Wednesday, October 19, 2011

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အိန္ဒိယ၀န်ကြီးချုပ် ထုတ်ပြန်



အောက်တိုဘာလ ၁၄ ရက်နေ့က နယူးဒေလီရှိ သမ္မတနန်းတော်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊

သမ္မတကတော် ဒေါ်ခင်ခင်ဝင်းတို့အား အိန္ဒိယနိုင်ငံ သမ္မတ ပရာတီဘာဒေ၀ီ ဆင်းန်ပတေး၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ကြိုဆိုနှုတ်ဆက်စဉ်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်ရက်ကြာ ဗုဒ္ဓဂယာဘုရားဖူး ခရီးထွက်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ သမ္မတ ပရာတီဘာဒေ၀ီဆင်းန်ပတေး တို့နှင့် တွေ့ ဆုံခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကော်ဇောနီခင်းကာ နိုင်ငံတော် အဆင့်အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်း မန်မိုဟန်ဆင်းန်က ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီ အစိုးရအဖြစ် အသွင်ကူးပြောင်းမှုနှင့် ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုပါကြောင်း၊ အားလုံး ပါဝင်ပြီး ကျယ်ပြန့်သည့် လက္ခဏာ ရှိသော အသွင်ကူးပြောင်းမှုမျိုး ပိုမိုအားကောင်းစေရေးအတွက် လိုအပ်သော အကူအညီ အားလုံးပေးအပ်သွားမည် ဟု ကမ်းလှမ်းပါကြောင်း ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင်း လွှတ်တော် အစည်းအဝေးများ ကျင်းပမှုကိုလည်း ကြိုဆိုကြောင်းနှင့် ပါလီမန်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်ပြီး အိန္ဒိယ၏ အတွေ့အကြုံကို မျှဝေလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံမှုတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်၊ နယ်စပ်ကုန်သွယ် ရေးတိုးမြှင့်ရန်၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်မှု အရှိန်မြှင့်ရန်တို့ကို အဓိက ဆွေးနွေးခဲ့ကြ သည်။

Ref: AFP, AP

http://www.news-eleven.com/

1 comments:

Anonymous said...

သမတကြီး ပြောင် ကို တူတူတန်တန် ကြိုဆို ကြသား ဆိုးဘူးဟဲ့ ကောဇောနီ နဲ့ ဘာနဲ့

တကယ်တော့ ဂုံအိပ်နီ လောက်ဆိုရင်ကို ရပါပြီ

ရွှေစင်ဦး