Monday, November 8, 2010

ရွေးကောက်ပွဲညက မိုးယံ

ဒီနိုင်ငံမှာတော့ ဘုရားပွဲတွေ လုပ်တာ သိပ်မရှိသေးတာ့ လွမ်းတယ် ရြွှေပည်ရယ် ။အနော်တို့ အမိမွေးရပ်မြေ ချစ်သောပြေ (ပြည်)မှာတုန်းက ဘုရားပွဲဈေးတန်းမှာ ဘဲဥစားရဖို့ မဲနှိုက်တုန်းကဆို ဘဲဥသည် ဒေါ်ဂွစာ မဲလိမ်လို့ လာသမျှလူ ပါသမျှလှူသလိုဖြစ်တတ်တယ်ဗျို့။ ကံကောင်းလို့ ဘဲဥကလေးများ ရရင် ဘဲဥက အသည်းနုနုကို လေအတက်မှာ အနေခက်အောင် အပုပ်နံ့နံ အထက်ဆန်သဗျို့။ အပုပ်နံ့နံဆို သူ့ဘဲဥ ပုပ်တွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက မကျက်ကျက်အောင် အတင်းပြုတ်ထားသလိုကြီးကိုး။ ဒါတောင် မပြုတ်နိုင်တဲ့ သူက မပြုတ်တတ်ကျပြန်ဘူး။ ဘဲဥပြုတ်တယ်ဆိုတာလည်း နည်းလမ်းလိုသမျှ.... ငါးပိဖုတ်တာတောင် ဆရာမပြ နည်းမကျကြီး မဟုတ်လား.. မယုံရင် ရေနွေးပွက်ပွက် ဆူနေတဲ့ ထဲ ရေးနွေးပူလောင်မှာစိုးလို့ ဆိုပြီး ဝေးဝေးကနေ ပစ်ထည့် ကြည့်ပါလား ။ ဟယ် ဘာတွေပြောနေမိတာတုန်း ဘာမှ လဲ မဆိုင် မခိုင်နဲ့ ဓါတ်တိုင်...

ဒီပိုစတာလေး ကို ကြိုးစားပမ်းစား တစ်ညလုံး မအိပ်မနေ လုပ်ထားကြရတာပါ။ (ကျွန်တော်မဟုတ်)

ဒါကတော့ မုန့်ဟင်းခါးတည်နေတုန်းလေး တစ်ချက်ဖမ်းရိုက်လိုက်တာပါ။

မုန့်ဟင်းခါးနဲ့ စားဖို့ ဘဲဥတွေ ကို မစိပ်ခင်တုန်းက ....

ကြက်သွန်တွေလည်းပျော်ပျော်ပါးပါး ၀ိုင်းဝန်နွှာကြသလေ...


နံနံပင်လေးတွေ ရေဆေးထားတုန်းက...



တစ်ယောက်တစ်လှည့် လက်မောင်းညောင်း နဖူးကချွေးကျအောင် ထိုးရတဲ့မုန့်


ပြီးသွားတော့ ဒီလိုတွေ အအေးခံထားကြ..

ပဲသီးလေးတွေ နဲ့ စားတတ်တဲ့သူတွေ အတွက်ပေါ့....

ဒါက ပြုတ်ထားပြီးကာစ မုန့်ဟင်းခါးဖတ်လေးတွေ

ဘဲဥတွေ တစ်စစီပြိုကွဲ (အေသင်ချိုဆွေက တောင် ဦးအောင်ပြောထားသေး ဘာတဲ့ “ပြိုလဲကြေကွဲ ငါလွမ်းနေပါတယ်”


အံမယ် နာရီကြည့်မိတော့မှ အနော်တို့ ညဥ့်နက်နက်ထိ ကုသိုလ်ရေး ကြိုးစားကြတာပဲလေ...


ဆရာတော်သုံးပါးစာ အတွက် ကြိုတင်ပြင်ဆင်...



မုန့်ဟင်းခါးတွေ ကျက်တော့မယ်...

မြန်မာတွေ ကြီးစိုးတဲ့ မလေးရှားရပ်ကွက်တစ်ခု ... မယုံမရှိနဲ့ အားလုံးမြန်မာတွေချည်းပဲတဲ့....

နေ့လည် နှစ်နာရီလောက်ဆိုင်ခင်းတယ် မနက် လေးနာရီဆိုင်သိမ်းတဲ့ နေ့နဲ့ညလွဲ ထိုနေရာထဲ...

ဝေလီဝေလင်းချိန်ဆိုတော့ လူရှင်းစပြုသပေါ့လေ...


ချောဆွဲလာတဲ့ သယ်ရင်းကို ပဲပေးခိုင်းပြီး လက်စွမ်းပြ...

ဗိုက်ပူအောက်ရှူး မိုးယံအရူး...

သယ်ရင်း နေလင်းအောင်
အာဟာရပြတ်သလို ခွေယိုင်နွမ်း မိုးယံတစ်စောက်ကန်း... ခွိခွိ
ကြက်သွန်ဥတွေ လဲ ထည့်ပြီးပြီ ဘုန်းဘုန်းတွေကို ကပ်ပြီးလို့ကတော့ ဆွဲပြီပဲ...


အခုလို သပ်သပ်ရပ်ရပ်လေး ပြင်လိုက်တော့လဲ ဗိုက်တောင်ဆာလာ သကိုး...





ဘုန်းဘုန်းနှစ်ပါး အရင်ကြွလာလို့ နေရာထိုင်ခင်းပေး ... အာရုံဆွမ်းကပ်


ပြင်ကြဆင်ကြ ကုသိုလ်ပြုကြပြီ

ဘုန်းဘုန်းသုံးပါးစုံတော့...


ကုသိုလ်ဒါန မှတ်တမ်းတင်ကြ...


အနော်တို့ရဲ့ Buddha FM အဖွဲ့သားများ...


ပရိတ်သတ်တွေလဲ တစ်ဖွဲဖွဲ.....ရောက်လာကြပြီ..။


ဆပ်ကပ်လှူဒါန်းကြပြီ...


ပရိတ်သတ်လဲ ၀င်လာစဲ...





လှူကြတန်းကြ ဆက်ကပ်ကြ...

မနက်မှ အိပ်ယာဝင်ရသူတွေကတော့ မလာနိုင်ရှာဘူးလေ...


တရားဓမ္မမွေ့လျော်ကြ အဲဒါ မြန်မာပါ ခင်ဗျ...



တရားဓမ္မ ဟောဖေါ်ပြ ဗုဒ္ဓသားတော်များ ပါ ခင်ဗျ..







တရားနာအပြီးလှူဖွယ် ၀တ္ထုအစုစုကို ဆပ်ကမ်လှူဒါန်း







10 comments:

အဖြူရောင်နတ်သမီး said...

မြန်မာတွေအများကြီးပဲနော်...
ညဈေးတန်းလေးကိုလည်း ကြည့်သွားတယ်..
မိုးယံပုံကိုလည်း ကြည့်သွားတယ်..(ဓာတ်ပုံအောက်က ရေးထားတဲ့ စာကိုကြည့်ပြီး ပြုံးမိသေး)..း)

Anonymous said...

အရမ်းကို အားကျမိတဲ့ မြင်ကွင်းပါ မိုးယံ။
သေချာတယ်...မြန်မာတွေ စုပြီး မလေးတစ်ဝက်ကို
အပိုင်ဝယ်လို့ ရပြီ။ :)
ဗိုက်ပူ အောက်ရှူး မိုးယံ ဘာဆိုတာလေးကြည့်ပြီး
ရယ်သွားတယ်ဝေ့။ :)
Buddha FM အဖွဲ့ သားတွေကို လေးစားမိပါကြောင်း..
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

...အလင်းစက်များ said...

သာဓုပါဗျာ...... ငယ်ငယ်တုန်းကတော့ ဒါမျိုးဆို ရှေ့ဆုံးက ကုသိုလ်ယူတတ်ပေမယ့်.... အသက်ကြီးလာတော့ လုံးဝကို မလုပ်တော့တာ ကြာလှရှိပေါ့..... ဂုဏ်ယူပါတယ် ဗျို့....

မုန့် ဟင်းခါးတော့ စားချင်တယ်... ဒီက မုန့် ဟင်းခါး က အုန်းနို့ နဲ့ ချက်လို့  မစားဖြစ်ဘူး....

ဟိုထိုးနေကြတဲ့ မုန့် တော့ ချားချင်ဘူး..... ချွေးတွေ အိုးထဲ ကျနေမှာသေချာတယ်......... :P

ကိုဇော် said...

သာဓု...သာဓု...သာဓု...

ရွှေရတုမှတ်တမ်း said...

မုန့်ဟင်းခါး မကြိုက်လို့ ကြည့်ယုံပဲကြည့်သွားတယ်..
ကထိန် လုပ်ကြတာလား...
ဗမာညှပ်ဖိနပ်နဲ့တွေ့လို့ အံ့အားတောင်သင့်တယ်..
နောက်မှစဉ်းစားမိတယ် မလေးမှာ အကုန်ဝယ်လို့ရတာပဲ..

...အလင်းစက်များ said...

http://freedomjusticedemocracy4burma.blogspot.com/2010/11/blog-post_1751.html

...အလင်းစက်များ said...

ကိုမိုးယံရေ........... ကူညီပေးပါဦးဗျာ...... သတင်းလေးဖြန့်ပေးစေချင်ပါတယ်...

သုခုမလေဒီ said...

သာဓု သာဓု သာဓု .. အလှူရေစက် လက်နဲ့မကွာ ဖြစ်ပါစေ..

ဖိုးသား said...

ကိုမိုးယံ style မိတယ် ဟီး အားကျမိတယ်

Unknown said...

သာဓု သာဓု ပါအစ်ကိုရေ လိုရာပြည့်ပါစေသားးးး ကုသိုလ်တွေ များများယူနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်