Monday, May 9, 2011

အမေများနေ့ အတွက် ကဗျာတပုဒ်

အမေ
ရာသီအလီလီ ပြောင်းခဲ့လည်း
မနေ့တနေ့ကလိုဘဲအမေ
အမေ့ဆီမှထွက်လာတဲ့ရက်
အိမ်မက်တခုလိုထင်မှား
အမေ့ပုံရိပ်တွေရှင်သန်နေဆဲပါ....
မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက်မပျော်ဘူး
မိုးမျှော်တိုက်တွေ ခိုင်ခံ့
အမေ့တဲအိုလောက်မလုံခြုံဘူး
ပီဇာတွေ ဘာကာတွေစား
အမေ့ ထမင်းကြမ်းလောက်မမြိန်ဘူး
မြို့ပြရဲ့နေရောင်ခြည်
အမေ့ရင်ခွင်လောက်မနွေးထွေးဘူး
နီယွန်မီးတွေထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစ်စင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါအမေ
" ဘယ်တော့မှမငိုနဲ့ " တဲ့
အမေ့ရဲ့ စကားတခွန်း
သမီးအတွက်ခွန်အားဖြစ်လို့
ကျလုလု မျက်ရည်တွေမြိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့
လှော်ခတ်ဆဲပါအမေ
ဘ၀မှာ အမေသာစံပြ
အမေ့ကိုနမူနာယူလို့
အမေတူသမီးပီသစွာနဲ့
ကံကြမ္မာရဲ့ဇာတ်ကွက်တွေ
အောက်မှာ အံကြိတ်လို့
ဟန်ချက်ညီညီကရင်း
အမေ့ကို လွမ်းဆွတ်သတိရဆဲပါအမေ.........


နတော်

1 comments:

...အလင်းစက်များ said...

ပြည်တော်ပြန်ရောက်ရင် အိမ်တစ်ချက်တောင် ကပ်ဖော် မရတဲ့ကောင်က အမေ့အိမ်လာတ တ နေသေး ... ရီချင်ထှာ လေအိုးရယ်