Friday, November 19, 2010

ရယ်ရယ်မောမောပေါ့

နာမည်ကြီးစာရေးဆရာ

မိန်းမ - ရှင် ၀တ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား
ယောက်ျား - စိတ်မပါသေးဘူးကွာ.
မိန်းမ - သြော်…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ
ယောက်ျား -အွန့်


ကြီးလာရင်

အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို ခြောက်နှစ်သား
သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။
အမေ - သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်
သား - ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား ဟင် …..


တံခါးမှားခေါက်ခြင်း

ညအချိန်မတော် မိမိ၏ အိမ်ခန်းတံခါးကို ပြင်းထန်စွာ ခေါက်သံကြားသဖြင့်
ကိုမြသည် စိတ်ဆိုးမာန်ဆိုးဖြင့် ၊
“ဟေ့ ၊ ဘာလို့တံခါးခေါက်တာလဲ ၊ ဘာလိုချင်လို့လဲ” ဟု အသံမာမာဖြင့် မေးလိုက်သည် ။
“ခင်ဗျားရဲ့  အထပ်မှာ မီးလောင်နေလို့ဗျို့ ” ဟု အပြင်မှ ပြန်အော်ပြောသည်
“အဲဒါ ဘာဖြစ်လဲ ကျုပ်က ထမင်းချက်ပဲ ၊ မီးသတ်သမားမှ မဟုတ်တာ”..



မှားလို့ပါ
မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ



ခေါင်းရှုပ်မခံနိုင်ဘူး
ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . ကလေးတစ်ယောက်မွေးဖို့ က
၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။
“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”
“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”
“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”
“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”
“ အေး . . . အဲဒါပဲ . . . ငါ့ကို နောက်လာပြီး အနှောက်အယှက်မပေးနဲ့ ”



အမြစ်ရှာသလားလို့ပါ ...
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ
လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို
စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို
ရှာနေတာမှတ်လို့...



ကျွန်တော်လဲ ချစ်တဲ့သူကို ယူမှာပဲ
တနေ့ မှာ သားအဖ (၂)ယောက်စကားလက်ဆုံကြနေကြပါတယ်။ သားက အခုမှ စကားတတ်စ
(၇)နှစ် ပတ်ဝန်းကျင် လောက်ပဲရှိပါအုံးမယ်။ အဲဒီမှာ သားက အဖေ့ ကိုဘာမေးလဲဆိုတော့ 
သား ... အမေ့ ကိုဘာဖြစ်လို့ လက်ထပ်ခဲ့တာလဲ တဲ့  ?
အဖေ... သားမေမေ ကို အဖေ့ အရမ်းချစ်လို့ ပေါ့ ကွ ..
သား... မေမေ ကရော ဖေဖေ့  ကိုချစ်လား ??
အရမ်းချစ် လို့ ဖေ့ ဖေ့ ကို လက်ထပ်ခဲ့ တာပေါ့ ကွ
အဲဒီမှာ သားက တစခန်းထ လာတယ် ...
သား... အဲဒါဆို သားလဲ သားကိုအရမ်းချစ် တဲ့ သူကို ပဲ ယူမှာပေါ့ ဗျာ
အဖေ... ဟေ မင်း မှာအရမ်းချစ်တဲ့ သူ ရှိလားကွ
သား.... သားကိုအရမ်းချစ်တဲ့ သူ ရှိတယ် ...အဘွားပေါ့  ..သားကြီးလာရင်
အဘွားကိုပဲ လက်ထပ်မှာဗျ
အဖေ... ဟာ ဖြစ်မှလားကွ အဲဒါမင်း အဘွား ငါ့ ကိုမွေးခဲ့ အမေလေ ..
သား... ဟာ ..ဖေဖေ မရဘူးဗျာ ...အဘွား ကိုပဲ လက်ထပ်မယ် ...အဖေ့ ကျတော့
သားအမေ ကို လက်ထပ်ပြီး ..သားကျတော့ ဘာလို့  ဖေဖေ့ အမေ့ ကို လက်ထပ်လို
့မရမှာလဲ ...?
အဖေ... ဟေ .......


ခြေထောက်များသူ
တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့်
စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန်
ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ
၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို
ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး
စိတ်ဆိုးစွာပြောသည် ။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”
မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ
ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။
“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”
“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”
“ ဘာဆိုင်းဘုတ်လဲ ”
“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”



ဘယ်သူထင်လဲ

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”

အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။

အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့ မေးပါတယ်။

အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့ ပြန်ဖြေလိုက်ပါတယ်။



ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင် ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”



ဘယ်သူရှိသေးလို့လဲ

ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
“ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။”
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
“သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။”

2 comments:

ပေါ့ဆိမ့် said...

ရီပြီး ၁ ၂ ၃... အဲ ရယ်ပြီး ပြန်သွားတယ် ...

မြစ်ကျိုးအင်း said...

ဒီလိုဟာသတွေ သဘောကျတယ်