Thursday, May 12, 2011

ထူးခြားဖြစ်စဉ်သတင်း


အထူးသတိပေး နှိုးဆော်ချက်
မြန်မာနိုင်ငံတွင် No. 1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းဟု အမည်တပ်ကာ ဒစ္စကိုအကများကို သင်တန်းပေးနေသော ဗုဒ္ဓဘာသာအရေခြုံဘာသာဖျက်ဘုန်းကြီး ဦးဣဒ္ဓိပါလသည် ၁၅.၅.၂၀၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြော ပွဲဟုဆိုကာ ဒစ္စကိုအကများကို သင်တန်းပေးရန် ရောက်ရှိနေပါသည်။
အဆိုပါ ဦးဣဒ္ဓိပါလက ရဟန်းတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့် ဆန့်ကျင်ကာ ထိုကဲ့သို့ အကသင်တန်းများ ဘာသာရေးနှင့် သက်ဆိုင်ခြင်းမရှိသော ဟောပြောပို့ချမှုများ ပြုလုပ် နေခြင်းသည် ဗုဒ္ဓသာသနာ၏ အသရေကို ညှိုးနွမ်းစေခြင်း၊ အသိအမြင် ကြွယ်ဝခြင်းမရှိသေးသည့် အချို့သော ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်များကို အသိေ၀၀ါးကာ လမ်းမှားသို့ ရောက်ရှိစေခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
သို့ပါသောကြောင့် အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်းအလို့ငှါ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အဆိုပါ သာသနာဖျက်ဘုန်းကြီး၏ ဟောပြောပွဲသို့ မတက်ရောက် ကြပါရန် နှိုးဆော်အပ်ပါသည်။
တာဝန်သိ ဗုဒ္ဓဘာသာဝင်တစ်ဦး


မလေးရှားနိုင်ငံရောက် မြန်မာထေရ၀ါဒ သံဃာတော်များ၏ကြေညာချက်
၁၁. ၅. ၂၀၁၁

မြန်မာပြည်ထေရ၀ါဒရဟန်းတော်များသည် ဂန္ထဓူရ၊ ၀ိပဿနာဓူရနှစ်ခုသာ ကျင့်ကြံတော်မူ ပါ၏။ ဂန္ထဓူရသည် စာသင်စာချခြင်းဖြစ်၍ ၀ိပဿနာဓူရသည် တရားအားထုတ်၊ တရားဟောခြင်း ဖြစ်၏။

ထိုနှစ်ပါးမှလွဲ၍ အကသင်တန်းပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ယတြာချေခြင်း၊ ဓာတ်ရိုက် ဓာတ်ဆင် ဆေးကုခြင်းစသည်များသည် ထေရ၀ါဒရဟန်းတော်များ၏ အလုပ်မဟုတ်ပါ။ အလဇ္ဇီ ဒုဿီလများ၏ အလုပ်များသာဖြစ်၏။

ထို့ကြောင့် ၁၅. ၅. ၂၀၁၁ နေ့ SM ခန်းမတွင် ပြုလုပ်မည်ဖြစ်သော ရဟန်းအမည်ခံပုဂ္ဂ္ဂိုလ်၏ လုပ်ရပ်များသည် သာသနာတော်နှင့် လုံးဝဆန့်ကျင်၍ မသင့်လျှော်သော လုပ်ရပ်များဖြစ်သောကြောင့် မလေးရှားနိုင်ငံရောက် ထေရ၀ါဒသံဃာတော်များက ဆန့်ကျင်ကန့်ကွက်ပါကြောင်း ကြေငြာအပ် ပါသည်။

မလေးရှားရောက် မြန်မာထေရ၀ါဒသံဃာတော်များ

၁။ ဓမ္မဂုဏ်ရည်ကျောင်းဆရာတော်…
၂။ ဓမ္မရံသီကျောင်းဆရာတော်…
၃။ ဓမ္မရောင်ခြည်ကျောင်းဆရာတော်…
၎။ ဓမ္မ၀ိဟာရကျောင်းဆရာတော်…
၅။ ဗုဒ္ဓ၀ိဟာရကျောင်းဆရာတော်…
၆။ သမ္မာသမ္ဗောဓိကျောင်းဆရာတော်…
၇။ ချမ်ပကာကျောင်းဆရာတော်…
၈။ သီရိမင်္ဂလာဓမ္မာရုံကျောင်းဆရာတော်…
၉။ မေတ္တာဝိဟာရကျောင်းဆရာတော်…
၁၀။ ရတနာဒီပံကျောင်းဆရာတော်…
၁၁။ ဇေယျဝတီကျောင်းဆရာတော်…
၁၂။ ညောင်ကန်အေးကူချိုင်းလားမားကျောင်းဆရာတော်…
၁၃။ ညောင်ကန်အေးစမှုံညင်းဆရာတော်…
၁၄။ ညောင်ကန်အေးသတိပဋ္ဌာနဓမ္မရိပ်သာကျောင်းဆရာတော်…
၁၅။ သီတ၀ိဟာရကျောင်းဆရာတော်…
၁၆။ စန္ဒ၀ိဟာရကျောင်းဆရာတော်…
၁၇။ ငြိမ်းချမ်းအေးကျောင်းဆရာတော်…
၁၈။ ဆူဘန်းကျောင်းဆရာတော်…
၁၉။ သာသနာ့အောင်စည်ကျောင်းဆရာတော်…
၂၀။ မြန်မာဂုဏ်ရည်ကျောင်းဆရာတော်…
၂၁။ KAPAR သာသနာ့ရံသီမြန်မာဗုဒ္ဓဘာသာကျောင်းဆရာတော်…
၂၂။ ဂျိုဟိုးညောင်ကန်အေးကျောင်းဆရာတော်…
၂၃။ ပဋ္ဌာန်းကျောင်းဆရာတော်…
၂၄။ ဓမ္မဒီပရွှေကျောင်းဆရာတော်…


ဗုဒ္ဓဘာသာသံဃာတော်များအနေဖြင့် ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းများကို မပြုလုပ်ရဟု ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူခဲ့ပါသည်။ သို့ဖြစ်ပါလျက် သင်္ကန်းဝတ်ရုံကာ အကသင်တန်းများ ပေးခြင်း သည် သံဃာတော်တို့၏လုပ်ရပ်နှင့် လုံးဝဆန့်ကျင်နေပါသည်။ အဆိုအကသင်တန်းများသည် လူဝတ် ကြောင်တို့နှင့်သာ သက်ဆိုင်ပါသည်။ ထို့ကြောင့် သင်္ကန်းကိုဝတ်ရုံလျက် အကသင်တန်းပေးခြင်းသည် သာသနာကို ဖျက်ဆီးသူဖြစ်ပါသည်။ အခုချိန်တွင် အ၀ီစိမှာ ခံစားနေရရှာသော အရှင်ဒေ၀ဒတ်သည် ဘုရားရှင်လက်ထက်တော်အခါတုန်းက သံဃာကို အသင်းခွဲခဲ့သူ၊ သာသနာကိုဖျက်ဆီးခဲ့သူ၊ ဗုဒ္ဓကို စော်ကားခဲ့သူ ဖြစ်ပါသည်။ အခု No. 1 အမည်ဖြင့် အကသင်တန်းပေးသော အရှင်ဣဒ္ဓိပါလ သည်လည်း ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော စိတ်ဓာတ်နှင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးကြသော၊ ဗုဒ္ဓဟောဓမ္မကို လိုက်နာကျင့်ကြံကြသော ဗုဒ္ဓဘာသာဝင်များသည် သာသနာကို ဖျက်ဆီးနေသော အရှင်ဣဒ္ဓိပါလ၏ အကသင်တန်းသို့ တက်ရောက်ခြင်းမပြုလုပ်ကြပါရန် စေတနာမေတ္တာရှေ့ထား၍ အထူးပဲ တိုက်တွန်း သတိပေးအပ်ပါသည်။

အားလုံးသော သမဂ္ဂ္ဂသံဃာတို့၏ကိုယ်စား

အရှင်ဣဒ္ဓိပါလ၏ ၀က်ဆိုဘ် www.no-1sociology.com တွင် သာသနာနှင့် မသင့်လျော်သော အပြုအမူများကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ဒီနေရာမှာ တင်ထားတာကို ကူးလာတာပါ။

2 comments:

ခနွဲ said...

ဟုတ်ပါ့ဗျာ။ မသိနားမလည်တဲ့ လူငယ်တွေတော့ လမ်းမှားတွေ လိုက်ကုန်တော့မှာပဲ။

မြစ်ကျိုးအင်း said...

ဝါသနာပါရင် သင်္ကန်းချွတ်ပြီး လုပ်စေချင်တယ်။