါ်လာ ၀န်းကျင်ရှိရာမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၂၃ သို့ မြင့်တက်လာပြီးနောက် ပြည် တွင်းဈေးပါ မြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၃၃၀၀ ၀န်းကျင်သာရှိပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တစ်ဂါလန် ကျပ် ၃၅၀၀ ၀န်းကျင်သို့ လည်းကောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တစ်ဂါလန်ကျပ် ၄၀၀၀ သို့ လည်းကောင်း ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်ထင်တယ် လစ်ဗျားနိုင်ငံနဲ့ လတ်တလော ရေနံနဲ့ရပ်တည်တဲ့ နိုင်ငံအချို့ရဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်''ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း ရှင်းပြခဲ့သည်။

ရန်ကုန်နှင့် နယ်မြို့များတွင် ဓာတ်ဆီဈေး မြင့်တက်မှုအပေါ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ''ရန်ကုန်မှာ ဓာတ်ဆီ အပြင်ပေါက်ဈေးက တစ်ဂါလန် ကျပ် ၃၈၀၀ ရှိတယ်။ နယ်မြို့တွေမှာ တစ်ဂါလန်ကို ကျပ် ၄၇၀၀ အထိ ၀ယ်သုံးရတယ်။ အပြင်မှာ ဓာတ် ဆီပြန်ကောက်တဲ့ သူတွေက တစ်ဂါလန် ကို လာရောင်းရင် ကျပ် ၃၆၀၀ အထိ ပေးတဲ့အတွက် ဆိုင်တွေမှာ ဓာတ်ဆီတန်းစီတဲ့သူတွေ ညအိပ်တောင်စောင့်လာတဲ့အထိ ဖြစ်နေတယ်လေ''ဟု ရှင်းပြခဲ့သည်။

ပြည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များမှ ဒီဇယ်ဈေး (တစ်ဂါလန်၊ ကျပ်)
အပတ်စဉ် ပျမ်းမျှ ဈေးနှုန်းများ နေ့ရက် ပြည်တွင်းဒီဇယ်ဈေး
၂၅-၁၂-၂၀၁၀ ၃၁၀၀-၃၃၀၀
၁-၁-၂၀၁၁ ၃၂၀၀-၃၃၀၀
၈-၁-၂၀၁၁ ၃၂၀၀-၃၃၀၀
၁၅-၁-၂၀၁၁ ၃၂၀၀-၃၃၀၀
၂၂-၁-၂၀၁၁ ၃၃၀၀
၂၉-၁-၂၀၁၁ ၃၃၀၀
၅-၂-၂၀၁၁ ၃၃၀၀
၁၂-၂-၂၀၁၁ ၃၃၀၀-၃၄၀၀
၁၉-၂-၂၀၁၁ ၃၅၀၀-၃၆၀၀
၂၇-၂-၂၀၁၁ ၄၀၀၀

http://www.news-eleven.com/

0 comments: