Saturday, May 7, 2011

မလေးရှာမှာ ရောက်နေသူများ ချက်ချင်း ဖတ်လိုက်ပါနော်။


မလေးရှားနိုင်ငံ မှာလာရောက် ရှာဖွေလုပ်ကိုင်နေကြသော ဗုဒ္ဓဘာသာဝင်များ သာသနာတော်၏ အစောင့်အရှောက် နှင့်မဝေးစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာပြည်မှ ဆရာတော်သံဃာတော်များကို ပင့်ဆောင်၍ တရားသဘင် ပွဲများအား ကျင်းပခဲ့သူများရှိခဲ့သောကြောင့် မြန်မာအလုပ်သမားမိသားစုများအဖို့ အင်မတန်မှပင် ဝမ်းမြောက်ဝမ်းသာနှင့် သွားရောက် နာကြားခွင့်များရခဲ့ကြရပါသည် ။ သို့ရာတွင် ယခု ၁၃၇၃ခုနှစ် ကဆုန် လဆန်း ၁၃ ရက် ( ၁၅ ၊ ၅ ၊ ၂၀၁၁ ) တနင်္ဂနွေနေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့လာရောက်၍ ဟောကြားမည်ဟုဆိုသော ဘုန်းကြီးတစ်ပါးနှင့်ပတ်သက်၍ သိထားသင့် သည်များရှိနေပါသည် ။ ( မလေးရှားတင်မကပါ တစ်ခြားနိုင်ငံများသို့လည်းသွားရောက်ရန်စီစဉ်ထားပုံရပါသည်)

မည်သည့်ရည်ရွယ်ချက်မျိုးကို ကိုယ်စားပြု၍ ဗုဒ္ဓဘာသာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်လာ သည်ကိုမူ မေးစရာတော့ရှိနေပါသည် ၊ မလေးရှားမှာ ခန်းမငှါးပြီးဟောမှာက နိုင်ငံရေးလဲ မဟုတ်ဘူး ၊ ဘာသာရေးလဲမဟုတ်ဘူးတဲ့ ၊ စိတ်ဓါတ်မြင့်တင်ရေးကိုဟောပြောမှာပါတဲ့ အဲတာဘာကိုဆိုလိုနေလဲဆိုတာနည်းနည်းတော့သိသင့်ကြပါပြီနော် သင်္ကန်းကို ဝတ်ထားတဲ့သံဃာတော်ဆိုရင် သံဃာတော်တို့ရဲ့ အလုပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောကြား ပြသပေးခဲ့တဲ့ တရားဓမ္မစကား တွေကိုသာ ဟောပြောပြသပြီး သတ္တဝါတွေအတွက် သံသရာမှာ ကောင်းကျိုးချမ်းသာရအောင်သာဆောင်ရွက်ကြမှာပါ တရားဓမ္မ ကိုမသိပဲ စိတ်ဓါတ်မြင့်တင်ရေးကို လုပ်ချင်ပြောချင်ရင်လဲ လူထွက်ပြီး စာရေးဆရာတွေဟောသလို လိုက်ဟောသင့် ပါတယ် ခုလို လုပ်နေကြပုံကတော့ တမင်သက်သက် ဘာသာရေးအထိကရုဏ်းဖြစ်အောင် လာလုပ်နေသလိုဖြစ်နေပြီ ဒါတွေကို လူတွေကမသိတာ တော့မဟုတ်ပါဘူးသိကြပါတယ် တချို့ကြတော့လဲ တကယ်ကိုမ သိကြသူတွေရှိနေကြတာကိုလဲ ကိုယ်တိုင် တွေ့မြင်မိလို့ ဒီအကြောင်းကို မဖြစ်မနေအားလုံးကို သိအောင်ပြောပြမှ ဖြစ်တော့မယ်ဆိုပြီးဒီစာရေးဖြစ်သွားတာပါပဲ ၊သူ့ကို စပွန်ဇာ ပေးပြီးပင့်ဆောင်လာသူတွေဟာ မလေးရှားမှာ စီးပွားလာရှာနေကြတဲ့ မြန်မာပြည်က မွတ်စလင်ဘာသာဝင် တွေပါပဲ ဗုဒ္ဓဘာသာ ဝင်တွေကပင့်လာတာမဟုတ်ပါဘူး ဆိုတော့က ဒီဘုန်းကြီးဟာ တရားပွဲ လုပ်မယ်ဆိုတဲ့ ရက်တွေထက် တစ်လ ကျော်လောက်ကို စောပြီးတော့ ကွာလာလမ်ပူမှာ သူ့ဟောပြောပွဲကိုလာကြဖို့ စည်းရုံးတဲ့စာစောင်တွေကို ဖြန်ချိနေကြ တော့ မဖြစ်သင့်တာ တွေမဖြစ်ရအောင်တားတဲ့သဘောနဲ့ ဒီစာကိုရေးရတာပါပဲ ၊ သူဟောမှာကို သွားနားမထောင် ကြဘူး ဆိုရင် တော့ အကောင်းဆုံးပါပဲ တချို့ကတော့ မကျေမနပ်တွေဖြစ်နေကြပြီး ရန်မူလိုတဲ့ဆန္ဒတွေရှိနေကြတာကိုလဲ သိရတော့ ဒါဟာကောင်းတဲ့အလုပ် မဟုတ်ပါဘူးလို့တော့ပြောပါရစေ ဘုန်းကြီးအယောင်ဆောင်အတုလို့သတ်မှတ်ကြတယ် သိကြတယ်ဆိုရင် ဆရာတော်တွေနဲ့ တိုင်ပင်ပြီးတော့ လူဝတ်လဲခိုင်း သင်္ကန်းကိုချွတ်ခိုင်းတာမျိုးပဲ တရားဝင်အားဖြင့်ဆောင်ရွက်ကြစေလိုပါတယ် ။ ဟောပြောပွဲကို သဘောမတူကြောင်း ဆန္ဒပြကြမယ့် အဖွဲ့တွေ ရှိနေပါပြီ အားလုံးပဲ ဟောပြောပွဲကို မသွားသင့်ဘူးဆိုတာတော့ သိလောက်ပါပြီနော် ဒေါသတွေကိုရှေ့ထားပြီး လက်လွန်ခြေလွန် တွေလုပ်ပြီး မမှားသင့်တာတွေ့မမှားရအောင် စဉ်းစားပြီးလုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ရပါတယ် သာသနာတော်ကြီးကို စောင့်ရှောက်ကြတဲ့အခါမှာလဲ အကုသိုလ်စိတ်ဖြစ်တဲ့ ဒေါသစိတ်များကို အရင်ချိုးနှိမ်ပြီး ကောင်းစွာစောင့်ရှောက်နိုင်ကြပါစေ။ ဒီဘုန်းကြီးအကြောင်းကို ရေးထားတဲ့ ပို့စ် ကို ဒီမှာပါတဲ့လင့်ကိုဖွင့်ပြီးကြည့်လိုက်ကြပါဦး။

ဒီမှာနှိပ်လိုက်ပါ ဒီမှာနှိပ်လိုက်ပါ

မေးလ်ထဲဝင်လာ ပြနှ်မျှတာ.....

ဖြည့်စွက်

ဒီမေးလ်ထဲမှာ ဘုန်းကြီးတုကို ပင့်ဆောင်သူတွေက မွတ်စလင်မ်ဘာသာဝင်တွေ ဆိုတဲ့ စကားလုံးတွေပါနေ ပေမယ့်... ဒီမေးလ်ကို မျှဝေတဲ့ကျွန်တော်က အစ္စလာမ် ဘာသာဝင် မွတ်စလင်လူမျိုးများကို ကံသေကံမ ယိုးစွပ်လိုစိတ်မရှိပါ။ သို့သော် မူရင်းမေးလ်အား ပြန်လည်း ပြင်ဆင်မှုမျိုး မဖြစ်အောင်သာ တင်ပြပေးခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ အမြင်မှန်ရစေလိုသော ဆန္ဒသာ ဦးဆောင်ပါသည်။ မွတ်စလင်မ် လူမျိုးများကို စော်ကားလိုစိတ် မရှိသလို။ မည်သည့်လူမျိုးကိုမျှလည်း မျိုးတုံးသတ်ဖြတ်လို စိတ် အလျဉ်းမရှိပါ။ တစ်ကမ္ဘာလုံး ငါတို့ ဘာသာဝင်တွေချည်းဖြစ်ရမယ်လို့လည်း မရည်ရွယ်ပါ။ ကျေးဇူးတင်ပါသည်။

4 comments:

Anonymous said...

အဲ့ဒီ ဘုန်းကြီး အယောင်ဆောင်ပြီး အဆိပ်ထုတ်တယ် ဆိုတဲ့ သတင်းကို လွန်ခဲ့တဲ့ ၄ လလောက် ကတည်းက သိခဲ့ပြီးပါပြီ။ သူ့ဘာသူ ဘုန်းကြီး အတု ဖြစ်နေသည် ထားဦး၊ ဒါဟာ ဗုဒ္ဓဘာသာနဲ့ပဲ သက်ဆိုင်ပါတယ်။ တာဝန်ရှိတဲ့သူတွေ လုပ်ကြပေါ့။ ဘယ်လိုကြောင့် တစိတ်ရှိ အစ္စလာမ် ဘာသာဝင်တွေက တရားခံ ဖြစ်သွားတာလဲ။ လုံးဝ နားမလည်ပါ။ တစ်ခုခု မကောင်းရင် "ကုလား" လို့သာ နာမည် တပ်လိုက်တာ သိပ်လွယ်ကူနေလို့လား။

Anonymous said...

မွတ်စလင်မ် ဆိုတာလူမျိုးလဲမဟုတ် ဘာသာလဲမဟုတ်ပါ။ တကမ္ဘာလုံးကမည်သည့် နိုင်ငံသား မည်သည့်လူမျိုးမဆို အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်သူအားလုံးကို မွတ်စလင်မ်ဟုခေါ်ပါတယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်သူလို့ ပြောတာပါ လူမျိုးမဟုတ်ပါ။ အင်္ဂလိပ်လူမျိုးတစ်ယောက် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ရင် ဗုဒ္ဓဘာသာဝင် လို့ပြောသလိုပါဘဲ။ ဗုဒ္ဓဘာသာကိုးကွယ်လို့ ဗမာလူမျိုးလို့ပြောလို့မရပါ။

မိုးယံ said...

အရင်တုန်းက အစ္စလာမ်ဘာသာဝင်များကို မွတ်စလင်မ်ဟုသာ သိပါသည်။ ကျမ်းကိုးကျမ်းကားဖြင့် မဟုတ်ပဲ အရပ် ပါးစပ်များဖြင့် မွတ်စလင်မ်ကို လူမျိုးတစ်မျိုးဟု မှတ်ထင်နေသော ကျွန်တော့်အား ဒုတိယ Anonymous ကွန်မန့်မှ သုတ တစ်ခုပေးသဖြင့် ကျေးဇူး အထူးတင်ပါသည် ခင်ဗျာ..

ကျေးဇူးပါ Anonymous ခင်ဗျာ...

ငြိမ်းချမ်းပါစေ
ိမိုးယံ

နေမျိုး said...

ဒီငနဲက ဘုန်းကြီးမဟုတ်ပါဘူး ကိုမိုးယံရယ်။ ကိုယ်ထိလက်ရောက် ဆော်ထည့်မယ်ဆိုတဲ့ လူတွေကိုလဲ အပြစ်မတင်ချင်ဘူး။ သတိတော့ ထားကြပါ။ သူများနိုင်ငံ ဖြစ်နေလို့။ ထိုင်းတို့ သီရိလင်္ကာတို့လို ဗုဒ္ဓဘာသာနိုင်ငံမှာ ဒီငနဲ သွားလုပ်ရဲရင်တော့ ဆော်တဲ့လူတွေကို အိမ်ရှင်နိုင်ငံသားတွေကတောင် ဝင်ပူးပေါင်းချင် ပူးပေါင်းဦးမယ်။

သူ့မှာ သာသနာဝင်မှတ်တမ်း ဘာမှမယ်မယ်ရရ မရှိဘူးဗျ။ ဘယ်နှစ်ဝါလဲမပြောဘူး။ ဘယ်မှာ ရဟန်းဝတ်တာလဲ မပြောဘူး။ ဘယ်ကျောင်းတွေမှာ နေခဲ့လဲမပြောဘူး။ ရဟန်းခံပေးတဲ့ ဥပဇ္ဈာယ်ဆရာဘယ်သူလဲ မပြောဘူး။ ဆရာသမားတွေဘယ်သူလဲ မပြောဘူး။ ပရိယတ္တိဘယ်မှာသင်ဖူးလဲ မပြောဘူး။ ရဟန်းဖြစ်ခဲ့ကြောင်း ဘာမှသက်သေမပြနိုင်ဘူး မပြရဲဘူး ဖြစ်နေတယ်။

ငနဲက ဘာအကြံနဲ့ သာသနာလာဖျက်လဲတော့ မသိဘူး။ တော်တော်ယုတ်မာတယ်။ ဗုဒ္ဓဘာသာဆိုတာ ဒီလို ညစ်ညစ်ပတ်ပတ်သီချင်းနဲ့ ကခုန်နေကြတာတွေလို့ သိက္ခာချချင်လို့လား မသိဘူး။ ဘယ်ဘာသာကမဆိုမြင်ရင် ကဲ့ရဲ့မယ့်အလုပ်တွေကို သူ့သင်တန်းမှာ တမင်လုပ်ပြခိုင်းတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ယူထားတယ်။

သူ့သင်တန်းလာတက်ရင် လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ မိတ်ဆွေဖြစ်လာမယ်၊ အလုပ်တွေရမယ်လို့ လိမ်ပြီး အတင်းလိုက်တက်ခိုင်းနေတယ်။