Tuesday, July 19, 2011

လုပ်ငန်းရှင်တွေက သူမနဲ့ ကြော်ငြာရင် ရောင်းအား ကောင်းတယ် ဆိုတဲ့ ခရစ္စတီးနား

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/19/11_19_9_200_200.jpg

ခရစ္စတီးနား အခုတလော ဗီဒီယိုကားတွေပဲရိုက်ဖြစ်နေတာလား။

ဟုတ်တယ်။ ဗီဒီယိုကားတွေရိုက်ဖြစ်တယ်။ ဟိုတလောကတော့ ရုပ်ရှင်ကားကြီးရိုက်ဖြစ်တယ်။ ဒီဗွီဒီ လည်းတစ်ကားရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတစ်ခုကတော့ ရိုက်နေတုန်းပဲ။

ခရစ္စတီးနားကို လုပ်ငန်းရှင်တွေက လာဘ်ကီးကောင်းတဲ့မင်းသမီးလို့ သတ်မှတ်ကြတယ်။ ခရစ္စတီးနား နဲ့ကြော်ငြာရင် ရောင်းအားကောင်းတယ်တဲ့။

အဲဒီလိုကြားရတာ ၀မ်းသာပါတယ်။ ဟိုတလောက ဂျာနယ်တစ်စောင်ကို မျက်နှာဖုံးလေး ရိုက်ပေး လိုက်တော့ အဲဒီဂျာနယ် ရောင်းအားကောင်းတယ်တဲ့။ ခရစ္စတီးနားက ဒီအလုပ်စလုပ်ကတည်းက လုပ်ဖော် ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ အပေါ် အရမ်းစေတနာထားတယ်။ အချိန်ရရင်ရသလို အကျိုး စီးပွားမကြည့်ဘဲ ကူညီပေးတယ်။ အခုအချိန်မှာ ဒီလိုကြားရတော့ အရာထင်လာတာကို ပီတိ ဖြစ်ရပါတယ်။ ခရစ္စတီးနားလည်း ထပ်ပြီးကြိုးစားပါ့မယ်လို့ ပြောချင်ပါတယ်။

ခရစ္စတီးနားဘာကြောင့် မိတ်ကပ်ခဏခဏပြောင်းတာလဲ။

အရင်လိမ်း ခဲ့တဲ့သူတွေက ဆိုင်ဖွင့် သွားကြတာရှိတယ်။ ကိုယ်နဲ့အစစ အရာရာအဆင်ပြေပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မိတ်ကပ်တော့ ခဏ ခဏပြောင်းဖြစ်တယ်။ မလိမ်းဖြစ်တော့ပေမယ့် အားလုံး ခင်ခင်မင်မင်ပါပဲ။


http://www.yoyarlay.com/

0 comments: