Saturday, May 21, 2011

အိုစမာဘင်လာဒင်အား လုပ်ကြံသတ်ဖြတ်သည့် အွန်လိုင်းဂိမ်း ကစားနိုင်မည်


ဂိမ်းစီးရီး၏ (၁၀၇)ခုမြောက် Missionတွင် ဂိမ်းကစားသူသည် ပါကစ္စတန်၊ အက်ဘော့တာဘက်ဒ်တွင် ခိုအောင်းနေသော အယ်လ်ကေးဒါး အကြမ်းဖက် ခေါင်းဆောင်ကြီး ဘင်လာဒင်ကို ၀င်ရောက်စီးနင်း သုတ်သင်ရသည့် အမေရိကန် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ကစားရမည်ဖြစ်

အိုစမာဘင်လာဒင်အား လုပ်ကြံသတ်ဖြတ်သည့် အွန်လိုင်းဂိမ်း ကစားနိုင်မည်

အိုစမာ ဘင်လာဒင်ကို လုပ်ကြံသတ်ဖြတ်ရသည့် Missionကို ဂိမ်းအဖြစ် ကစားနိုင်တော့မည်ဖြစ်သည်။ Onlineဂိမ်း တစ်ခုဖြစ်သော Kuma Warက ၎င်းတို့၏ Onlineဂိမ်းစီးရီးတွင် ယခု Missionကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ ဂိမ်းစီးရီး၏ (၁၀၇)ခုမြောက် Missionတွင် ဂိမ်းကစားသူသည် ပါကစ္စတန်၊ အက်ဘော့တာဘက်ဒ်တွင် ခိုအောင်းနေသော အယ်လ်ကေးဒါး အကြမ်းဖက် ခေါင်းဆောင်ကြီး ဘင်လာဒင်ကို ၀င်ရောက်စီးနင်း သုတ်သင်ရသည့် အမေရိကန် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ကစားရမည်ဖြစ်သည်။ ယင်းMissionတွင် အက်ဘော့တာဘက်ဒ် အနီးတ၀ိုက်နှင့် ဆင်တူအောင် 3Dအမြင်များဖြင့် ဖန်တီးပေးထားပြီး ဘင်လာဒင်ကို အဆုံးစီရင်သည့် စစ်ဆင်ရေးနှင့် အနီးစပ်ဆုံး တူညီအောင် ဖန်တီးပေးထားကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် Registerလုပ်ပြီး ပုံမှန်ဝင်ရောက် ကစားနေသူ သန်း(၂၀)ကျော်ရှိသည့် Kuma Warဂိမ်းသည် ယခင်ကလည်း အာဖဂန်နစ္စတန် စစ်ဆင်ရေး၊ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်အား လိုက်လံရှာဖွေ ဖမ်းဆီးမှုစသည့် အထူးစစ်ဆင်ရေးများကို Missionများအသွင် ဖန်တီးခဲ့သေးသည်။ ဘင်လာဒင်အား စီးနင်းသတ်ဖြတ်ရသော ဂိမ်းတွင် ဆံပင်များ ငွေရောင်သန်းနေသော ဒုစရိုက်သမားကြီးအား ချေမှုန်းရေး ရိုင်ဖယ်သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်လိုက်ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများကို တိုက်ခိုက်ရသည့် စစ်ဆင်ရေးများကို အခြေခံ ဖန်တီးထားသည့် အခမဲ့ Onlineဂိမ်းမှာ (၇)နှစ်ကျော်ကြာ ရပ်တည်နေခဲ့ပြီးဖြစ်သည်။ Kuma၏ CEOဖြစ်သော ကိသ်ဟယ်လ်ပါက “ဘင်လာဒင်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတိုင်းကို လေ့လာပြီး ဖန်တီးထားတာပါ။ ဒီဂိမ်းအပေါ် အမြင်ကွဲပြားမှုတချို့လည်း ရှိနိုင်ပါတယ်။ 3Dနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တတ်နိုင်သမျှ အသေးစိတ် ဖန်တီးထားပါတယ်။ ဥပမာ အဆောက်အအုံကြီးရဲ့ အမြင့်၊ အကွာအဝေး၊ စိုက်ခင်းတွေ၊ ပရိဘောဂတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးတူအောင် ကြိုးစားထားတယ်”ဟု ရှင်းပြခဲ့သည်။ ၎င်းက “ဘင်လာဒင်ဟာ တကယ့်လူဆိုးတစ်ယောက်ပါ။ သူသေသွားတဲ့အတွက် လူတွေအများကြီး စိတ်သက်သာရာ ရခဲ့ကြတယ်။ သူဘယ်လိုသေတယ်ဆိုတာကို ပြန်ဖန်တီးပြတာကတော့ အပိုဆုလာဘ်တစ်ခု ဆိုပါတော့”ဟု ပြောကြားသွားသည်။

Source: DailyChilli


မေးလ်ထဲဝင်လာ ပြန်မျှတာ


1 comments:

ဆူးသစ် said...

ဘယ်ကိုဝင် ကစားရလဲဗျ။ link လေးဘာလေး မရနိုင်ဘူးလား။ စိတ်ဝင်စားတယ်။