ဒီနိုင်ငံမှာတော့ ဘုရားပွဲတွေ လုပ်တာ သိပ်မရှိသေးတာ့ လွမ်းတယ် ရြွှေပည်ရယ် ။အနော်တို့ အမိမွေးရပ်မြေ ချစ်သောပြေ (ပြည်)မှာတုန်းက ဘုရားပွဲဈေးတန်းမှာ ဘဲဥစားရဖို့ မဲနှိုက်တုန်းကဆို ဘဲဥသည် ဒေါ်ဂွစာ မဲလိမ်လို့ လာသမျှလူ ပါသမျှလှူသလိုဖြစ်တတ်တယ်ဗျို့။ ကံကောင်းလို့ ဘဲဥကလေးများ ရရင် ဘဲဥက အသည်းနုနုကို လေအတက်မှာ အနေခက်အောင် အပုပ်နံ့နံ အထက်ဆန်သဗျို့။ အပုပ်နံ့နံဆို သူ့ဘဲဥ ပုပ်တွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက မကျက်ကျက်အောင် အတင်းပြုတ်ထားသလိုကြီးကိုး။ ဒါတောင် မပြုတ်နိုင်တဲ့ သူက မပြုတ်တတ်ကျပြန်ဘူး။ ဘဲဥပြုတ်တယ်ဆိုတာလည်း နည်းလမ်းလိုသမျှ.... ငါးပိဖုတ်တာတောင် ဆရာမပြ နည်းမကျကြီး မဟုတ်လား.. မယုံရင် ရေနွေးပွက်ပွက် ဆူနေတဲ့ ထဲ ရေးနွေးပူလောင်မှာစိုးလို့ ဆိုပြီး ဝေးဝေးကနေ ပစ်ထည့် ကြည့်ပါလား ။ ဟယ် ဘာတွေပြောနေမိတာတုန်း ဘာမှ လဲ မဆိုင် မခိုင်နဲ့ ဓါတ်တိုင်...





နံနံပင်လေးတွေ ရေဆေးထားတုန်းက...



ပြီးသွားတော့ ဒီလိုတွေ အအေးခံထားကြ..





ဆရာတော်သုံးပါးစာ အတွက် ကြိုတင်ပြင်ဆင်...















ကုသိုလ်ဒါန မှတ်တမ်းတင်ကြ...

အနော်တို့ရဲ့ Buddha FM အဖွဲ့သားများ...



























10 comments:
မြန်မာတွေအများကြီးပဲနော်...
ညဈေးတန်းလေးကိုလည်း ကြည့်သွားတယ်..
မိုးယံပုံကိုလည်း ကြည့်သွားတယ်..(ဓာတ်ပုံအောက်က ရေးထားတဲ့ စာကိုကြည့်ပြီး ပြုံးမိသေး)..း)
အရမ်းကို အားကျမိတဲ့ မြင်ကွင်းပါ မိုးယံ။
သေချာတယ်...မြန်မာတွေ စုပြီး မလေးတစ်ဝက်ကို
အပိုင်ဝယ်လို့ ရပြီ။ :)
ဗိုက်ပူ အောက်ရှူး မိုးယံ ဘာဆိုတာလေးကြည့်ပြီး
ရယ်သွားတယ်ဝေ့။ :)
Buddha FM အဖွဲ့ သားတွေကို လေးစားမိပါကြောင်း..
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)
သာဓုပါဗျာ...... ငယ်ငယ်တုန်းကတော့ ဒါမျိုးဆို ရှေ့ဆုံးက ကုသိုလ်ယူတတ်ပေမယ့်.... အသက်ကြီးလာတော့ လုံးဝကို မလုပ်တော့တာ ကြာလှရှိပေါ့..... ဂုဏ်ယူပါတယ် ဗျို့....
မုန့် ဟင်းခါးတော့ စားချင်တယ်... ဒီက မုန့် ဟင်းခါး က အုန်းနို့ နဲ့ ချက်လို့  မစားဖြစ်ဘူး....
ဟိုထိုးနေကြတဲ့ မုန့် တော့ ချားချင်ဘူး..... ချွေးတွေ အိုးထဲ ကျနေမှာသေချာတယ်......... :P
သာဓု...သာဓု...သာဓု...
မုန့်ဟင်းခါး မကြိုက်လို့ ကြည့်ယုံပဲကြည့်သွားတယ်..
ကထိန် လုပ်ကြတာလား...
ဗမာညှပ်ဖိနပ်နဲ့တွေ့လို့ အံ့အားတောင်သင့်တယ်..
နောက်မှစဉ်းစားမိတယ် မလေးမှာ အကုန်ဝယ်လို့ရတာပဲ..
http://freedomjusticedemocracy4burma.blogspot.com/2010/11/blog-post_1751.html
ကိုမိုးယံရေ........... ကူညီပေးပါဦးဗျာ...... သတင်းလေးဖြန့်ပေးစေချင်ပါတယ်...
သာဓု သာဓု သာဓု .. အလှူရေစက် လက်နဲ့မကွာ ဖြစ်ပါစေ..
ကိုမိုးယံ style မိတယ် ဟီး အားကျမိတယ်
သာဓု သာဓု ပါအစ်ကိုရေ လိုရာပြည့်ပါစေသားးးး ကုသိုလ်တွေ များများယူနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်
Post a Comment