Sunday, September 25, 2011

ကားဝယ်စီးချင်လား . . . ၊ ဈေးထပ်ကျဦးမယ်

713a

ကားဈေးများ ထပ်ကျဦးမည် ဆိုသည်ကို ကားဝယ်စီးသူများ တွက်ချက်ကြည့်ရန်လိုပြီး ကားဝယ်စီးလျှင် ရှုံးမည်ဆိုသည်ကို သတိပြုသင့်သည်ဟု ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ၊ မြန်မာနိုင်ငံနှင့် ကားမူဝါဒ အပေါ် လေ့လာနေသူများက သုံးသပ် ပြောကြားခဲ့ပါသည်။

ကားဟောင်းအပ်ပြီး စလစ် တစ်ရွက်အား ကျပ်သိန်း ၁၂၀ အထိ ဈေးခေါ်ဈေးကစားခြင်း၊ လေးဘီး နှင့် ဆလွန်းတိုက်ရိုက်လဲခြင်း၊ အမြတ်ကြီးစားထားသည့် ၀န်ဆောင်ခဈေးများနှင့် ကားသွင်းပေးမည့် ကုမ္ပဏီများကြားတွင် ကားဝယ်စီးခြင်းဖြင့် ဈေးမှန်မဖြစ်နိုင်၍ ရှုံးမည် ဟု ဆိုကြသည်။


၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူးဆလွန်းကို မြန်မာပြည်ဆိပ်ကမ်း အရောက် ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာ နဲ့ဆို ၁၉၀၀၀ ၀န်းကျင် ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင် . . .

ထပ်မံ၍မကြာမီ ကားအရောင်းပြခန်းများ လာရောက်ဖွင့်လှစ်မည် ဆိုပါက ၀ယ်ယူစီးနင်းရမည့် ကားဈေး၊ ပို့ကုန်လုပ်ငန်းရှင်နှင့် နိုင်ငံခြားငွေရသည့် လုပ်ငန်းလုပ်ကိုင်နေသူများ၊ နိုင်ငံခြားငွေရရှိနေသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းလာပါက ကျသင့်မည့်ကားဈေးများဖြင့် တွက်ချက် နှိုင်းယှဉ်ခြင်းဖြင့်လည်း ယခုဈေးများဖြင့် ၀ယ်စီးသူများအနေဖြင့် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ကို သတိပြုသင့်ကြောင်း သုံးသပ်ကြခြင်း ဖြစ်ပါ သည်။

ကားတစ်စီး အပြီးအစီးတန်ဖိုး တွက်ပြီးပြီလား . . .

“ကားဟောင်းတစ်စီးဝယ်ရင် အခု လေးဘီးက ကျပ် ၁၀၅ သိန်း၊ ကားပြန်သွင်းမယ်ဆိုရင် အခု ကုမ္ပဏီတွေ ဈေးခေါ်ထားတာ စီးပွားကူးသန်းက တင်သွင်းခွင့်ပေးထားတဲ့ CIF ဈေး အမေရိကန်ဒေါ်လာ ၅၀၀၀ တန် ၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူး ဆလွန်းကို မြန်မာပြည်ဆိပ်ကမ်းအရောက် ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာနဲ့ဆို ၁၉၀၀၀ ၀န်းကျင်ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင် ၂၅၅ သိန်း။ အခွန်ဆောင်ရမှာက ကညနမှာ ၀ယ်ရင်းဈေး FOBဈေး ဒေါ်လာ ၃၅၀၀၊ အကောက်ခွန်မှာ CIF ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၄၀ ရာခိုင် နှုန်းနဲ့ ဒေါ်လာ ၂၀၀၀၊ ကုန်သွယ် လုပ်ငန်းခွန်က CIF ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၂၅ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၁၂၅၀ ဆိုရင် စုစုပေါင်း ဆလွန်းကားတစ်စီး အတွက် ဒေါ် လာ ၆၇၅၀ ကျမယ်။ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ရင် ကျပ် ၅၄ သိန်း။ ဒီတော့ ကားဟောင်းတစ်စီး ၀ယ်ပြီး ဒေါ်လာ ၃၅၀၀ တန်ကားတစ်စီး သွင်းမယ့်သူက စုစုပေါင်းကျပ် ၃၀၉ သိန်းကုန်မယ်။ ကားဟောင်းရှိတဲ့သူ ကိုယ်တိုင်သွင်းရင်တောင် ၂၀၄ သိန်းလောက် ကုန်မယ့်ကိန်းပါ။ ၂၀၀၂ မတ်တူးကို ပြောတာ ဟိုဟာကုန် ဒီဟာကုန်နဲ့ဆိုရင် ကျပ်သိန်း ၂၁၀ လောက် ကျသင့်မယ်။ ကားဟောင်း ၀ယ်သွင်းမယ့်သူက တစ်ခြားကုန်ကျစရိတ်နဲ့ဆို ကျပ်သိန်း ၃၂၀ နဲ့ အထက်မှာကုန်မယ်”ဟု ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။

713
နေပြည်တော်တွင် ကားအို၊ ကားဟောင်းများ လာရောက်အပ်နှံစဉ်

“အခုကားဟောင်းဈေး၊ ကားအပ်ပြီး စလစ်မှာ ၀င်ကစားတဲ့ ပွဲစား စလစ်ဈေး၊ ခါတော်မှီလုပ်စား မယ့် ကားသွင်းပေးမယ့် ကုမ္ပဏီအချို့ကြောင့် ကားဟောင်းအပ်ပြီး သွင်းမယ့်သူတွေ မကုန်သင့်တာ ကုန်ကျနိုင်တယ်။ ဒါပေမယ့် ကားတစ်စီး သွင်းရင် ကျပ်သိန်း ၂၀၀ နဲ့ ၂၅၀ ဆိုတာ အများဆုံးပဲ ကျသင့်တယ် ဆိုတာ သတိပြုသင့်ပါတယ်”ဟု ကားဈေးကွက် လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရ ခွင့်ပြုချက်ကို ကပျက်ယပျက် လုပ်သူများစနက်နဲ့ ကားဈေး . . .

ကားဟောင်းအစီးရေ ၅၀၀၀၀ ကျော်အား ကားသစ်ဖြင့်လဲလှယ်ပေးရန် ဆောင်ရွက်နေသည့် အချိန်တွင် တစ်ဖက်၌လည်း ကားတင်သွင်းပေး မည့် ကြားခံပွဲစားကုမ္ပဏီအချို့က မည်သို့ အမြတ်ထုတ်ရမည်ကို ကြိုတွက်ကာ အကွက်ချစီစဉ်လျက်ရှိနေသည်ဟု သတင်းထွက်ပေါ်လာသည်။

ထိုသို့ ကြားခံ ပွဲစားကုမ္ပဏီများ၏ မတန်တဆ ဈေးခေါ်မှုများသည်လည်း ကားဟောင်းလဲကာ ကားသစ်တင်သွင်းသူများ အပေါ်များစွာ ထိခိုက်နိုင်ပြီး ကားသစ်များ၊ ကားသန့်များစီးရစေရန် ရည်ရွယ်ချက်ဖြင့် အစိုးရမှ ခွင့်ပြုပေးသည့်အပေါ် ၌ပါ ၎င်းတို့၏ လုပ်ရပ်မှာ သက်ရောက်မှု ရှိနိုင်သည်ဟု သုံးသပ်ကြပါသည်။

“စီးပွားကူးသန်းက မြန်မာ ဆိပ်ကမ်းအရောက် CIF ဈေး ဒေါ်လာ ၅၀၀၀ အထိသတ်မှတ်ပေးတယ်။ ပြည်ပ၀ယ်ရင်းဈေးက အမေရိကန်ဒေါ်လာ ၃၅၀၀ ပေါ့။ အ ခုကားသွင်းပေးမယ်လို့ ကြေညာနေတဲ့ ကုမ္ပဏီတစ်ချို့ကတော့ စီးပွားကူးသန်းက သတ်မှတ်ပေးထားတဲ့ မြန်မာပြည်ဆိပ်ကမ်း အရောက် CIF ဈေး ဒေါ်လာ ၅၀၀၀ အတန်းအစား ထဲမှာပါတဲ့ ၂၀၀၂ မော်ဒယ် Toyota မတ်တူးဆိုရင် ကျပ်သိန်း ၁၅၀ အထိဈေးခေါ်တယ်။ မြန်မာပြည် ဆိပ်ကမ်း အရောက်ဈေးပေါ့။ ဒီတော့ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ဦး ဒေါ်လာ ၁၉၀၀၀ ၀န်းကျင်အထိ ကျသင့်နေပြီ။ ဒါက အခွန်လုံးဝ မပါသေးဘူး။ ကားဟောင်းကားစုတ်လေး ပိုင်တဲ့သူက ဒီဈေးနဲ့သာ သွင်းရရင်သေရော။ ဘာမှမထူးဘူး။ တစ်ကယ်တော့ အစိုးရက ကားဟောင်းစီးနေရတဲ့သူတွေ ကားသန့်သုံးရပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ပေးတာ။ ဒီရည်ရွယ်ချက်ကို ပါ ကပျက်ယပျက် လုပ်နေတယ်လို့ မြင်ပါတယ်။ ၀ယ်တဲ့သူကိုကလည်း တစ်ခြားကား အမျိုးအစားဝယ်ရင် ဈေးသက်သာမှန်းသိရဲ့နဲ့ ရွှေငါးမှ ရွှေငါးဖြစ်နေတာကြောင့်လည်း ပါတယ်။ ရွှေငါးကိုမှီပြီး တခြားကား တွေကိုပါ ဈေးတင်လာမှာကို သတိထားသင့်တယ်”ဟု ကားတင်သွင်းရန် ကုမ္ပဏီ တစ်ခုသို့ စုံစမ်းခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။

“သွင်းတဲ့သူတွေ အနေနဲ့လည်း ဒီလို မတန်တဆ ဈေးခေါ်တဲ့ကုမ္ပဏီမျိုးကို လက်ရှောင်လို့ ရပါတယ်။ ကုမ္ပဏီတစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။ သူတို့တောင်းတိုင်း မပေးပဲ ကုမ္ပဏီတွေ စုံအောင် စုံစမ်းပြီးမှ ၀ယ်တာ အကောင်းဆုံးပါပဲ။ အခု ကြားတာက ကားတစ်စီတင်သွင်းခ ၀န်ဆောင်ခအဖြစ် ကျပ် ငါးသိန်းလို့ကြားတယ်။ အစီး ၅၀၀၀၀ ကျော်မှာ သုံးသောင်းပဲသွင်းတယ် ထားဦး ကုမ္ပဏီတွေ လက်ထဲကို ၀န်ဆောင်ခအဖြစ် ရောက်သွားမှာက ကျပ်သန်းပေါင်း ၁၅၀၀၀ လောက်ရှိ ပါတယ်။ ဂျပန်မှာ လေလံဆွဲတဲ့သူ တွေများလို့ ကားကောင်းတစ်စီး ထွက်တာနဲ့ဈေး မတန်တဆပေးဆွဲရင်း ၀ယ်ရင်းဈေးများ ကုန်တယ်တဲ့။ ဒါပေမယ့် ၀ယ်တဲ့သူတွေ အနေနဲ့က တော့ ရွှေငါးကို လက်ရှောင်လိုက်တာ ပိုပြီးကောင်းပါတယ်။ နောက်ပိုင်း ကားသစ်တွေ သွင်းလာရင်၊ ကားအရောင်းပြခန်းတွေဖွင့်ရင် ရွှေငါးလည်း ဈေးကျသွားမှာပဲလေ။ အခုကတည်းက သင့်တင့်တဲ့ ကားပဲဝယ်စီးတာ အမှန်ဆုံးလို့ ထင်ပါတယ်”ဟု ဂျပန်ဈေးကွက်တွင် ကားဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

ဝယ်စီးသူတွေ သတိပြုရမယ့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ ဖြစ်လာမယ့် ကားဈေး . . .

“နောက် သုံးလေးလဆို ကား အရောင်းပြခန်းတွေ ဖွင့်တော့မယ်။ နိုင်ငံခြားငွေ ရတဲ့လုပ်ငန်းလုပ်တဲ့သူ၊ ပြည်ပမှာ နိုင်ငံခြားငွေရအောင်အ လုပ်လုပ်နေတဲ့သူတွေ မကြာခင် ကားသစ်သွင်းတော့မယ်။ အားလုံး ပြီးစီးတဲ့အခါ အများပြည်သူကိုပါ လွတ်လပ်စွာ ၀ယ်ယူတင်သွင်း ခွင့်ပေးဖို့အထိ ထုတ်ပြန်ထားတယ်။ အဲဒီအချိန်မှာဖြစ်လာမယ့် ကားဈေး၊ ကားအရောင်းပြခန်းတွေ ဖွင့်ပြီးတဲ့ အခါ ဖြစ်လာမယ့် ကားဈေးတွေကို အခု ကားဝယ်စီးမယ့်သူတွေ သတိပြုသင့်ပါတယ်။ သွင်းတဲ့အခါ ၂၀၁၁ မော်ဒယ် Toyota Corolla Sedan လို မော်ဒယ်မြင့်ကို သွင်းတယ်ထားဦး အဲဒီကားသစ်က ဒေါ်လာ ၁၅၉၀၀ ပဲ ရှိတယ်။ ဒီကားအတွက် အခွန်ရော ကားအရင်းနဲ့ သယ်ယူစရိတ်ပါ ပေါင်းရင်တောင် စုစုပေါင်း ဒေါ်လာ ၅၀၀၀၀ ကျော်ပဲကျမယ်။ ကျပ်သိန်း ၄၀၀ ကျော်ပဲ အလွန်ဆုံးရှိမယ်။ ၂၀၁၁ မော်ဒယ်ကားသစ်က ကျပ်သိန်း ၄၀၀ ပဲရှိမယ်။ ၂၀၀၂ မော်ဒယ်ကို ရဖို့ ကားဟောင်းဝယ်တာနဲ့ သွင်း တာက ကျပ်သိန်း ၃၂၀ နဲ့အထက် ကျမယ်။ ဒါဆိုရင် ဘာကိုရွေးမလဲ။ အရောင်း ပြခန်းတွေလာလဲ ဒီလိုပဲ အခွန်ဆောင်ပြီး လွတ်လွတ်လပ်လပ် ၀ယ်ရင် ဒီဈေးထက်ကျဦးမှာ။ ကိုယ့်ဟာ ကိုယ်တွက်ကြည့်နိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ အဲဒီအချိန် ဖြစ်မယ့် ကားဈေးတွက် ရင်ကားဈေးကကျကိုကျမယ်”ဟု မြန်မာနိုင်ငံ၏ ကားမူဝါဒထုတ်ပြန် ထားချက်အပေါ် လေ့လာထားသူ တစ်ဦးကလည်း ထောက်ပြခဲ့သည်။

ကားစီးရင် ရှုံးမှာပဲ . . .

မည်သည့် အခြေအနေ၌ ဖြစ်စေ ရှေ့ဆက် ကားဝယ်စီးလိုသူများ သတိပြုသင့်သည့် အချက်မှာ ကားစီးလျှင် ရှုံးမည်သာဖြစ်သည် ဆိုသော အချက်ဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။

“ကားစီးရင် ရှုံးမယ်။ ပြခန်း တွေလာရင် အခုထက်ပိုဆိုးမယ်။ အခုလည်း ကားဟောင်းလဲပေးတဲ့ကိစ္စ နဲ့ ကားဈေးတွေ ထက်ဝက်နီးပါး ထိုးဆင်းသွားတာ ခံစားနေကြရတာ ပဲ။ တစ်ချို့ဆို ကားတွေ လက်ထဲမှာ အများကြီးနဲ့ တန်ဖိုးကျဆင်းသွားလို့ စီးပွားနဲ့ ဘ၀ကိုတောင် ရိုက်ခတ်ခံနေရသူတွေ ရှိနေတာ လက်တွေ့ပါပဲ။ ဒီတော့ ကားဝယ်စီးရင် စီးပါ အခုဈေးတွေနဲ့ အဟောင်း ၀ယ်ပြီး အသစ်သွင်းရင်လည်း ရှုံးဦးမှာပဲ”ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။

“ကားတန်ဖိုးတွေသာ ကျပြီး ကားအတွက် ကုန်ကျမယ့် စရိတ်က ပိုလာမယ်လို့ သုံးသပ်ထားပါတယ်။ ယာဉ်ရပ်နားခတွေတိုးလာနိုင်တယ်၊ ကားပြင်ဆင်စရိတ်တွေ တိုးလာနိုင်တယ်။ ကားတွေ များလာမယ်ဆို ဘယ်မှာထားကြမလဲ။ မြို့ထဲမှာ ဘယ်နေရာမှာ ကားရပ်ကြမလဲ။ ဒီအတွက် ကားပါကင်တွေပေါ်လာလိမ့် မယ်။ ကားပါကင်တွေကလည်း ကားရပ်နားခ ဈေးမြင့်တောင်းလာမှာ ပဲ။ ကားဝယ်စီးမယ့်သူတွေ သတိပြုရမှာက ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ခွင့်ပြုမယ့် ကားမူဝါဒအရရော ကားနဲ့ လမ်း၊ ကားနဲ့ ကားပါကင် အခြေအနေအရရော အခုဈေးတွေနဲ့ ကားဝယ်စီးရင် ရှုံးမှာပါပဲ။ ကားတန် ဖိုးသာကျမယ် ကားအတွက် နောက်ဆက်တွဲ ကုန်ကျစရိတ်က တက်နေ မှာပဲ”ဟု ကားဈေးကွက်အပြင် ယာဉ်ရပ်နားမှုနှင့် မြို့ပြအပေါ် လေ့လာထားသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

http://www.weeklyeleven.com/

3 comments:

မဒမ်ကိုး said...

ကားပဲငှားစီး ဘာမှမပူရတော့ဘူးး)အေးရော

Anonymous said...

ဝယ်မှမစီးနိုင်တာ မပူပါဖူးလေ
း) ဒါပေမယ့်ဈေးကွက်အနေထားနဲ့ နောက်ဖြစ်လာမယ့် အခြေအနေကိုတော့ ဒီအတိုင်းတွက်မိသား
ဈေးတွေထပ်ကျအုံးမှာပါ
မြန်မာပြည်က သူဌေးပေါတယ်လေ အဟောင်းတွေကို အဆမတန်ပေးဝယ်စီးကြလေရဲ့
မောင်ဘကြိုင်တော့ကားဆို ဆိုက်ကားတောင်မပိုင်ပါဗျာ
လူကတော့ကားနေတာပဲး)း)


မောင်ဘကြိုင်

mstint said...

မဒိုးကန်ပြောတာကို ထောက်ခံသွားတယ်း))
ဗဟုသုတတွေအတွက် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်