Sunday, April 24, 2011

မြန်မာနိုင်ငံ တစ်ဝန်းလုံး နေ့အပူချိန်များ မြင့်တက်လာဖွယ်ရှိ

လာမည့် ဧပြီလ ၂၆ ရက်နေ့ အထိ မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ပေါ်မည့် အလားအလာမရှိ သေးကြောင်းနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေ့အပူချိန်များ မြင့်တက်လာဖွယ်ရှိကြောင်း Myanmar Climate Change Watch ၀က်ဘ်ဆိုက် တွင် ဒေါက်တာထွန်းလွင်က ပြောကြားထားပါသည်။

မဟာသင်္ကြန် အကြိုကာလကတည်းက နေ့အပူချိန်များ မြင့်တက်နေခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသများတွင် အပူရှိန်ကို သိသာစွာခံစားနေရပြီဟု သိရှိ ရပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလနှင့်မေလတို့မှာ နှစ်တစ်နှစ်၏ အပူဆုံးလများ ဖြစ်ကြပြီး ယမန်နှစ် က ထူးထူးခြားခြား မိုးခေါင်ခဲ့မှုကြောင့် စံချိန်သစ် ၂၁ ခု တင်သည် အထိ အပူချိန်ပြင်းထန်ခဲ့သည်။ ယခု နှစ်အတွက် ထူးခြားသည့် နေ့အပူချိန် များကို ထုတ်ပြန်ခဲ့ရာတွင် ဧပြီလ ၁၈ ရက်နေ့က ချောက်မြို့တွင် ၄၃ ဒီဂရီ စင်တီဂရိတ်၊ မြင်းခြံနှင့် အောင်လံမြို့ တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ ကလေး၊ မုံရွာနှင့် မန္တလေးမြို့များတွင် ၄၁ ဒီဂရီ စင်တီဂရိတ် အသီးသီးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်များအရ သိရှိရသည်။

ဧပြီလ ၁၈ရက်နေ့က တိုင်းထွာချက်များအရ စစ်ကိုင်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒဂရီစင်တီဂရိတ် မှ ၄ ဒီဂရီစင်တီဂရိတ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ဧပြီလ၏ပျမ်းမျှ အပူချိန်ထက် ၆ ဒီဂရီစင်တီဂရိတ် အထိပိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ပြီးခဲ့သည့်နှစ်က ခံစားခဲ့ရသော အပူချိန်မျိုးကို ခံစားရဖွယ် မရှိသော်လည်း ယခုရက်ပိုင်းအတွင်း အပူချိန် မှာ ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၀ ဒီဂရီ ဖာရင်ဟိုက်)အထိ ရှိနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုပါသည်။

“မနှစ်ကလောက် မပူတာ သေချာပေမယ့် ပူပြင်းတဲ့အပူချိန်ပါပဲ။ ဒီရက်ပိုင်းတွေအတွင်းမှာ မိုးတိမ် တောင်တွေဖြစ်ရာကနေ ထစ်ချုန်းမိုး အနည်းငယ်ရွာနိုင်ပါတယ်။ ရွာမယ့် မိုးကလည်းမများသလို ပူမယ့်အပူ ရှိန်ကလည်း ရက်အနည်းငယ်ပဲ ဖြစ် နိုင်ပါလိမ့်မယ်”ဟု Myanmar Climate Change Watchတွင် ဒေါက် တာထွန်းလွင်က ပြောကြားထားပါ သည်။

မုန်တိုင်းအခြေအနေနှင့်ပတ် သက်၍လည်း ၎င်းက”ဧပြီလ ၂၆ ရက် နေ့အထိ မုန်တိုင်းဖြစ်ဖို့အလား အလာမရှိသေးပါဘူး။ တစ်ခုပဲသတိ ထားရမှာက မိုးတိမ်တောင်တွေဖြစ် ရင် နေရာကွက်ပြီး မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်တာတွေပဲဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဧပြီလကုန်ပိုင်း မှစတင်ပြီး မိုးကြိုမုန်တိုင်းများအား စတင် သတိထားရလေ့ရှိပြီး ယခုနှစ် သည် လာနီညာရာသီဥတု၏ သဘောသဘာဝနှင့် သက်ရောက်မှုများ ကိုကြုံတွေ့နေရဆဲဖြစ်၍ လာနီညာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေများကို သတိပြု ရန်လိုအပ်ကြောင်း ပညာရှင်များက ခန့်မှန်မှုများရှိနေသည်။

ဧပြီနှင့် မေလများ၏ အခြေခံ ပူပြင်းမှုများနှင့် လာနီညာ၏ စိုထိုင်းမှုတို့ ပေါင်းစပ်ပါက ရာသီဥတုပြင်း ထန်မှုကိုဖြစ်ပေါ်စေသည့် မိုးတိမ်တောင်များ ဖြစ်လာနိုင်ပြီး မိုးတိမ်တောင်၏ သက်ရောက်မှုဖြစ်စဉ် များ ဖြစ်သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကို ပိုမိုသတိပြုရ မည်ဟု သိရသည်။

http://www.weeklyeleven.com/

0 comments: