Wednesday, May 18, 2011

ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ ကျင်းပမည့်ဗုဒ္ဓနေ့အခမ်းအနား

ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ ကျင်းပမည့်ဗုဒ္ဓနေ့အခမ်းအနား
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူသည့် နှစ်ပေါင်း ၂၆၀၀ တိတိ ပြည့်သည့်နေ့ ။

မွေးဖွားချိန်မှ စ၍ ရေတွက်လျှင် နှစ်ပေါင်း ၂၆၃၅ နှစ် ။

ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်နှစ်ပေါင်း ၂၅၅၅ ပြည့်သည့်နေ့...

ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသည့် နေ့ထူးနေ့မြတ်..

မနက်ဖြန် အမေရိကန်နိုင်ငံ ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ အမေရိကန်နိုင်ငံရောက် မြန်မာသံဃာတော်များ၊ သီရိလင်္ကာ ၊ လာအို ။ကမ္ဘောဒီးယား ထိုင်း တရုတ် တိဗက် ထိုင်ဝမ်မှ သံဃာတော်ပေါင်း ၉၀ ခန့် ကြွရောက်၍ ကမ္ဘာ့သူ ကမ္ဘာသားများအတွက် မေတ္တာဖြန့်ဝေကြမည်ဖြစ်ပါသည်။

မနက်ပိုင်း ၆-၃၀ တွင် သံဃာတော်များ စုဝေးကြပြီး ကုလသမဂ္ဂဋ္ဌာနချုပ် တိုးချဲ့အဆောက်အအုံရှေ့ရှိ Dog Hommorskjold ပန်းခြံသို့ ကြွရောက်တော်မူကြပါမည်။

နံနက် ၇ နာရီတွင် သံဃာတော်များအား ဆွမ်းလောင်းလှူကြပါမည်။

နံနက် ၉ နာရီတွင် ကုလသမဂ္ဂခန်းမကြီးအတွင်း အစည်းအဝေး စတင်မည်ဖြစ်သည်။

နေ့ ၃ နာရီအချိန်တွင် ကုလသမဂ္ဂအတွင်းရေးချုပ် ဘန်ကီမွန်းကိုယ်တိုင် တက်ရောက်၍ သဘာပတိမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးများက မိန့်ခွန်းပြောကြားပါမည်။

မိန့်ခွန်းအပြီးတွင် (Peace, Harmony And Co-existence) ခေါင်းစဉ်ဖြင့်

မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီး

သီရိလင်္ကာနိုင်ငံမှ ဆရာတော်တပါး

မွန်ဂိုလီးယား ဂိုဏ်းချုပ်ဆရာတော်

ခရစ်ယာန် ရှုဒေါင့်မှ ဖိလစ်ပိုင်နိုင်ငံကိုယ်စားလှယ်

ဟိန္ဒူရှုဒေါင့်မှ အိန္ဒိယနိုင်ငံကိုယ်စားလှယ်

အစ္စလာမ်ရှုဒေါင့်မှ ပါကစ္စတန်နိုင်ငံကိုယ်စားလှယ် နှင့် သုတေသီပညာရှင်များက ဆွေးနွေးကြမည်ဖြစ်သည် ။

(ယနေ့ အမေရိကန်နိုင်ငံ တနင်္ဂနွေနေ့တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကြွရောက်တော်မူလာကြသော သံဃာတော်များဟာ နယူးရောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ ဟိုတယ်လ်များတွင် အသင့်ရောက်ရှိနေပြီ ဖြစ်ပါတယ်)

ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဥပုသ်သီလ ခံယူဆောက်တည်ခြင်း၊

၇တနာသုံး ဂုဏ်တော်ကို အာရုံပြုခြင်း ၊ တရားဘာဝနာကျင့်ကြံပွားများခြင်းဖြင့် ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြရန် နှိုးဆော်အပ်ပါသည်...

*အရှင်တိက္ခဥာဏာလင်္ကာရ (ခေတ္တ-နယူးရောက်) အမေရိကန်နိုင်ငံ ထံမှ သတင်းရရှိပူဇော်မိပါတယ်..။*

၁၃၇၃- ကဆုန်လပြည့်
စာရေးသူ သစ္စာအလင်း

2 comments:

တောက်ပကြယ်စင် said...

ဝမ်းမြောက်ကြည်နူးဖွယ် သတင်းပါပဲ ဒကာတော် မိုးယံရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

စော(အဝါရောင်မြေ) said...

ကြားရတာ နားထဲ စိမ့်ဝင်သွားတာပဲ။