Wednesday, September 21, 2011

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များ အပါအ၀င် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေးလိုက်ပြီဟု အတည်ပြုပြောကြား

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှ လွဲ၍ ဘလော့ဂ်များ အပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များအားလုံးကို ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ်က အတည်ပြု ပြောကြားခဲ့သည်။

“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက် တွေ၊ ဘလော့ဂ်တွေအကုန်လုံးကို ဖွင့်ပေးလိုက်ပါပြီ။ အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Porn ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် ၀က်ဘ်ဆိုက်များ ကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက်မြန်နှုန်းမှာ နှေးကွေးလေးလံလျက် ရှိရာ အဆိုပါအခက်အခဲကို ဖြေရှင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။

“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်းတစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက်စပေးတဲ့ နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User ဆီ ရောက်တဲ့အခါရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လို အကြောင်းတွေကြောင့် နှေးရတာလဲဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ် များမှာ ပိတ်ပင်ထားခြင်း မရှိတော့ဘဲ ကြည့်ရှုခွင့်ရနေကြောင်း သိရသည်။

“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ်ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။

“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာ ကြာပါပြီ။ အင်တာနက် သုံးတဲ့အခါ အရွယ်မရောက်သေးသူတွေ၊ မရင့်ကျက်သေးသူတွေ အနေနဲ့ သတိထား သုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်က ခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှုတွေကိုလည်း တရားဝင် ခွင့်ပြုသင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်း ၀န်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကိုလူတွေ သုံးဖို့အတွက် တခြားဝန်ဆောင်မှုကို ပိတ်ပစ်တယ် ဆိုတာမျိုးကတော့ မလုပ်သင့်ပါဘူး”ဟုဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။

ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ပြုလုပ် ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် ပြုလုပ်ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော် ၏ အကျိုးစီးပွားကိုပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန်သင့်တော်မှု မရှိသည့် ညစ်ညမ်း ၀က်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များအားလုံးကို ကြည့်ရှုခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

http://www.weeklyeleven.com/

15 comments:

Maung Myo said...

ဝမ်းသာစရာပဲး)))

ကိုကိုမောင်(ပန်းရနံ့) said...

သာဓု သာဓု သာဓု။

ကြားရတာ ၀မ်းသာလိုက်ပါဘိ မောင်မိုးယံ။

ခင်မင်လျှက်

SHWE ZIN U said...

ကောင်းတယ်မိုးယံ ရေ

Anonymous said...

အခုကျော်စရာမလိုတော့ဖူးလေ
း) သိပ်ပျော်နေတယ်
ဘဝင်တွေခွေ့လို့း) ဟိဟိ
ကျန်းမာချမ်းသာကြပါစေဗျာ

မောင်ဘကြိုင်

ဟန်ကြည် said...

သာဓု သာဓု သာဓုဗျား ကြားရ ကြားရ နားဝမှာ နားဝင်ပီယံရှိလှပါဘိတော့...

တောက်ပကြယ်စင် said...

သတင်းကောင်းပဲဟေ့ ဒကာတော် ကိုမိုးယံလေးရေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလေစွ
တစ်ရက်ဖွင့် နောက်ရက်ပြန်ပိတ် အဲလိုမလုပ်ဖို့ဘဲ အရေးကြီးတာ
အင်တာနက် မြန်နှုန်းသာပိုကောင်းလာရင် အိုကေပေါ့။
ဝမ်းသာပါတယ် သတင်းကောင်းပါဘဲ။

ညိမ်းနိုင် said...

ဖြစ်သင့်တာကြာပေါ့.....

မြသွေးနီ said...

ဘာပဲဖြစ်ဖြစ် ၀မ်းသာတယ်...
စာတွေဖတ်လို့ရနေလို့....
ကွန်မန့်တွေပေးလို့ရနေလို့...
ဘယ်လောက်ခံမလဲပဲ စောင့်ကြည့်ရမယ်...

မြသွေးနီ said...

ဘာပဲဖြစ်ဖြစ် ၀မ်းသာတယ်...
စာတွေဖတ်လို့ရနေလို့....
ကွန်မန့်တွေပေးလို့ရနေလို့...
ဘယ်လောက်ခံမလဲပဲ စောင့်ကြည့်ရမယ်...

လသာည said...

အဲဒါကြောင့် ပျော်နေတာ..

...အလင်းစက်များ said...

ချက်ကြီးဆိုတဲ့ကောင်ဝက်ဘ်ဆိုဒ် ကို ဘာဆက်လုပ်မလဲ အဲ့ဒါသိချင်သေးတယ်..... ငါ့စီဘောက်စ် ပိတ်ထားတာ အဲ့ကောင်ကြောင့်။ မသင့်တော်ဘူးထင်လို့  လေ..... ဘလော့လာဖတ်တဲ့သူတွေက အမျိုးကောင်း သားသမီးတွေ ဒင်းကညစ်ညမ်း လင့်တွေ လိုက်ချတော့ ဘယ်ကောင်းမလဲ။ စိတ်ကုန်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ် အစိုးရသစ်ရေ။ သတင်းတွေမှားတယ် မှန်တယ် ဆိုတာ ဖတ်တဲ့ ပြည်သူက ဝေဖန် စမ်းစစ်ပါလိမ့်မယ်။

သတင်းတင်ပေးတဲ့ မောင်လေအိုးကိုလည်း ကျေးဇူးတင်ပါတယ်။

Anonymous said...

ချက်ကြီး ကိစ္စ ကိုနိုင်ထွဋ်ကိုပြောလိုက် သူ့နဲ့သိတယ်

ညိမ်းနိုင် said...

အွတ်........နာက ပိတ်သက်သီးသန့်ပါဟာ...:)))
အလကားနောက်တာ...၊အင်း....ဒီလိုဟာမျိုးတွေကိုတော့
ပိတ်သင့်တာအမှန်......၊တစ်ခုတော့ရှိတယ်...၊အင်တာ
နက်အွန်လိုင်းဆိုတာ tool တစ်ခုပါပဲ..၊ဒီဟာကို လူတွေ
ဘယ်လိုသုံးသလဲ....၊အဲ့ဒါကအရေးကြီးတာ...၊ဒီအတွက်
လူတစ်ဦးချင်းဆီရဲ့ ခံယူမှု၊စိတ်ဓာတ်၊အကျင့် အစရှိတာ
တွေကစကားပြောသွားပါ့မယ်...၊သူလင့်မချလည်းသွား
ချင်သူက မရမနေ မောင်သေပါ့မယ်ဆိုပြီး သွားမှာပါပဲ..။
မသွားချင်သူကတော့ မြင်လည်းကျော်သွားပါလိမ့်မယ်..။
ဒါပေမယ့် ကိုယ့် ကိုယ်ပိုင်ဘလော့မှာ ဒါမျိုးလာချပေးတာ
ကတော့ ကိုယ့်အခွင့်အရေးကိုထိခိုက်တာလည်းအမှန်...။
ဒါပေမယ့် ဒါမျိုးတွေက မလွဲမသွေကြုံနေရဦးမှာလည်း
အမှန်....။ဆိုတော့....ဒါမျိုးတွေလင့်လာချရင် ငါ့ကိုလက်
တို့နော်...ကိုလတ်....၊အဲ.....အစိုးရကိုပိတ်ဖို့ပြောမလို့
ပါ....:D

ကိုကိုးအိမ်(မန္တလေး) said...

အကြိုက်ပေါ့အကိုရာ... ခုများဖြင့် ဘယ်ပရုပ်ဆီမှ လူးစရာမလိုတော့ဝူး... နေကိုကောင်းလို့ ဟဲဟဲ

ခင်မင်စွာဖြင့်