Tuesday, July 3, 2012

ရိုဟင်ဂျာ စနက်တံ နဲ့  မြန်မာ အစိုးရ ဘာလဲ ၊ ဘယ်လဲ

တင်ကျော်ကျော်စိုး ၊         ၊ရခိုင် ပြည်နယ် မြောက် ပိုင်း မှာ အခြေစိုက် တဲ့ မြန်မာ စစ်တပ် က အရ
ရှိ တွေ ဟာဘင်္ဂါလီ ရိုဟင်ဂျာ တွေ နဲ့  ပေါင်းပြီး ကိုယ်ကျိုးစီး ပွား ရှား ဖွေ မှု တွေ ၊ ဒေသခံ တွေ ရဲ့  ပြဿနာ
တွေ ကို ဦးစား
မပေး မှု တွေ ကို ၊ ဘင်္ဂါလီ တွေ ရာဇ၀တ် မှု ကျူးလွန် ခဲ့ တာ တွေ ကို မသိကျိးကျွံ့ ပြု ခဲ့ တာ တွေ
ကို FNG မှ မကြာခင် တင်ဆက် ပါတော့ မည် ။ စောင့်မျှော် ဖတ် ရှု ကြပါ။
ရခိုင် ပြည်နယ် မြောက် ပိုင်း တွင်   အခြေစိုက် သည့် စစ်တပ် ၊ ရဲ အပါ အ၀င်  အစိုးရ လုံခြုံ ရေး တပ်
ဖွဲ့  များ တစ်ဖက် နိုင်ငံ မှ ခိုးဝှက် ၀င်ရောက် ကာ အခြေချ နေ ထိုင် သည့် ဘင်္ဂါလီ များ  ထံ မှာ နှစ်စဉ်
မြောက် များ လှ သော အကျိုး အမြတ် များ ကို ရှိ သည် ဟု မောင်တော မြို့  နယ် အခြေစိုက် အစိုးရ
မဟုတ် သည့် အဖွဲ့  အစည်း တစ်ခု မှ အကြီး အကဲ တစ်ဦး က FNG ကို ပြောသည်။
ထိုဒေသ တွင် ဆယ်စု နှစ် တစ်စု ကျော် ကြာတာဝန် ထမ်းဆောင် လာခဲ့ သည့် လုပ် ငန်း ပိုင်း ဆိုင်ရာ
ကျွမ်းကျင် သူ ဌာနေ NGO အရာ ရှိ သည် စစ်တပ် အရာ ရှိ များ ၊  ဘင်္ဂါလီ လူကုံ ထံ များ ၊ ဒေသခံ
ရခိုင်တိုင်း ရင်းသား ကြေး ရတတ် များ နှင့် လည်း နီးစပ် မှု ရှိ ပြီး ၎င်း တို့  ပြု လုပ် သည့် ဧည့် ခံ ပွဲ
များ နှင့် ဖိတ်ကြား မှု များ ကိုလည်း အမြဲ တစ်စေ လို လို ရောက် ဖြစ် သူ တစ်ယောက် ဖြစ်သည်။
ပြီး ခဲ့ သည့် သီတင်း ပတ် များ အတွင်း ရခိုင် ပြည်နယ် တွင် မငြိမ် သက် မှု များ နှင့် ပတ်သက် ၍ သူက
“  ကျွန်တော် ဒါမျိုး ဖြစ်လာ မယ် လို့  မထင် ထား ခဲ့ ဘူး ၊ တကယ် ကို မထင် ထား ခဲ့ တာ ပါ။ ဒီဒေသ
မှာ အခြေချ တဲ့ ဘင်္ဂလီ တွေ က နည်း လမ်း အမျိုး မျိုး သုံး ပြီး နိုင်ငံ သား ဖြစ်ရေး ပဲ။ ဒီလို အကြမ်းဖက်
တဲ့ နည်း တွေ ပါဝင် လာ မယ် လို့  ကျွန်တော် ဘယ် တုန်း က မှ မထင် ခဲ့ ဘူး ဟု FNG ကို ပြောသည်။
မောင်တော မြို့ နယ် သည် ရခိုင် ပြည်နယ် ၏ ဖွံ့ ဖြိုး တိုးတက်  မှု အနည်းဆုံး ဒေသ ဖြစ်သော် လည်း
တစ်ဖက် နိုင် ငံ နှင့် နီးစပ် သည့် ပြင် နယ်စပ် ကုန်သွယ်ရေး အခြေစိုက် စခန်း ရှိ ရာ မြို့  ဖြစ် သော
ကြောင့် စီးပွား ရေး ဆန်သည့် မြို့  တစ်ခု ပင် ဖြစ်သည်။ မောင်တော ဒေ သတွင် စိုက်ပျိုး ရေး လုပ်ငန်း
များ နှင့် မွေး မြူ ရေး လုပ် ငန်း များ ရှိ ပြီး ငါး ၊ ပုဇွန် စသည့် မွေး မြူ ရေး လုပ် ငန်း များ ကို စစ် တပ်
မှ ထိမ်း ချုပ် ထား သည်။   ထွက် ရှိသည့် ငါး ၊ ပုဇွန် များ မှာ လည်း ဒေသ တွင်းစား နပ် ရိက္ခာ ဖူလုံ
ရေး ထက် ဘင်္ဂါလီ များ မှ တစ် ဆင့်  ဘင်္ဂလား ဒေရှ် နိုင်ငံ ကို ရောင်း ချကြသည်သာ များသည်။
နယ်စပ် ကုန် သွယ် ရေး (နစက) ၊ လူဝင်မှု ကြီးကြပ် ရေး ၊ ရဲ နှင့် စစ်တပ် မှာ မောင်တော ဒေသ တွင်
အာဏာ လွှမ်း မိုး မှု အရှိ ဆုံး သူ များ ဖြစ်ပြီး ဒေသတွင်း ရှိ မင်္ဂလာ ဆောင် နှင့် မွေး နေ့  ပွဲ မှ လွဲ ၍
အရာ ရာ ကို ချုပ် ကိုင်ထားသည်။
နစက အရာ ရှိ များ မှာ ကိုယ်ကျိုး ရှာ အကျင့် ပျက် ချစား မှု တွင် ထိပ် ဆုံး က ဖြစ်သည် ။ ဘင်္ဂလား
ဒေရှ် မှ ကုန် ပစ္စည်းသာ မက လူပါ သွင်းသည် ဟု ကျော်ကြား သည်။ ဘင်္ဂလီ အများစု မှာ မောင်
တော နှင့် စစ်တွေ တွင် အခြေချ နေ ထိုင် ကြ သော် လည်း တောင် ကျော် လျှင် (မှတ်ပုံ တင် / နိုင်
ငံသား လက်မှတ်) မရှိ သူများ မှာ ခက် ခဲ ကြသည်။ လမ်းခရီး တွင် မှတ် ပုံ တင် ပြ ရသည့် ဂိတ် များ
ရှိ နေသည့် အတွက် ခရီးသွားလာ ရေး တွင် အဆင် မပြေ ကြ ချေ။
စစ်တပ် က တောင် ကျော် ချင်သည့် ဘင်္ဂါလီ များ ကို တစ်ဦး လျှင် သိန်း ဆယ်ဂဏန်းထိ ယူကာ ပို့ 
ဆောင် ပေး ကြသည် ဤ သို့  ဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ များသည် မကွေး ၊ ရန်ကုန် နှင့် မန္တလေး မြို့ များ
သို့  ရောက် ရှိလာ ကာ အခြေချ နေ ထိုင် ကြ တော့ သည်။ အချို့  လည်း ထပ်မံ ခရီး ဆက် ပြီး ထိုင်း
နှင့် မလေး ရှား သို့  ရောက် ကာ ဒုက္ခသည် များ  အဖြစ် ခံ ယူလိုက် ကြ ပြီး တတိယ နိုင်ငံ များ သို့ 
ရောက် ရှိ ကြ တော့ သည်။
ထိုခရီးလမ်း ကြောင်း အမေရိကန် နိုင်ငံ သို့  ရောက် ရှိ လာသည့် ဘင်္ဂါလီ ရိုဟင် ဂျာ ဒုက္ခသည် တစ်ဦး
ဖြစ်သူ အဗ္ဗဒူလာ ဖိုင်ဆယ် က ” ကျွန်တော် ၁၉၉၆ ခုနှစ် မှာ မောင်တော  ကို ရောက်တယ် ၊ မှတ်ပုံ တင်
လုပ် ဖို့  က ဈေးကြီးတယ်။ မကပ် နိုင်တာ နဲ့  တောင် ကျော် ပြီး ရောက်လာ တာပါ။ အဲဒီတုန်း ကတော့
စစ်တပ် ပေါ်တာ နဲ့  မဟုတ် ဘူး ၊ ဂိတ် တွေ မှာ လိုင်း ကြေး ပေး ပြီး ဖြတ်တာ ပါ။ ၂၀၀၀ ခုနှစ် မှာ မဲလ
ဒုက္ခသည် စခန်း ကို ရောက်တယ်။ ၂၀၀၄ ခုနှစ် မှာ အမေရိကန် ရောက်တယ်။ အခု တက္ကဆက် ပြည်
နယ် မှာ နေတယ် ” ဟု သူ ဖြတ် သန်း ခဲ့ ရသည့် ခရီး ရှည် ကြီး ကို အကျဉ်း ချုံး ပြောပြသည်။
ရခိုင် ပြည်နယ် ရှိ လူဝင်မှု ကြီး ကြပ်ရေး ဦးစီးဌာန နှင့် နယ်စပ် ဒေသ ရှိ လ၀က ၀န်ထမ်းများသည် ဘင်္ဂါ
လီ ရိုဟင်ဂျာ များထံ မှ တံစိုး လက် ဆောင် မြိုးမြိုး မျက် မျက် ရယူပြီး နိုင်ငံ ကူးလက် မှတ် ထုတ် ပေး လေ့
ရှိသည်။ ၎င်း တို့  သတ်မှတ် ထား သည့် ကာ လ ပေါက် ဈေး မပေး နိုင် သည့် ဘင်္ဂါလီ များ ကို နိုင်ငံ ကူး
လက်မှတ် ( နိုင်) ကို မထုတ် ပေး သော် လည်း ထောက် လှမ်း ရေး တစ်ခောတ် ဆန်း ချိန် က မူ ယာယီ
နေ ထိုင် ခွင့် နှင့် ခရီးသွားလာခွင့် ဆိုသည့် ကဒ် တစ်မျိုး ကို လစဉ် ကြေး ပုံစံ မျိုး ဖြင့် ပေး ပြီး ထုတ် ပေး
သည်။ ထို ယာယီ နေ ထိုင် ခွင့် ဆိုသည် မှာ အစိုးရ ၏ တရား ၀င် အစီအစဉ် မဟုတ် ပေ။ ဒေသရှိ ၀န်ထမ်း
များ နှင့် အထက် အရာ ရှိ များ ပူးပေါင်း ရိုက်စား လုပ် သည့် အစီအစဉ် တစ်ခု သာ ဖြစ်သည်။
မောင်တော နှင့် ဘူးသီးတောင် အထက် ဘက် တွင် နယ်စပ် ဖြတ် ကျော် မှု ခင်း များ နေ့  စဉ် လို လို ရှိသည်
။ မြန်မာ ဘက်ခြမ်း တွင် ရာဇ၀တ် မှု ခင်းများ ကျူးလွန် ထား သည့် ဘင်္ဂါလီ များသည် နယ်စပ် ဖြတ် ကျော်
ပြီး ဘင်္ဂါလား ဒေရှ် နိုင်ငံ ထဲ ကို ထွက် ပြေးကြသည်။
” မောင်တော ၊ ဘူးသီးတောင် ရာဇ၀တ် မှု ခင်း တစ်ဝက် လောက် က ဘင်္ဂါလီ တွေ ကျုးလွန် တာ ချဉ်း ပဲ၊
ပြီး ရင် နတ် မြစ် ကို ကူး ပြီး ထွက် ပြေး ကြတယ်။ ပြီး ရင် ပြန်လာ ကြတယ်။ ပုဇွန် အင်း တွေ မှာ လုပ်တဲ့
ရိုဟင်ဂျာ တွေ ဆို ဆေးခြောက် ၊ ဖင်ဆီဒိုင်း ရောင်းတာ တို့  တွေ ပါ လုပ် တယ် ” ဟု  မောင်တော မြို့ မှ
ကျန်းမာ ရေး ၀န်ထမ်း တစ်ဦး က ပြောသည်။
တရား မ၀င် ကျုးကျော် နေထိုင်သည့် ရိုဟင်ဂျာ များ ကို ခိုင်မာသည့် စည်းမျဉ်းစည်းကမ်း များ နှင့် အညီ
နေထိုင် ရန် ဒေသ ရှိ တာဝန် ရှိ သူ များ ကိုယ် တိုင် က မလုပ် ဆောင် ခဲ့ ကြ ။ ရာဇ၀တ် မှု ခင်း များ ဖြစ်
လျှင် လည်း ရုံး မရောက် ၊ ဂါတ် မရောက် မှီ မှာ ပင် ရိုဟင်ဂျာ ကြေးရတတ် များ က ငွေ ပေး ပြီး ရွေးထုတ်
ခဲ့ ကြသည်။ မောင်တော ရဲ များ ကလည်း လူနည်း စု မို့ ထင် ပါသည် ဘင်္ဂါလီ များ ကို ပြတ်ပြတ်သားသား
မကိုင် တွယ် ရဲ ။ စစ်တွေ မြို့  နေရာ အချို့ နှင့် မောင်တော တွင် ပါ ညအချိန် ဆိုလျှင် ဘင်္ဂါလီ များ ကြီးစိုး
သည့် နေရာ များ သို့  မြန်မာ အများ စု မ၀င်ထွက် ရဲ ကြ။
ချမ်းသာ သည့် ဘင်္ဂါလီ များ က တပည့် မွေး ၊ လူမိုက် မွေး လုပ် ပြီး ဒေသ တွင် တာဝန် ကျသည့် စစ်တပ်
ရဲ အရာ ရှိ များ ကို အိပ်ကပ် ထဲ ထည့် ကာ လူ တွင် ကျယ် လုပ် လာ သည် မှာ ထို ဒေသ တွင် ဆယ်စု နှစ်
တစ်ခု မခန့်  ရှိ ပြီုဖြစ်သည်။
ဘူးသီးတောင် ထောင် တွင် နိုင်ငံ ရေး အကျဉ်းသား အဖြစ် နှစ်အတန်ကြာ နေ ခဲ့ ဖူး သူ တစ်ယောက် က
” အပြင်က အာဏာပိုင် တွေ တော့ ဘယ်လို နေလဲ မသိ ဘူး ထောင် အာဏာ ပိုင် တောင် ဘင်္ဂါလီ ထောင်
ကျ တွေ ကို သောကြာ နေ့  ၀တ် ပြု ခွင့် ပေးတာ တို့  က အစ ဒေသခံ ရခိုင် တိုင်းရင်းသား တွေ ထက် ကို
ထူးထူးခြားခြား အခွင့် အရေး ပေး ရတယ် ” ဟု FNG ကို ပြောသည်။
၂၀၀၀ ပြည့် လွန် နှစ်များ တွင် နိုင်ငံ ရပ်ခြား မှာ မွတ်ဆလင် များ ၏ အကူ အညီ ဖြင့် ထိုဒေသ ရှိ ရိုဟင်ဂျာ
တို့ သည့် လှေစီးဒုက္ခသည် ဆိုသည့် အမည် ကို ရရှိ ရန် ကြံ ဆောင် ခဲ့ ကြသည်။ စွန့် စား ၀ံ သူ ရိုဟင်ဂျာ
များ က ဒေသတွင်းဉ် ၎င်း တို့  လုံခြုံ မှု မရှိ ဟု အကြောင်း ပြ ကာ လှေ ဖြင့် ထွက် ပြေး ကြခြင်း ဖြစ်သည်။
မလေး ရှား တွင် အသင့် စီစဉ်ထား သူ များ က ထို လှေစီး ဒုက္ခသည် ရိုဟင်ဂျာ များ ရောက် လာ လျှင် အဆင်
သင့် ပင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြု လိုက် တော့ သည်။
မလေးရှား သို့  လှေစီးဒုက္ခသည် အဖြစ် ရောက် ရှိ သွား သူ အများစု မှာ လှေစီး သူ များ ရှိ သလို လှေမစီး
ပဲ ၊ မြန်မာ နိုင်ငံ တွင်း ကုန်း လမ်း ခရီး ဖြင့် ကော့သောင်း သို့  အရောက် သွား ကာ ထို မှ တစ် ဆင့် ထိုင်း
နယ်စပ် မှ မလေး သို့  တစ်ဆင့် ၀င်ကာ ဒုက္ခသည် အဖြစ် ခို လှုံ ကြ ပြန်သည်။ ပေး သူ ၊ ယူသူ ကြည်ဖြည်
လျှင် ကား မည်သို့ မျှ ကန့် ကွက် စရာ မရှိ သော် လည်း မောင်တော လို နေရာ မျိုး တွင် ကုန် စုံ ဆိုင် ကြီး
ဟီး နေ အောင် ဖွင့် ခဲ့ သည့် ဘင်္ဂါလီ ကား မလေး ရှား UN ရောက် သော် မြန်မာ နိုင်ငံ တွင် သူ့  ဆွေ မျိုး
များ အသတ် ခံ ရ ပြီး သူ ကိုယ် တိုင် လည်း စားရ မဲ့ သောက် ရမဲ့ ဖြစ် လူ့  အခွင့် အရေး ချိုးဖောက်ခံ ခဲ့
ရပါသည် ဆိုတော့ ၎င်း တို့  ၏ လိမ် လည် ထွက် ဆို ခြင်း ကား အကျဉ်းတန် လှပေသည်။
တကယ် တော့ လှေစီး ရိုဟင်ဂျာ လှေ စီး ဒုက္ခသည် မြစ် ဖျား ခံ ရသည် စစ်ထောက်လှမ်း ရေး လက်ထက်
က တမင် အကွက် ချ ကြံ စည် မှု ကြီး တစ်ခု ပင် ဖြစ်သည်။  အနောက် နိုင်ငံ များ သို့  မြန်မာ နိုင်ငံ မှ ထွက်
သည့် ဒုက္ခသည် ဆိုသည် မှာ နိုင်ငံ ရေး အရ တို့  ၊ IDP တို့  ဆိုသည် ကို ပုံဖျက် ခြင် ၍ ခု လို နိုင်ငံ မဲ့ ဂျစ်
ပစီ လူတန်း စား တစ် ရပ် ကို ကျူးဘား ဖောင်စီး ဒုက္ခသည် အရေး လို စနစ် တကျ မွေး ထုတ် ခဲ့ ခြင်း ပင်
ဖြစ်သည်။
လှေစီး ရိုဟင်ဂျာ ဒုက္ခသည် များ နှင့် ပတ်သက် သည့် အတိတ် ခြေရာ တစ်ခု ကို ယခင် စစ်မဟာဗျူဟာ
လေ့လာ ရေး ဌာန မှ အရာ ရှိ ဟောင်း တစ်ဦး ဖြစ်သူ က ” စက်တင် ဘာ ၁၁ နောက် ပိုင်း မှာ ကျွန်တော်
တို့  ရိုဟင်ဂျာ နဲ့  ပတ်သက် 
ပြီး ပရီယိုရတီ ဦးစားပေး အဆင့် အနေ နဲ့  ကိုင်တွယ် လာတယ်။ အာဖဂန် နစ္စ
တန် က ထွက် ပြေး လာ တဲ့ တာလီဘန် သူပုန် တစ် ချို့  က ရခိုင် နဲ့  ဘင်္ဂလား နယ် စပ် မှာ ခိုလှုံ မှု ပြုတယ်
လို့  အမေရိကန် အစိုးရ က ကြေငြာ တော့ ဒီ ဒေသ က ဘင်္ဂလီ တစ်ချို့  ကို သတင်း ပေး အနေ နဲ့  မွေးမြူ
ခဲ့ ရတယ်။ ဒါပေမယ့် ထူးထူး ခြားခြား တာလီ ဘန် ၊ အယ်(လ)ခိုင်ဒါ သတင်း တွေ တက် မလာ ခဲ့ ဘူး ၊
နယ်မြေ အတွင်း မှာ များ နေတဲ့ မွတ် ဆလင် ၀ိတ် ကို ပြန် ချ ခြင် တဲ့ အခါ သူ တို့  ထဲ က တစ်
ချို့  ကို လှေ နဲ့  ထွက် ခွင့် ပြု တာ တွေ မှာ  မြန်မာ့ ရေတပ် အပါ အ၀င် ဘာ မှ အတားအဆီး မရှိ ပဲ ပင်လယ်
ထဲ ကို လွှတ်ပေး လိုက်တယ်။ ၂၀၀၂ လောက် မှ စတာ ပေါ့ ။ အလုံး အရင်း နဲ့  မဟုတ်သေး ဘူး။ သူ တို့ 
က ဘင်္ဂလား မပြန် ချင် ကြ ဘူး  ၊ ရန် ကုန် ၊ မန္တလေး မှာ အခြေ ချ နိုင်  ဖို့  နဲ့  တတိယ  နိုင်ငံ ထွက် ဖို့ 
က သူ တို့  ရဲ့  ဦးစား ပေး ပဲ ။ ကျွန်တော် တို့  က တော့ ဘယ် လို  မှ ပြည်တွင်း ထဲ စိမ့် ၀င် လာ နိုင် ဖို့  ကို
ခွင့် မပြု ခဲ့ ပါဘူး ” ဟု FNG ကို ပြောသည်။
စစ်အစိုးရ လက် ထက် ကျင်း ပခဲ့ သည့် ၂၀၁၀  ရွေးကောက် ပွဲ တွင် ကြံ့ဖွတ် ပါတီ ကို မဲပေး နိုင် ရန် အတွက်
ရိုဟင်ဂျာ အချို့   ကို နိုင်ငံ သား စီစစ် ရေး ကဒ် ထုတ် ပေး ခဲ့ ရာ ရိုဟင်ဂျာ ၊ ဘင်္ဂါလီ တို့  ၏ စီးပွား ရေး ၊ လူမှု
ရေး ၊ နိုင်ငံ ရေး ၊ ဘာသာ ရေး အင်ပါယာ ချဲ့  ထွင် လာ ခဲ့ သည်။ ပလီ တွေ တစ်လုံး ပြီး တစ်လုံး တိုးလာ
သည်။ တစ်နွယ် ငင် တစ်စင် ပါ ဆို သလို ကုရန် အန် ကျမ်းစာ သင် ကျောင်း တို့ ၊ မွတ်ဆင်လင် ကျန်းမာ
ရေး စောင့်ရှောက် မှု ဌာန တို့   ဖြစ်လာ သလို ၊ စီးပွား ရေး တွင် လည်း ပွဲရုံ ၊ ကုန်လှောင် ရုံ ၊ ရေ လုပ်ငန်း
စသည် ဖြင့် ကျယ် ပြန့် လာခဲ့ သည်။
ထို အဖြစ် ပျက် ကို ကား ရခိုင် ရိုး မ အရှေ့ ဘက် ခြမ်း နေသူ များ အတွက် ရင်ခုန် စိတ်လှုပ်ရှား စရာ ဖြစ်မလာ
ခဲ့ သော်လည်း ဇာတိ ချက် ကြွေ မွေး ရပ် မြေ ၊ ဓား မ ဦး ချ ရခိုင် တိုင်း ရင်းသား တို့  အတွက် နာကျဉ်း ခံပြင်း
စရာဖြစ် လာ ခဲ့ သည်။
ဌာနေ ရခိုင် တိုင်းရင်း သား ကလေး က လမ်းလျှောက် ပြီး ကျောင်းသွား နေ ချိန် တွင် ဘင်္ဂါလီ ကလေး က စူပါ
ကပ် ဆိုင် ကယ် နှင့် ဖြစ်သည်။
အဖြစ်ကတော့ မနှစ် က နှင့် မတူ ဟု ဆို ရမည့် အချက် မှာ ၊ ဒေသ ရှိ အာဏာ ပိုင် တို့  က ဘင်္ဂါ လီ ရိုဟင်ဂျာ များ
နှင့် သူဌေး ကြေး ပ ဆက် ဆံ ရေး ပင် ဖြစ်သည်။ ကြာတော့ ဘင်္ဂါလီ များ သည် ၎င်း တို့  ကိုယ် တိုင် ပင် တစ်ဖက်
နိုင်ငံ မှ ခိုးဝင် လာသူ များ ဆို သည် ကို မေ့ ချင်ချင် ဖြစ်လာ ကြသည်။
ကြာတော့  အမှိုက် က စ တစ်မြို့  လုံး မီး လောင်ခဲ့ သည်။
ပြီးခဲ့ သည့် သီတင်း ပတ် က ရခိုင် ပြည်နယ်  တွင် ဖြစ်ပွားခဲ့ သည့် မငြိမ် သက် မှု များ သည်  “  လူ တွင်
ပါ လို့  နွား ကျား ကိုက် သည် ဟု ဆိုရမည့် ဇာတ် လမ်း ” ဟု အသက် ၇၀ ကျော် အရွယ် ရှိ စစ်တွေ မြို့  မှာ ကျောင်း
ဆရာ ဟောင်း တစ်ဦး ဖြစ်သူ ဦးစိုးတင့် က ပြောသည်။
အခြား တစ်ယောက် ၏ အမြင် တွင် တော့ ” ရိုဟင်ဂျာ ကိစ္စသည် စနစ် ၏ ဆိုး မွေး ဖြစ်ပြီး ၊ လူမှု ရေး ၊ နိုင်ငံရေး အရ
ပေါက် ကွဲအား ပိုပြင်းထန် နိုင်သည့်  စနက် တံ  အဖြစ် ဆက် ရှိ နေ အုံး မည် ” ဆိုသည်။
Photo by  Lynn Bo Bo
ဤ ဆောင်းပါး တွင် ဖော်ပြထား သည့် ဓာတ်ပုံ အား လုံး မှာ ရခိုင် ပြည်နယ်  တွင်  လင်းဘိုဘို ရိုက်ကူး
ထားသည့် ဓာတ် ပုံ များ ဖြစ်သည်။ စစ်တွေ မြို့  နာဇီ ကျေးရွာ တွင် ရိုက် ကူးထား ခြင်း ဖြစ်သည်။
http://freedomnewsgroup.com/2012/06/24/whos-who-in-rohingya/

2 comments:

MAY said...

ရိုဟင်ဂျာတွေ ကျိကျိတက်ချမ်းသာနေတဲ့ ဘရူးနိုင်းတို့ မလေးတို့ကို မသွားပဲ သူတို့နဲ့ ကိုးကွယ်မှုမတူတဲ့ မြန်မာပြည်ထဲ ဘာကြောင့်များ ဒုက္ခခံခိုးဝင်လာတာလဲဟင်၊ ဟိုနိုင်ငံတွေကရောသူတို့နိုင်ငံသားတွေကို ကယ်တင်သောအားဖြင့် ဘာလို့ မခေါ်ကြတာလဲဟင်......

ကလားမလေး သိချင်လို့ ဖြေပေးပါး)

မိုးယံ said...

ဟင့်အင်း ဘာမှ ကိုယ့်အြမင် မပြောလို...ကျွန်တော်က ဖတ်မိတာလေး ပြန်လည်ဖောက်သည်ချတဲ့ သဘောပါ... စာဖတ်သူရဲ့ အမြင်သာ အရေးကြီးပါတယ်လေ..။