Friday, July 1, 2011

ဗြိတိန် တော်ဝင်မိသားစု အသုံးစရိတ်မှာ ထုတ်ပြန်ထားသည်ထက် ငါးဆ ပိုများနေ၍ ဝေဖန်ခံနေရ

b41309

ဗြိတိန် တော်ဝင်မိသားစုအသုံး စရိတ်မှာ ထုတ်ပြန်ထားသည်ထက် ငါးဆ ပိုမို များပြားနေကြောင်း တော်ဝင် မိသားစု ဆန့်ကျင်ရေးအဖွဲ့ Republic က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည်။

အလိဇဘက် ဘုရင်မနှင့် မိသားစုဝင် တို့၏ အသုံးစရိတ်များမှာ ဗြိတိန် ပြည်သူများ ဆောင်ထားသော အခွန်များမှ ပေါင်သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာသန်း ၃၂၀) ကျော် ရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။
ဗြိတိန်နန်းတော်က တရားဝင် ထုတ်ပြန်ချက် အရ တော်ဝင် မိသားစုသည် တစ်နှစ်လျှင် အခွန်ထမ်း ပြည်သူများ၏ အခွန် ပေါင်သန်း ၄၀ အောက်သာ သုံးစွဲကြောင်း ထုတ်ပြန်ထားသည်။

တော်ဝင်မိသားစုဝင်များ အတွက် လုံခြုံရေး ကုန်ကျစရိတ်၊ အခြား နိုင်ငံများနှင့် နိုင်ငံတစ်ဝန်း ခရီးသွားလာမှုများ ကုန်ကျစရိတ်၊ တော်ဝင်မိသားစုဝင်များ ပိုင်ဆိုင်သော မြေများနှင့် စီးပွားရေး လုပ်ငန်းများမှ ရရှိသော ၀င်ငွေများကို ပေါင်းလိုက်ပါက တစ်နှစ်လျှင် ပေါင်သန်း ၂၀၀ ကျော် ရှိကြောင်း Republic က ထုတ်ပြန်ခြင်း ဖြစ်သည်။

ဗြိတိန်ဘုရင်မ မိသားစုသည် နယ်သာလန်၊ ဒိန်းမတ်၊ အခြား ဥရောပ နိုင်ငံများရှိ ဘုရင်၊ ဘုရင်မ မိသားစုဝင်များထက် ပိုမို သုံးစွဲကြောင်း ယင်းအဖွဲ့မှ ပြောခွင့်ရ ဂရေဟမ်စမစ် က ပြောကြားသည်။ အသုံးစရိတ် ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းကြောင်း၊ ဗြိတိန်ဘုရင်မ မိသားစု အသုံးစရိတ်သည် နယ်သာလန်နိုင်ငံထက် နှစ်ဆ ပိုမိုများကြောင်း၊ သမ္မတစနစ် ကျင့်သုံးခြင်းသည် အကုန်အကျ ပိုနည်းကြောင်း ၎င်းကပြောကြားသည်။

Republic အဖွဲ့ ထုတ်ပြန်ချက်ကို ဘက်ကင်ဟမ်နန်းတော် တာဝန် ရှိသူများက မှတ်ချက်မပေးဘဲ လာမည့် သီတင်းပတ်များ အတွင်း ၎င်းတို့က သီးခြား ထုတ်ပြန်မည် ဖြစ်သည်။ အကယ်၍ ဘုရင်စနစ် ဖျက်သိမ်းလိုက်ပါက ဘုရင်၏ ပိုင်ဆိုင်မှု ပစ္စည်းများကို နိုင်ငံသို့ ပြန်လွှဲပေးနိုင်မည် ဖြစ်ပြီး နိုင်ငံအတွက် အကျိုးရှိစေမည်ဟု စမစ် ကပြောကြားသည်။

http://www.weeklyeleven.com/

6 comments:

ညိမ်းနိုင် said...

ဒို့လမ်းထဲက ပဲပြုတ်သည်မိသားစုလည်း အသုံးစားရိတ်တွေ
တတ်နေလို့ ကြွေးရှင်များအဖွဲ့က ဝိုင်းကန့်ကွက်နေလို့တဲ့......:D

မောင်မျိုး said...

ငါလည်း ဒီလ အသုံးစရိတ်တတ်တယ် ဟိုဒါ ၀ယ်စားလိုက်လို့ နင်ကေား)

Angelhlaing(May everybody be happy and healthy! said...

ကွန်မန့်တွေကြောင့်ပဲ အမြဲ ရယ်မောရတယ်...အကို..:):)

Anonymous said...

း) မိုးယံ တစ်လောက ခရီးသွားသည်။ ပြန်လာတော့
ခရီးစရိတ် ဘေလ် တင်လာသည်။

တည်းခိုခန်းခ ၅၀၀
သရဲကြောက်၍ အဖော်ခေါ်အိပ် ၃၀၀၀ .

အဟတ်ဟတ်

အန်တီကြည်

ချစ်ခြင်းအလင်္ကာ said...
This comment has been removed by the author.
ချစ်ခြင်းအလင်္ကာ said...

အသုံးစရိတ်ပိုများသွားလို့..အိမ်ကလူကို
ဝမ်နင်ပေးထားတယ်..ဒီလ..အကုန်အပ်..
ဖွန်စာရင်းစစ်မယ်လို့...း)

ခင်တဲ့
ချစ်ခြင်းအလကာင်္