Thursday, July 14, 2011

မလေးရှား အိုဗာစတေး သမားများ ရော အမှန်များအားလုံး အတွက် နောက်ဆက်တွဲ သတင်း - ၃

အိုဗာစတေး သမားများအတွက် တရားဝင်ပါမစ်လျှောက်ထားခွင့်ဖြစ်သော 6P စီမံချက် အစမှစတင်ပြီး ယနေ့အထိ သတင်များတောက်လျှောက် ကျွန်တော်တို့ တင်ပေးခဲ့ပါတယ် ။

ထို့အတူ ကျွန်တော် ၆ ရက်နေ့ နောက်ပိုင်း Seminer ပြီးသည့်အချိန်မှာ တရားဝင်လုပ်ပိုင်ခွင့်ရရှိသော ကုမဏီများစာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ် ။

အထူးသိရှိရန်မှာ ကျွန်တော် တို့ ယခင် အိုဗာစတေးသမားများ Bio-Metrix စနစ် ဖြင့် လက်ဗွေနှိပ် မှတ်ပုံတင်ရန် ရက်ကို ဂျူလိုင် လ ၁၁ ရက်နေ့ သတ်မှတ်ထားခဲ့ပေမယ့် မလေးရှား KL မှာ ပြုလုပ်မည့် မလေးရှား လူမျိုးများ၏ဆန္ဒပြပွဲများရှိတာ ကြောင့် ၁၈ ရက်နေ့ ကို ရွှေ့ပြောင်းထားခဲ့ပြီး ယနေ့မှာမှ တရားဝင်လုပ်ကိုင်ခွင့်ရရှိသော ကုမဏီများကို ထုတ်ပြန်လိုက်ပြီဖြစ်ပါသည် ။

များစွာသော မေးခွန်းများကို ဖြေကြားထားခဲ့ပြီး ထပ်မံ ဖြေဆိုရန်ရှိသောမေးခွန်းများရှိပါကလည်း မေးမြန်းနိုင်ပါတယ် ။ယခု ကျွန်တော်တို့ထံရောက်ရှိသော ကန့်သတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ် ။

အသက် - ၁၈ မှ ၄၅ အတွင်း ၊ မလေးရှားတွင် ပါမစ် ၁၀ နှစ်မပြည့်သေးသူများ သာလျှောက်ထားနိုင်မည်ဟု သိရှိရပါတယ် ။

မြန်မာနိုင်ငံသား/မြန်မာနိုင်ငံသူ အပါအ၀င် တိုင်းပြည် ၁၅ မျိုးမှ တရားမ၀င်မ နေထိုင်လျှက်ရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပါတယ် ။

ဒုတိယ အနေနဲ့ ယနေ့ တရားဝင်ထုတ်ပြန်သည့် သတင်းအရ မလေးရှား နိုင်ငံတွင်းနေထိုင်သူ မည်သူမဆို လက်ညှိုးလက်ဗွေ ပြန်လည်နှိပ်ရမည်ဖြစ်ပါသည် ။ ပါမစ်လက်ရှိရှိသူများ (အမှန်သမားများ) အားလုံး မဖြစ်မနေ လက်ဗွေ နှိပ်ရမည် ဖြစ်ပါတယ် ။ Bio-Metrix စနစ် ဖြင့် နိုင်ငံခြားသား အလုပ်သမား အားလုံး ကို ထိန်းချုပ်မည်ဖြစ်တာကြောင့် မြန်မာနိုင်ငံသား အလုပ်သမား အားလုံး အားလုံး သိရှိရန် အထူးအသိပေးအကြောင်းကြားပါတယ် ။

အထက်ပါ တရားဝင်နေထိုင်နေသော အလုပ်သမားများ အားလုံး လက်ဗွေ နှိပ်ပြီးမှသာ အိုဗာစတေးသမားများ အတွက် 6P စီမံချက်မှ Registration အဆင့် ဖြစ်သော အဆင့် (၁) ကို စတင်မည်ဖြစ်ပါတယ် ။

အားလုံး အထူးသိရှိရန်မှာ အိုဗာစတေးသမားများအနေနဲ့ လက်ဗွေ နှိပ်ရုံ အတွက်မူ မလေးရှား နိုင်ငံ လူဝင်မှု့ကြီးကြပ်ရေးတွင် အခမဲ့ ပြုလုပ်နိုင်ပါသည်။ ယခု တော်တော်များများ ပြောလျှက်ရှိသော လက်ဗွေ နှိပ်လျှင် ယာယီပါမစ် ၆လ ရမည် ။ ငွေ ၃၀၀ ပဲပေးရမည် စသဖြင့် ယာယီပါမစ်အတွက် တစ်ချို့်က ၁၀၀ ၊ တစ်ချို့က ၁၅၀ ၊ တစ်ချို့က ၃၀၀ ၊ တစ်ချို့က ၈၀၀ စသဖြင့် အမျိုးမျိုး ပြောလျှက်ရှိပါတယ် ။ အမှန်မှာ လက်ဗွေ နှိပ်ရုံ ယာယီပါမစ် ရရုံမျှ နှင့် ဆိုလျှင် မလေးရှား လူဝင်မှု့ကြီးကြပ်ရေးမှာ အခမဲ့ ဆောင်ရွက်နိုင်ပါတယ် ။

ကျွန်တော်တို့ ဆောင်ရွက်သော မဟာနန်းရှိ ကိစ္စ များအတွက် မူ သတ်မှတ်ထားသော ကုန်ကျစရိတ်မှ ပါမစ် Approval ရရှိရန် တစ်ဆက်တည်းဆောင်ရွက်မည်ဖြစ်သောကြောင့် အားလုံးကို ငွေကြေး သတ်မှတ်ဆောင်ခိုင်းထားခဲ့ပြီး ထိုပေးသွင်းရမည့်ပမာဏမှာအစိုးရသတ်မှတ်မည့် ကုန်ကျစရိတ်များထဲမှ စတင်ကောက်ယူမှာဖြစ်ပါတယ် ။ ယာယီပါမစ်ရရန်သာ မဟုတ်ပါ ။ ကျွန်တော်တို့ ကောက်ယူမည့် ငွေသည် ပါမစ်အတွက် ကုန်ကျမည့် အထဲမှ သာ ကောက်ခံမည်ဖြစ်သည် ။

လက်ဗွေ နှိပ်ပြီး ငွေသွင်းပါက ယာယီပါမစ် လည်းတစ်ပါတည်းရရှိမည်ဖြစ်ပြီး ပါမစ် Approval အတွက် တိုက်ရိုက်လျှောက်တင်သွားမည်ဖြစ်ပါတယ် ။ ထပ်မံ ပြီး ပြီးခဲ့သော ဘလော့များတုန်းက ကျွန်တော်တို့ထံ လုပ်ကိုင်ခွင့်လိုင်စင်မရသေးတာကြောင့် မည်သည့် ဖြေရှင်းချက်မှ မရေးခဲ့ပဲ ၆ ရက်နေ့ ကိုစောင့်စားစေခဲ့ပါတယ် ။

ယခု ပထမဆုံး ကျွန်တော်တို့ လိုင်စင် ရရှိပါပြီ ။ အောက် တွင်ဖော်ပြထားသော လိုင်စင်ရှိမှသာ တရားဝင်ဖြစ်ပါတယ် ။

Align Center

မဟာနန်းမှ ဆောင်ရွက်မည့် တရားဝင်လုပ်ကိုင်ခွင့်ဖြစ်ပါတယ် မည်သူမှ ကူးယူခွင့်မရှိပါ။

ထို့အတူ ကျွန်တော်တို့ဆောင်ရွက်သောကိစ္စ ရပ်များကိုသာ တာဝန်ယူသည် ။

ိလိုင်စင်ရရှိပြီ ဖြစ်တာကြောင့် လက်ဗွေ နှိပ်မည့် စက်အစိတ်အပိုင်းများကိုလည်း တရားဝင်ဖော်ပြပါပြီ ။ မလေးရှားရှိ နိုင်ငံခြားသား အလုပ်သမားတိုင်း မဖြစ်မနေ ဆောင်ရွက်ရမည့် အဆင့် နံပတ် ၁ ဖြစ်ပါတယ် ။ လက်ညှိုးလက်ဗွေ နှိပ်ပြီးလူမျက်နှာ Scan ဖတ်ရပါမည်။

လက်ဗွေ နှိပ်ရမည့် စက် နှင့် မျက်နှာ Scan ဖတ်မည့် စက်ပါ အောက်ပါအတိုင်းဖြစ်သည် ။

အထက်ပါပုံမှာ လူဝင်မှု့ကြီးကြပ်ရေးမှ ထုတ်ပေးသော စက်များဖြစ်သည် ။

အောက်ပါဖိတ်စာဖြင့် တရားဝင်ဆောင်ရွက်နိုင်မည်မဟုတ် ။

မြန်မာအားလုံးသိရှိရန် ဖော်ပြခြင်းဖြစ်သည် တော်တော်များများအောက်ပါဖိတ်စာဖြင့် ဆောင်ရွက်ခွင့်ရပြီဟု ကြော်ငြာပါက

မဟုတ်မှန်နိုင်ပါ ။

အောက်ပါပုံမှာ လိုင်စင်မဟုတ်ပါ ဖိတ်စာသာဖြစ်သည်


မဟာနန်းမှ တာဝန်ယူသော အထက်ပါစီမံချက်အတွက် တရားဝင်ဖြစ်ကြောင်း အတည်ပြုကြော်ငြာပြီ ဖြစ်သည် ။

ပုံနံပတ် (၁) ပါလိုင်စင်အ၀ါကပ်ထားသော နေရာများသည် တရားဝင်ဆောင်ရွက်ခွင့်ရနေရာ အမှန်ဖြစ်သည် ။မြန်မာအားလုံး

သိရှိရန် တရားဝင်ဖော်ပြပါသည် ။

KOMYO


Mail ထဲဝင်လာ ပြန်မျှတာ

2 comments:

Anonymous said...

မလေးရှားက မဟာနန်း ဆိုတဲ့ ဌာနက ဒီပွဲမှာ လေလံ အောင်တာလား ပွဲစားလုပ်တာလား မြန်မာပြည်သူ ပြည်သားအချင်းချင်း ဂုတ်သွေးစုတ်တာလား သနားစိတ်နဲ့ ကူညီတာလား ဆိုတာ သိချင်တယ် ...

Anonymous said...

ဂုတ်သွေးစုပ်တာပါ။ နောက်ဆိုရင် ဓားထောက်ပြီးတောင် ပိုက်ဆံတောင်းမယ့်သဘောမှာရှိပါတယ်။