Monday, November 29, 2010

အိန္ဒိယတွင် မွမ်ဘိုင်းအကြမ်းဖက်မှု နှစ်နှစ်ပြည့်အခမ်းအနား ကျင်းပ



အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတွင် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားသည့် နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများကို ဆုတောင်းပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်သွေးကြွ ၁၀ ဦးသည် ရေကြောင်းလမ်းမှတစ်ဆင့် အိန္ဒိယ နိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး မွမ်ဘိုင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အာဏာပိုင်များသည် ၃ ရက် အကြာမှ အဆိုပါ အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူ ၁၆၆ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ စစ်သွေးကြွများနှင့် အထူးတပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုကြောင့် အရပ်သားများ သွေးချောင်းစီးသည့် နေရာမှ လွတ်မြောက်ရန် ပြေးလွှားနေသည့် ပုံရိပ်များကို ကမ္ဘာတစ်လွှားသို့ တိုက်ရိုက် ပြသခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွ ၁၀ ဦးအနက် ၉ ဦး သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးကိုသာ ဖမ်းဆီးခဲ့မိကြောင်း သိရှိရသည်။ အဆိုပါ အသက်ရှင် ကျန်ရစ်သည့် စစ်သွေးကြွတစ်ဦးကို မွမ်ဘိုင်း တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။

ယခုလ အစောပိုင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားသည် မွမ်ဘိုင်းအကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုများနှင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ဆုံစကား ပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားအတွက် လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း Press Trust သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်း အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီး P.Chidambaram နှင့် အဆင့်မြင့် အရာရှိများ တက်ရောက်မည် ဖြစ် ကြောင်း သိရှိသည်။

3 comments:

Anonymous said...

အင်းးးသတင်း သတင်း ....
နားထောင်သွားသဗျို့ ။ :)
..ခင်မင်လျှက်...ခင်မာလာအောင်..:)

...အလင်းစက်များ said...

ဖတ်ပြီးပြီ... Ma Ma KOM လေသံ.... :P

မြစ်ကျိုးအင်း said...

စစ်သွေးကြွတွေ အစွန်းရောက်တွေ လက်ထဲကို
လက်နက်ကောင်းတွေ ထပ်ရောက်ရင်
ဒီလိုကြေကွဲဖွယ်တွေ ထပ်ဖြစ်နိင်တယ်။