Sunday, May 8, 2011

ကြိုက်တာတွေ (တက်ဂ်ပို့စ်)

(၁) နေ့စဉ် မနက်တိုင်း မနက်စောစော ထပြီး မနက်ခင်းလေပြင်ညှင်းက ပါးပြင်ကို ဖြတ်တိုက်တဲ့ အေစိမ့်စိမ့် လေရဲ့အရသာခံရတာကို ကြိုက်တယ်။

(၂) မျက်နှာသစ်ပြီးတာနဲ့ အဆာပြေ ထမင်းကြမ်းစားလိုက်ရတာကို ကြိုက်တယ်။

(၃) ညဖက်ကို စိန်ကြယ်ဘုရင်မ သွားတိုက်ဆေးမှုန့်နဲ့ တိုက်ပြီး မနက်အိပ်ယာထရင် ကိုးဂိတ် သွားတိုက်ဆေးနဲ့ တိုက်ရတာကိုကြိုက်တယ်။

(၄) တစ်လတစ်ခါ ဘီယာသောက်ရတာကိုကြိုက်တယ်။

(၅) ထိုင်းနိုင်ငံထုတ် Three Rose ရေမွှေးကို ကြိုက်တယ်၊

(၆) နေ့ခင်းဘက် အလုပ်ထဲမှာ အရမ်းပူအိုက်နေရင် အင်္ကျီကိုရေဆွတ်ပြီး ၀တ်ရတာကို ကြိုက်တယ်။

(၇) ရေဆူဆေးပြားကို ဖန်ခွက်ထဲထည့်ပြီး မသောက်သေးပဲ ဆေးပြားလေး ဆူနေတာကို ထိုင်ကြည့်ရတာကို နှစ်သက်တယ်။

(၈) စားပွဲရှေ့မှာ အလုပ်ထိုင်လုပ်နေရင်း တရားခွေဖွင့်ပြီးနားကြပ်တပ်ထားရတာကို ပီတိဖြစ်တယ်။

(၉) ညတိုင်း နွားနို့တစ်ခွက်သောက်နိုင်တဲ့ အခြေအနေကို ကျေနပ်တယ်။

(၁၀) ဦးထုပ်ကို မချွတ်တမ်းဆောင်းထားရတာကိုကြိုက်တယ်။ အိပ်ယာဝင် တောင် ဦးထုပ်ဆောင်း အိပ်ရတာကို ကြိုက်တယ်။

(၁၁) သီတဂူ ဆရာတော်ဘုရားကို ပူဇော်တဲ့ သီချင်းကိုကြိုက်တယ်… “ တောင်စစ်ကိုင်း ချောင်တိုင်း ရေအလှူ နေပူပူ လေပူကြမ်း….ဆောင်းချမ်း ” အဲဒီနားကို ရောက်ရင် ပလေယာ ဖွင့်ထားတဲ့ ၀င်းဒိုးကို ကြည့်လိုက်ရတာကို ကျေနပ်တယ်။

(၁၂) တောင်မြို့ ဆရာတော်အရှင်ဇနကာ ဘိဝံသ ရဲ့ ဓမ္မစင်္ကြာ တရားကို ကြိုက်တယ်… ညတိုင်း အဲဒီ ဓမ္မစင်္ကြာ နံပါတ်လေး အပုဒ်ကို နားကြပ်တပ်ပြီး နာရတာကိုကြိုက်တယ်။

(၁၃) ဘောင်းဘီရှည် ၀တ်ရတာကို နှစ်သက်တယ်…၊ ညအိပ်ယာဝင်လည်း ဘောင်းဘီရှည်ဝတ်အိတ်တယ်။ ပုဆိုးနဲ့ အိပ်လို့ကတော့ မနက်ဆိုခါးက ပုဆိုးက လည်ပင်းမှာဘယ်သူ လာစည်းပေးထားလဲ မသိဘူးး)

(၁၄) ကွမ်းယာကိုတစ်ယာပြီးတစ်ရာ ပါးစပ်ထဲပစ်ထည့်နေရတာကိုကြိုက်တယ်..၊ ၀ါးပြီး ခဏခဏ မထွေးပဲငုံထားရတာကိုပိုကြိုက်တယ်။ ည အိပ်ယာဝင်ရင် ကွမ်းယာလေး ငုံထားရတာကိုကြိုက်တယ်၊

(ပါးတစ်ဖက်လည်း လှပ်လှပ်ပဲ ကျန်တော့တယ်)။

(၁၅) မျက်နှာ မသစ်ခင် နွယ်ချို အရသာပါတဲ့ အင်ဒို ဆေးလိပ်တစ်လိပ်ဖွာရတာကို ကြိုက်တယ်။

(၁၆) ညအိပ်ယာဝင်ခါနီး ကျဆိမ့်တစ်ခွက်နဲ့စီးကရက် တစ်လိပ်ဖွာရတာကို ကြိုက်တယ်။

(၁၇) ကြယ်သီးတပ်စရာ မလိုတဲ့ တီရှပ်တွေကို ကြိုက်တယ်။

(၁၈) ဘောင်းဘီရှည် အကျပ်တွေကိုကြိုက်တယ်၊ ခြေထောက်နားမှာ ခပ်ပွပွဖြစ်ရင် ကြိုက်တယ်.။

(၁၉) မနက်အိပ်ယာထမှာ ရေခဲရေ အေးအေး နှစ်ခွက် သောက်ရတာကို ကြိုက်တယ်။

(၂၀) အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ပြည့်ပြည့်ဖြိုးဖြိုး ကောင်မလေးနဲ့ ဖုန်းပြောရတာကို ကြိုက်တယ်

(၂၀) ထိုင်းနိုင်ငံက ပိန်ညှောင်ညှောင် ဖြူဖတ်ဖြူရော် သူငယ်ချင်းနဲ့ အရှက်အကြောက်ကြီးတဲ့ မဲလုံးတို့ ဆီကို ဖုန်းဆက်ရတာ ကြိုက်တယ်

(၂၀) အ၀တ်လျှော်စက်ထဲ မထည့်ပဲ ရွှေဝါနဲ့ ဘရပ်စ်နဲ့ တိုက်ပြီးလျှော်တာကို ပိုကြိုက်တယ်။

(၂၁)ဘယ်လောက်အေးအေး ဘယ်လောက်အိုက်အိုက် စောင်တစ်ထည်နဲ့ အိပ်ရတာကို ကြိုက်တယ်။

(၂၂) မရှိတာကို ရှိတယ်အမှတ်နဲ့ တစ်ယောက်တည်း အပြစ်တင်နေရတာကို ကြိုက်တယ်။

(၂၃) လက်သည်းအရှည် နဲ့ ဆံပင်အရှည်ထားရတာကို ကြိုက်တယ်။

(၂၃) သူငယ်ချင်းကောင်မလေးဆီက အဖြေရဖို့စောင့်နေရတာကိုကြိုက်တယ်။

(၂၄)ဒဿနတွေနဲ့ စိတ်ပညာစာအုပ်တွေ ကြိုက်တယ်။ စာအုပ်တွေကို တစ်အုပ်မပြီးသေးပဲ နောက်တစ်အုပ်ကို ကောက်ဖတ်ရတာကိုကြိုက်တယ်။

(၂၅)အလွမ်းဝတ္ထုတွေကို ကြိုက်တယ်။ ဇတ်သိမ်းခန်းမှာ ပေါင်းခဲ တဲ့ မောင်လှမျိုး (ချင်းချောင်းခြံ)တွေ ကြိုက်တယ်။ မိုက်မိုက်(ပြည်)၊ အောင်ဝင်း(စိတ်ပညာ)တွေကြိုက်တယ်။

(၂၆) တစ်လတစ်ခါ ခင်မင်ရတဲ့ ဘလော့ဂ်ဂါတွေနဲ့တွေ့ရတာကို ကြိုက်တယ်။

(၂၇) ကိုယ်တိုင်ချက်စားဖြစ်တဲ့ ရောသမမွှေဟင်းတွေကိုကြိုက်တယ်။ (ကိုယ် ဟင်းချက်ပြီဆို အနားလာတဲ့လူတောင် ပုဆိုးပြင်မစည်းရဲဘူး)။

(၂၈) ငရုတ်သီးစပ်တဲ့ အစာတွေကိုကြိုက်တယ်၊ချဉ်ငန်စပ်အရသာ တွေကိုမက်မော တတ်သလို၊ ငါးပိရည်နဲ့ ဒညင်းသီးပြုတ် တို့ရတာကို ကြိုက်တယ်။

(၂၉) ပါးလှပ်လှပ်ကိုယ်နဲ့ ပြားချပ်ချပ်ဗိုက်ကိုကြိုက်တယ်… (အခုတော့ ပွပြီး ပူနေပြီ)။


မောင်မျိုးတဂ် ထားတာကြာပါပြီ။ရေးဖို့ အချိန်လုံးဝမရသေးတာရယ်။ အရှက်ကို ဗြန်ဗြန်းမကွဲအောင် ထိန်ချန်ဖို့စဉ်းစားရင်းနဲ့ ကြာသွားတာပါ။ အခုမှ လူစုံလောက်ပြီဆိုလို့ ရေးပြတာပါ။ စပ်စပ်စုစု ဖတ်လာတဲ့ သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်။


မိုးယံ


9 comments:

ညိမ်းနိုင် said...

ဦးထုတ်ဆောင်း၊ဘောင်းဘီကြီးဝတ်၊ကွမ်းယာငုံ၊နားမှာ
လည်း တရားနာလက်စ နားကြပ်နဲ့...၊ဘယ်လိုအိပ်ပျော်သလဲဗျ...ကမိုးယံ...:)))

မိုးယံ said...

ဦးထုပ်ကတော့ အိပ်နေရင်းကျွတ်သွားပါသည်။ ကွမ်းယာက တစ်ရေးနိုးရင် ထ ထွေးပါသည်။ တရားသံကြောင့် အနှောင့်အယှက်မဖြစ်ပါဘူး... အချိန်တန်ရင် အိပ်ပျော်သွားပါတယ်.. ကမောင်လေး။

Anonymous said...

မိုးယံ က ပုဆိုးကို "လုံချည်" လို တမျိုး "မာဖလာ" လို တဖုံ ထည် လဲ သုံးတတ် တယ် နော်။ ညအိပ် တုံး က ပုဆိုး က ခါးမှာ လုံချည် ပေါ့။ မနက် မိုးလင်းတော့ ပုဆိုး က လည်ပင်း မှာ "မာဖလာ"ဖြစ်သွားတာပေါ့ ။

မောင်မျိုး said...

အောင်မာ.... မသာမ ငါ့ကိုများ စော်စော်ကားကား လုံချည်ဝတ်အိပ်တာ ဒီလောက် ဇိမ်ရှိတာ နင့်ပါသာ ကြော်ငြာချင်တိုင်း လည်ပင်းတက်ချိတ်နေတာ ဟုတ်မှာ ပေါ့ ဟိဟိး))

တရားလည်းနာတာ ကြိုက်တယ်ဆိုပြီး ဘီယာကလည်း တစ်လ တစ်ခါ သောက်ချင်သေးတယ်ဆိုတော့ နင့်ဟာက ငရဲကိုသွားမှာလား နတ်ပြည်ကိုသွားမှာလား ကွယ်။

ငါ့ဥပဒိရုပ်ကိုများ ပိန်ညှောင်ညှောင် ဖြူဖတ်ဖြူရော် တဲ့ နာချင်လို့ ဒါနဲ့ မဲလုံးက ဘယ်သူလဲဟ ။ ပြည့်ပြည့်ဖြိုးဖြိုး ကြီးဆိုတော့ နင့်အကြိုက်ပေါ့နော့် နှာဘူးး ဒါပဲ ရေးပေးတာ ငါတောင်မေ့နေလို့ ကျေးဇူးမတင်ဘူးး။

မြစ်ကျိုးအင်း said...

မကြားဖူးတာတွေများတယ်။
တွေးလည်းတွေးတတ်ပါ့။

...အလင်းစက်များ said...

ဘူသူ့ ကိုပြောတာတုန်း မဲလုံးဆိုတာ... ဆော်ထည့်လိုက်ရ နာတော့မယ်...

ကြိုက်တာတွေ ပိုစ့်ကို နှိပ်လိုက်ရင် အဘိဓမ္မာ စာအုပ်လစ့်တွေပေါ်လာလို့  ခုမှ အဲ့သည်ပိုစ့် ဖတ်ရတယ်။

ခရစ္စတလ် said...

သူ့အကြိုက်တွေကလည်း တညိုးပဲ၊ အိပ်နေတာများ ကွမ်းယာ ငုံထားသေးတယ်တဲ့ အံ့ရောဟယ်....။

တောက်ပကြယ်စင် said...

ဒကာတော် မိုးယံရေ ဘုန်းဘုန်းက နံပါတ် ၂၆၊ ၂၈ တို့ကို တဂ်လုပ်လိုက်ပါတယ်နော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...(မှတ်ချက် ၂၄-မှာက နောက်ပိုဒ်ကို ကြိုက်တယ်)

ညယံ said...

ကြိုက်တာတွေ ၂၉ မျိုးတောင်..စုံနေတာပဲ :P