Tuesday, September 20, 2011

မြန်မာ နယ်စပ်အနီးမှ ဘင်္ဂလီ တစ်ဦး အသက် ၂၇ နှစ်တွင် မယား ၅၃ ယောက်ယူ


မြန်မာနယ်စပ် အနီး ဘင်္ဂလာဒေခ်ျ့ ကော့ဘဇားခရိုင်မှ ဘင်္ဂလီ အမျိုးသား တစ်ဦးသည် အသက် ၂၇ နှစ်အရွယ်တွင် မယား ၅၃ ယောက်ကို လက်ထပ်ပြီးပြီ ဖြစ်ကြောင်း ဘင်္ဂလီ သတင်းစာ တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ဖေါ်ပြထားသည်။

The daily himchari news နေ့စဉ်ထုတ် သတင်းစာ တွင် အဆိုပါ သတင်းကို စက်တင်္ဘာလ ၁၈ ရက်နေ့က ဖေါ်ပြသည်။

အဆိုပါ ဘင်္ဂလီ အမျိုးသားမှာ မြန်မာနိုင်ငံ မောင်တောမြို့နယ်နှင့် ကပ်ရပ် တည်ရှိသော အူခီးယာမြို့နယ် ကိုဘောနီယာ ကျေးရွာတွင် နေထိုင်သူ အာလီအာဟာ မောက်ဒ်၏ သား ဘာဘူမီယာ (အသက် ၂၇ နှစ်) ဖြစ်သည်။

သူက ဒေသ သတင်းထောက်များသို့ ယခုလို ပြောကြားသည်။

"ကျွန်တော့်အသက်တော့ ၂၇ နှစ်ဖြစ်ပါတယ်။ ဇနီမယား အဖြစ်တော့ ၅၃ ယောက် တရားဝင် လက်ထပ်ပြီး ပါပြီ။ နောက်ထပ် ဆက်ယူအုံးမှာပါ။ ဇနီးမယား ၁၀၀ အထိ ယူဖို့ မျှော်လင့်ထားပါတယ်" ဟု ပြောသည်။

သူသည် အိမ်ထောင်ဘက်များသော်လည်း သားသမီးများမှာ မွေးပြီး သေဆုံးသွားသဖြင့် လက်ရှိ အချိန်တွင် သားသမီး ၂ ဦးသာ ရှိသေးသည်ဟု သိရသည်။ တဦးမှာ သမီးငယ် ဖြစ်ပြီး ကျန်တစ်ဦးမှာ သားဖြစ်ကြောင်း သိရသည်။

သူ အိမ်ထောင်ပြုသော အမျိုးသမီးများမှာ အသက် ၁၇ ကနေ ၂၅ အရွယ်များ ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖေါ်ပြသည်။

၂၀၁၁-ခုနှစ် စက်တာဘာလ ၁၇ ရက်နေ့ အထိ အဆိုပါ ပုဂ္ဂိုလ်သည် ဇနီးမယား ၅၃ ယောက်ထိ လက်ထပ် ပြီးပြီ ဖြစ်သဖြင့် ကမ္ဘာ့တွင် ဇနီးအများဆုံး အိမ်ထောင်ပြုသူဟု ဂရင်းနစ် မှတ်တမ်းတွင် စာရင်း ၀င်လာနိုင်သည်ဟု အဆိုပါ သတင်းစာက ဖေါ်ပြသည်။

သူနှင့် အိမ်ထောင်ပြုခဲ့သူများမှာ တရားဝင် လက်ထပ်ခဲ့သူများ ဖြစ်ပြီး အဆိုပါ အမျိုးသမီး ၅၃ ဦး၏ အမည်ကို သတင်းစာတွင် နာမည်များနှင့် တကွ ပုံနှိပ် ဖေါ်ပြထားသည်။ အဆိုပါ သူ၏ ဇနီးမယားများမှာ လက်ရှိ အချိန်တွင် သူနှင့် တရားဝင် ပေါင်းသင်းနေထိုင်ခြင်း မရှိဘဲ အနည်းစုသာ နေထိုင်နေကြောင်း သိရသည်။

http://www.narinjara.com/

5 comments:

Anonymous said...

အားကျ လိုက်တာ.. ဘာဆေးများ သုံးဆောင်လဲဆိုတာ မိုးယံ သိလာ...

KMC@ချင်းလေး said...

မိုက်တယ်ဟေ့..မီလျံနာလားမှမသိတာ။ ဘာနဲ့ကျွေးလည်းသိချင်တယ်(ထမင်းနော်ထမင်း) အဟဲ:P ကိုလူသားအားလုံးအတွက်ဆိုတဲ့အစ်ကိုရေ.. မင်္ဂလာပါဗျို့..။

မဒမ်ကိုး said...

ကိုရင့်ကိုမဖတ်မိအောင်လုပ်မှပဲ ကွိုင်ပဲ ..း(

မိုးယံ said...

Anonymous >>>> ကျွန်တောင်တောင် အဲဒါ သိချင်နေတာဗျ.... :P

KMC@ကိုခင်မောင်ချင်းလေး>>> မင်္ဂလာပါ ကိုချင်းလေးရာ။ထမင်းကို ပန်းကန်နဲ့ကျွေးသတဲ့ဗျ..။ :P

မဒမ်ကိုး>>>>>>> ကိုရင့်ကို အနားကမခွာနဲ့ ကွန်ပျူတာ ပေးမကိုင်နဲ့...ဟီးဟီး။

Anonymous said...

ကျနော်လည်း အဲဒီလို ယူချင်တယ် ပျော်စရာကြီးနေမှာနော်...ဟီး။