Monday, May 2, 2011

ဘင်လာဒင် သေသတဲ့။ သြော် ကိုကြီးကျောက်ရယ်။

သူကလဲ ပြောတာပဲ၊ ဟုတ်သလား မဟုတ်သလားတော့ မသိဘူး။ ဒီလူကြီးက မသေချာပဲတော့ လူထုကို အရှက်မရှိ ကြေညာရဲမယ် မဟုတ်။ အနီရောင် ၀တ်စုံနဲ့ ကောင်မလေးရဲ့ နောက်ပိုင်းကို ခိုးကြည့်တာကတော့ တစ်ပိုင်းပေါ့။



ကုန်သွယ်ရေး အဆောက်အဦးကြီးလား ? အဲဒါကြီးပြိုတုန်းက သူတို့တွေ ကကြ ခုန်ကြ တယ်။ အခု ဘင်လာဒင် သေပြီဆိုတော့ ဒီလူတွေ ကကြ ခုန်ကြ တယ်။ ဘာတွေ မှန်းကို မသိတော့ဘူး။ တိုက်ပြိုတာလဲ ပျော်စရာမှ မကောင်းတာ၊ အခု ဘင်လာဒင် သေတာကရော ပျော်စရာကောင်းလို့လား။



ကိုယ်ထင်တာတော့ အလောင်းကိုသူတို့ပဲ ထိန်းသိမ်းထားလေသလားပေါ့။

ဘင်လာဒင်သေတာတော့ ကိုယ် ဘာမှ မဖြစ်ဘူး။ ဟုတ်တယ်လေ သူ့အမျိုးမှ မဟုတ်တာ။ ဒါပေသိ ဘလော့ဂ်ဂါ ဘိုးတော်ကြီး ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း) သတင်းကို ကြားရတာတော့ တစ်ကယ် စိတ်မကောင်းဘူး။ ကိုယ်လို မနေ့တစ်နေ့ကမှ ဒီနယ်ပယ်ထဲ ခြေချတဲ့ ကောင်ကိုတောင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတယ်။ မသိတာတွေ ပြောပြပေးတယ်။ သူ့ရဲ့ ကွန်မန့်တွေကို ဖတ်ပြီး ကိုယ့်မှာ အသံထွက်အောင် ရယ်မိတယ်။ အခုတော့ ရုတ်တရက် နှုတ်ဆက်သွားတော့ ၀မ်းနည်းမိတယ်။ သေချာ စဉ်းစားကြည့်တော့ သူလဲ ကိုယ့်အမျိုးမဟုတ်ပါဘူး။ ဒါပေသိ သမုဒယသစ္စာနယ်ထဲ ၀င်သွားတော့ သတိရမိတယ် ဘကျောက်ရယ်။ ဘကျောက်လဲ ကောင်းရာသုဂတိမှာ အဆင်ပြေပျော်ရွှင်ပါစေ။ ကမ္ဘာကျော် လူဆိုးကြီး (ကိုယ့်သတ်မှတ်ချက်) ဘင်လာဒင်နဲ့ မရှေးမနှောင်း လောကကြီးကို စွန့်ခွာတဲ့ ဘလော့ဂ်ကျော် လူပျော်ကြီး ကိုကြီးကျောက် ကို အမြဲ သတိတရ ရှိနေမှာပါ။


ဘင်လာဒင်နဲ့ ကိုကြီးကျောက်ကို ရောပြီး ပို့စ်တင်သင့်မသင့် တော့ သေချာမစဉ်းစားတော့ဘူး။ အမြဲလိုလို ကပေါက်တိ ကပေါက်ချာ ကျွန်တော့်ကို ခွှင့်လွှတ်မြဲ ခွင့်လွှတ်ကြပါလို့ ကိုကြီးကျောက်ကို ရိုသေလေးစားသော ညီအစ်ကို မောင်နှမများ ကို တောင်းပန်ပါသည် ခင်ဗျားးးးးးးးးးးး။


9 comments:

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော် တော်တဲ့လူ။ ဆယ်နှစ်ကြီးများတောင် တူတူပုန်းတမ်း ကစားနိုင်တယ်။ ဖြစ်မှ ဖြစ်တော့လဲ ဘကျောက်နဲ့ မရှေးမနှောင်းပါဘဲလား။ ဘကျောက်က သူ့ကိုပါ တစ်ခါထဲ အပြီးခေါ်သွားတာ ဖြစ်နိုင်တယ်။ ဘကျောက်ရေ..... သတိရစရာတွေ ချည်းပါဘဲလား။

khin oo may said...

ဘယ်လိုဘဲဖြစ်ဖြစ် ချစ်ခင်တယ်ဆိုတာနဲ့တင် ပြီးတာပါဘဲ။

Nge Naing said...

ဘင်လာဒင်အတွက်တော့ ဘာမှမခံစားရပါဘူး ပျော်လည်းမပျော်ဘူး ၀မ်းလည်းမနည်းဘူး။ ဒါပေမဲ့

ကိုကြီးကျောက်အတွက်တော့ ဘလော့ဂ်ဂါမောင်နှမတွေ အားလုံးရဲ့ ခံစားမှုက အတူတူပဲ ဖြစ်မှာပါ။
ကိုကြီးကျောက်ခေါ် အန်ကယ်နိုင် ကောင်းရာသုဂတိလားပါစေ။

An Asian Tour Operator said...

he will always be in our memory (ko gyi kyauk)

rose said...

ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ။

Baby taster said...

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ
အမြဲတမ်း သတိရနေမှာပါ
ဘင်လာဒင်ကတော့ သေပါစေ
တန်တောင်မတန်ဘူး သူ့ကြောင့် အများသေခဲ့ရတာ
ပခု သူသေတော့ တယောက်ထဲ မတန်လိုက်တာ

ကိုဇော် said...

ကောင်းတဲ့ဘက်အတွက် မဟုတ်ဘဲ အကြမ်းဖက်တာကို မကြိုက်တဲ့အတွက် ဘင်ဘာဒင် သေတာကို ဝမ်းသာပါတယ်။

ကောင်းနေတဲ့ ဘက်ကို ဖြစ်သွားတာ မဟုတ်တဲ့ အတွက် ကိုကြီးကျောက် အတွက်တော့ ဝမ်းနည်းမိပါတယ်။

ကောင်းရာ မွန်ရာ ဘုံဘဝမှာ အစွဲကင်းကင်းနဲ့ ရောက်ရှိနေနိုင်ပါစေ ကိုကြီးကျောက်ရေ. .။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘင်လာဒင်အတွက် ၀မ်းနည်းဝမ်းသာ ဘာတစ်ခုမှ ခံစားချက် မရှိပေမဲ့
ကိုကြီးကျောက်ကတော့ ခင်မင်ရင်းနှီးရသူမို့ စိတ်မကောင်းဖြစ်ရတယ်
သိသိချင်း မယုံနိုင်အောင် ဖြစ်မိတယ်
ကိုကြီးကျောက် ကောင်းရာမွန်ရာ ရောက်ပါစေ

PhyoPhyo said...

ကုန်သွယ်ရေး အဆောက်အဦးကြီးလား ? အဲဒါကြီးပြိုတုန်းက သူတို့တွေ ကကြ ခုန်ကြ တယ်။ အခု ဘင်လာဒင် သေပြီဆိုတော့ ဒီလူတွေ ကကြ ခုန်ကြ တယ်။ ဘာတွေ မှန်းကို မသိတော့ဘူး။ တိုက်ပြိုတာလဲ ပျော်စရာမှ မကောင်းတာ၊ အခု ဘင်လာဒင် သေတာကရော ပျော်စရာကောင်းလို့လား။
တွေးပုံ၊ ရေးပုံ သဘောကျတယ်။

ဘယ်သူသေသေ မကြိုက်ပြန်ဘူး၊ ပျော်စရာမကောင်းဘူး၊ ဆက်ဒန်ဟူစိန်ကြိုးပေးသတ်ခံရတုန်းကလည်း ဘယ်လောက်ဆိုးဆိုး စိတ်မကောင်းပြန်ဘူး၊

ကိုကြီးကျောက်ကတော့ လူကောင်းဆိုတော့ ၀မ်းနည်းမိပါတယ်။