Thursday, September 6, 2012

ကရင်အမျိုးသား အစည်းအရုံး(ဗဟို)နှင့် သမ္မတဦးသိန်းစိန်တို့ အလွတ်သဘောဆွေးနွေး

Thein-Sein-24-8-2012
သမ္မတကြီးဦးသိန်းစိန်
နေပြည်တော်
ဧပြီလ (၇)ရက်၊ ၂၀၁၂ ခုနှစ်
ဦးသိန်းစိန် ။     ။ ကျနော်က ပုသိမ်မြို့ ကပါ။ ကျနော်နဲ့ ကရင်တိုင်းရင်းသားတွေ နဲ့ဆွေမျိုးမကင်းဘူး။ ကျနော့်အမျိုးသမီးကတော့ ကျောက်ကုန်းရဲ့ ၀က်ချောင်းဆိုတဲ့ကရင်ရွာကြီးမှာနေတယ်။  သူက ကယား၊ ကရင်တိုင်းရင်းသားတွေလည်း တစ်ဝက်နေ တယ်။ ဗမာတိုင်းရင်းသားတွေလည်း တစ်ဝက်နေတယ်။ ၀က်ချောင်းတို့ အောင်စိန်တို့ ကျောက်ကုန်းရဲ့ အနောက်ဘက်ခြမ်းကုန်း၊ ကျနော် ကျောင်းနေတော့  ပုသိမ်လာပြီးတော့ ကျောင်းနေတယ်။ ကျောင်းလာနေတာက (၈) တန်း (၉)တန်းလောက်မှလာနေ တယ်။ ကျန်တဲ့အချိန်က တော့ ကျေးလက်မှာမွေးတော့ ကျောင်းကကောင်းကောင်းမရှိဘူး။ မူလတန်း ဘဲရှိတယ်။ မူလတန်း အောင်ပြီးတော့ တက်စရာကျောင်းမရှိ တော့ဘူး။ တက်စရာကျောင်းမရှိတော့ ပုသိမ်မှာ တစ်နှစ်သွားတက်လိုက်တယ်။ ညီအစ်ကိုနှစ်ယောက် နောက်နှစ်ကျတော့ မတက်နိုင်ဘူး။ မိဘတွေကလည်း ချို့တဲ့တယ်။ မိဘတွေကလည်း စျေးရောင်းပြီး ကျောင်းထားတယ်။ ကျနော့်အစ်ကိုက အတန်းနည်းနည်းကြီးတယ်။ သူက (၈)တန်း ကျနော်က (၅)တန်းအောင် (၆)ဆိုတော့ နှစ်ယောက် ခွဲနေရတယ်။ တစ်ယောက်ဘဲနေနိုင်ပြီးတော့ ကျနော်က ပြန်လာတယ်။ ရွာမှာပြန်လာ တယ်။ရွာမှာပြန်လာတော့အင်္ဂလိပ်စာတတ်ချင်တယ်။ အင်္ဂလိပ်စာသင်ပေးမယ့်သူ အင်္ဂလိပ်စာတတ်တဲ့လူကလည်းတစ်ယောက် မှ မရှိဘူး။ ဒီတော့ တစ်နှစ် ကျောင်းမတက်ရဘူး။ နောက်စုံစမ်းလိုက်တော့ ဟိုင်းကြီးကျွန်း ဟိုဘက်မှာ ရခိုင်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ ရှိ တယ်။ အဲ့ဒီမှာ အလယ်တန်းကျောင်းရှိတယ်။  ဆွေမျိုးအသိအိမ်တအိမ်မှာ နေပြီးတော့ (၆)တန်း တစ်နှစ်နေတယ်။ (၇)တန်းတစ်နှစ် နေတယ်။ (၇)တန်းအောင်ပြီးတော့ တက်စရာကျောင်းကမရှိပြန်ဘူး။  ပုသိမ်ကို ပြန်ရောက်သွားတယ်။  ပုသိမ်ပြန်ရောက်တော့ (၈)တန်း (၉)တန်း (၁၀) တန်းပေါ့လေ။ ဆယ်တန်းအောင်ပြီးတော့ စစ်တက္ကသိုလ် ဖြေပြီးတော့ စစ်တပ်ထဲ ရောက်သွားတယ်။ ကျနော့အစ်ကိုရဲ့ အမျိုးသမီးက ကရင် တိုင်းရင်းသူဖြစ်တယ်။ ကျနော့်တူတွေဆို အစ်ကိုနဲ့တော့သိပ်မတူဘူး။ ကျနော် ဗိုလ်သင်တန်းတက်တော့ ဗိုလ်လောင်းနံပါတ်က (၃၉၉) ဖြစ်တယ်။ စစ်တက္ကသိုလ်ကျောင်းဆင်းတော့ တပ်ထဲမှာနေရင်းပျော်ရင်းနဲ့။ နောက်တော့ ကျနော်တပ်ရင်းမှူးဖြစ်လာတယ်။ ကျနော့်ကို ကားမောင်း ပေးတဲ့သူက ကျနော့် နဲ့ရွယ်တူပဲ၊ ကျနော့်ကို တောက်လျှောက် ကားမောင်းပေးတယ်။ ကျနော် သူ့နာမည်တော့ ကောင်း ကောင်းမမှတ်မိပါဘူး။ သူကိုစတွေ့ကတည်းက ဖထီး ဖထီးလို့ပဲ ခေါ်တယ်။ ကျနော်ပြောချင်တာကတော့ကျနော်တို့ ဟာ ဆွေမျိုးသားချင်း တွေပါပဲ။ ညီအစ်ကိုတွေလိုဘဲ ဆက်ဆံနေကြတာပါ။ ကျနော်က မြစ်ဝကျွန်းပေါ်သားဆိုတော့ ပိုပြီးတော့နီးစပ်တယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ က ရင်တိုင်းရင်းသားတွေအများကြီးဘဲရှိတယ်။ ဆွေမျိုးသားချင်းတွေလိုဘဲ ကျနော်တို့ သဘောထားပါတယ်။ ဒါကတော့ အမြင်နှစ်ခုပေါ့။ ဒီအ မြင်နှစ်ခုကို ဒီကနေ့ထိ ကျနော့်ရင်ထဲမှာ  ပြန်ပြီးတော့ သုံးသပ်ကြည့်တယ်။ စစ်ကျောင်းတက်လို့ စစ်သားဖြစ်လာတယ်။ စစ်သား ဖြစ်လာတော့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ တပ်ရင်းတရင်းကို ကျနော်ရောက်တယ်။ အဲ့ဒီအချိန်တုန်းကလည်း မြစ်ဝကျွန်းပေါ်မှာ တော်တော်လေးကို မအေးမချမ်းဖြစ်တဲ့အချိန်ဖြစ်တယ်။ ကွန်မြူနစ်အဖွဲ့တွေလည်းရှိတယ်။ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ရှိတယ်။ဗြောင်းစိန်တို့အဖွဲ့လည်းရှိတယ်။ ဒီအဖွဲ့တွေနဲ့ တိုက်ကြခိုက်ကြတာတွေရှိခဲ့တယ်။ သျှမ်းပြည်ဘက်က တော်တော်ကြာတယ်။ 2 IC  ဖြစ်တဲ့အချိန်ကျတော့ တိုက်ပွဲတွေအတော်လေးကို ပြင်းထန်တယ်။ ၁၉၇၁ ခုနှစ်မှာ ရက်ပေါင်း(၄၀)တိုက်ပွဲတွေမှာ  ကျနော်တို့ ပြင်းပြင်းထန်ထန်လေး စစ်ပြုခဲ့တယ်။ တပ်ရင်းမှူးဖြစ်တော့ ချင်းတောင်ဘက်ရောက်သွားတယ် ချင်းတောင်ဘက်ရောက်တော့ အေးအေးဆေးဆေးပါဘဲ လုံခြုံရေးတာဝန် လောက် ဘဲယူရတယ်။ကျနော်ကလေး တပ်ရင်းမှူး ကနေတဆင့် စစ်ရုံးရောက်တယ်။ စစ်ရုံးကနေတဆင့် တမ်မဟာမှူး ဖြစ်လာတယ်။ တပ်မဟာမှူး ကနေတဆင့် စစ်ဗိုလ်ကြီးဖြစ်လာတယ်။ ကျနော်ပြောချင်တဲ့အမြင်နှစ်မျိုးကို တစ်မျိုးကတော့ စစ်သားဘဝတုန်းက တစ်ဖက်နဲ့တစ်ဖက် တိုက် ခိုက်နေရသလို ကျနော်တို့ စစ်သားအမြင်နဲ့ကြည့်ရင် တော့ ရန်သူပဲ ကျနော် တို့အမြဲတမ်းမြင်တယ်။ တပ်ရင်းမှူးလောက်ထိ ကျနော်တို့ မ တိုက်ကြတော့ဘူး၊ တစ်ဖက်နဲ့တစ်ဖက် သူသေကိုယ်သေနဲ့အကြိတ်အနယ်တိုက်နေကြတော့ ကိုယ့်ရဲ့တိုင်းရင်းသား ကိုယ့်ရဲ့လူမျိုးဆိုရင် မခံနိုင် ဘူး။ စစ်ရေးအမြင်နဲ့ကြည့်လိုက်လို့ရှိရင် ရန်သူလိုဘဲမြင်တယ်။ သို့သော် လည်း  အခုလို ဒီတာဝန်တွေ ထမ်းဆောင်လာရတဲ့အခါမှာ ကြည့် လိုက်တော့ မြန်မာနိုင်ငံဆိုတဲ့ နယ်နိမိတ်တစ်ခုအတွင်းထဲမှာ အမိုးအကာတစ်ခုထဲအောက်မှာ အတူတူနေထိုင်ကြတဲ့ တို့ရဲ့တိုင်းရင်း သားတွေ ဘဲ။ ပလောင်ဆိုတာလည်း လူမျိုးစုတစ်စု ၊ကရင်ဆိုတာလည်းလူမျိုးစုတစ်စု၊ ချင်းဆိုတာလည်းလူမျိုးစုတစ်စု၊ ကချင်ဆိုတာလည်း အလားတူ ဘဲ။ဒီမြန်မာနိုင်ငံဆိုတဲ့နယ်နမိတ်ကြီး ထဲမှာ အမိုးအကာတစ်ခုထဲ အဝန်းအဝိုင်းအောက်မှာ အတူတူနေနေကြပါတယ်။ ဗမာဆိုတာလည်း လူမျိုး စုတစ်စုဘဲ၊တိုင်းရင်းသားအချင်းချင်းတွေ ပြန်ပြီးတော့ တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြ မယ်ဆိုရင် အသက်အရွယ်လည်းရရော ဒါတွေဟာ မှား ယွင်းတယ် ဆိုတဲ့အမြင်က ကျနော်တို့မှာ မြင်လာတယ်။ အခုမှားယွင်းတယ်ဆိုတဲ့အမြင်ကို မြင်လာတဲ့အပြင် အခုလို တိုင်းပြည်ရဲ့တာဝန်ကို တစ်ဖက်တစ်လှမ်းကနေပြီးတော့ ယူရပြုရတဲ့အခါမှာတော့ ပိုပြီးတော့နက်ရှိုင်းလာတယ်။ ဗမာဆိုတာလည်းလူမျိုးစုတစ်စု၊ ကရင်ဆိုတာလည်း လူမျိုးစုတစ်စု ၊ ချင်းဆိုတာလည်း လူမျိုးစုတစ်စု၊ ကချင်ဆိုတာလည်း လူမျိုးစုတစ်စု အတူတကွနေနေကြတယ်။ တကယ့်နိုင်ငံရေးကို ပြန်ပြီးတော့ ချုပ်လိုက်လို့ရှိရင်တော့ အိမ်တစ်အိမ်မှာအတူနေကြတဲ့ မိသားစုတွေပေါ့။ ဒီအဖေ ဒီအမေက မွေးလာတယ်။ သို့သော်လည်းဘဲ ဒီ အဖေဒီအမေ က မွေးလာပေမယ့် ညီအစ်ကို မောင်နှမ လေးငါးယောက် လောက်ရှိရင် တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ စိတ်နေစိတ်ထားလည်း မ တူကြဘူး။တစ်ယောက်က အရပ်ရှည်ရင် ရှည်မယ်။ တစ်ယောက်ကအရပ်ပုရင် ပုမယ်။  တစ်ယောက်က အသားဖြူရင် ဖြူ မယ်။ တစ်ယောက် က အသားညိုရင်ညိုမယ်။ တစ်ယောက်က စိတ်ရှည်တယ် သိပ်သည်းခံတတ်တယ်။ တစ်ယောက်ကစိတ်တိုတယ် စိတ်ဆပ်တယ်။ ဒါတောင်မှ ဒီ အဖေအမေ အတူတူ ကျနော်တို့ကို မွေးဖွားလာကြတယ်။ ဒီတော့ တို့တိုင်းပြည်နဲ့ ယှဉ်ကြည့်လိုက်လို့ရှိရင်တော့ အိမ်ထောင်စုတစ်စုထဲမှာ ဒီ လိုဖြစ်လို့ရှိရင်တော့ တိုင်းပြည်အတွင်းထဲမှာ နေတဲ့လူမျိုးစုတွေလည်း ဒီအတိုင်းဘဲ ဘာသာစကားလည်းမတူဘူး၊ ကိုးကွယ်တဲ့ ဘာသာတွေ ကလည်း တူချင်မှတူမယ်၊ ဓလေ့စရိုက်တွေကလည်းတူချင်မှတူမယ်။ ဒါတွေကို ကျနော်တို့ ပြန်ပြီးချုပ်လိုက်ရင် အိမ်ထောင်စုတစ်စုထဲမှာ အ တူနေကြတဲ့ ညီအစ်ကိုမောင်နှမတွေ၊ ဒီညီအစ်ကိုမောင်နှမတွေ  စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့စည်းစည်းလုံးနဲ့ နေနိုင်ကြပါရန်၊ ဒါလေးတွေ ကို ကျနော်တို့က စပြီးတော့ ဆင်ခြင်ပါ့မယ်၊ စဉ်းစားပါ့မယ်။ ဆင်ခြင်စဉ်းစားပြီးတော့မှ နိုင်ငံတော်အစိုးရရဲ့တာဝန် ပြောင်းတဲ့အချိန်မှာ တိုင်း ပြည်ရဲ့နိုင်ငံရေးစနစ်က ပြောင်းလဲလာတယ်။ ဒီမိုကရေစီလမ်းစဉ်မမှားဖို့အတွက် လမ်းစဉ်(၇)ရပ်ချပြီးတော့မှ ဒါကို ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ဒီကနေ့ ပြည်သူရွေးချယ်တင်မြောက်တဲ့ အစိုးရဖြစ်လာတယ်၊ ပြည်သူရွေးချယ်တင်မြောက်တော့ လွှတ်တော်ဆိုတာရှိလာတယ်။ တရားစီရင် အဖွဲ့ဆိုတာလည်း ကျနော်တို့မှာရှိတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ မျှမျှတတနဲ့ တန်းတူညီတူအခွင့် အရေးရှိဖို့ ဆိုတာ ဒါအနှစ်သာရတစ်ခုဘဲ ခံစားလို့ရပါတယ်။ လူမျိုးစုတွေ တစ်ယောက်နဲ ့တစ်ယောက် အချင်းချင်းစိတ်ဝမ်းကွဲနေကြတယ်။ အဓိက က တော့ ကျနော်တို့ ဒီအပေါ်မှာ အခြေခံလာတယ်၊ တန်းတူညီတူရှိဖို့၊ တန်းတူညီတူဆက်ဆံဖို့ အခွင့်အရေးကို မျှမျှတတနဲ့ရစေချင်လို့ ဖြစ်ပါ တယ်။ နောက်တခါ ပြန်ကြည့်လိုက်ပြန်တော့လည်း မြန်မာနိုင်ငံဆိုတာ ကျနော်တို့ပိုင်တယ်၊ ကျနော်တို့နဲ့  ဆိုင်တယ်၊  ကျနော်တို့ပိုင် သလို၊ ကျနော်တို့နဲ့ ဆိုင်သလို ကရင်တိုင်းရင်းသားလည်း သူတို့လည်းပိုင်တာပဲ သူတို့နဲ့လည်းဆိုင်တာပဲ၊ သူတို့နိုင်ငံပဲ။ ချင်းတိုင်းရင်းသား လည်း ဒီအတိုင်းပါဘဲ၊ မွန်တိုင်းရင်းသားလည်း ဒီအတိုင်းပါဘဲ၊ ဗမာတိုင်းရင်းသားလည်း  ဒီအတိုင်းပါဘဲ။ ဒီအပေါ်မှာ ကျနော်တို့ရဲ့ စေတ နာတွေ ကျနော်တို့ရဲ့ဆန္ဒတွေ  ကျနော်တို့ရဲ့မျှော်မှန်းချက်တွေ နောက်ပြီးတော့ ကျနော်တော်တို့ရဲ့သဘောထားတွေ စုစည်းပြီးတော့မှ ဘာ ဘဲဖြစ်ဖြစ် ဒီအစိုးရတာဝန်ယူတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်ကြမယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုပြီးတော့ ကျနော်တို့ ကမ်းလှမ်း ခဲ့ကြတယ်။ဒီအထဲမှာ ထင်ရှားတဲ့အမြင်တစ်ခု ပြောရမယ်ဆိုရင် ကျနော်တို့အချင်းချင်းတွေ တိုက်ခိုက်သတ်ဖြတ်နေကြတယ်။ ကရင်စစ်သား တစ်ယောက်သေတာ ကိုယ့်နိုင်ငံသားတစ်ယောက်ဆုံးရှုံးတာဘဲ၊ ဗမာစစ်သား တစ်ယောက်သေတာ ကိုယ်နိုင်ငံသားတစ်ယောက်ဆုံးရှုံး ရသ လိုဘဲ၊ အလားတူဘဲ သျှမ်းလည်းဒီအတိုင်းဘဲ၊ ကချင်လည်း ဒီအတိုင်းဘဲ၊မွန်လည်း ဒီအတိုင်းဘဲ။ ပြောကြစတမ်းဆိုရင်တော့ ဒီဆုံးရှုံးတာတွေက အမှန်တော့ နိုင်ငံအတွက်ဆုံးရှုံးတာဘဲ။ ဒီဆုံးရှုံးမှုတွေကို ပြန်ပြီးတော့ ကျနော်တို့ နောင်တရဖို့ ကောင်းပြီ။ နှစ်ပေါင်းကလည်းကြာခဲ့ပြီ  ၁၉၄၈ ခုနှစ် လွတ်လပ်ရေး စပြီးရတဲ့အချိန်ကဆိုရင် နှစ်(၆၀)ကျော်ပြီ တို့တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုမရှိတဲ့အတွက်ကြောင့် တိုင်း ပြည်က တည်ငြိမ်အေးချမ်းမှုမရှိတော့ နောက်ကျ ကျန်ခဲ့တယ်။ ဒီကနေ့အာစီယံနိုင်ငံတွေနဲ့  ပြန်ပြီးတော့ ယှဉ်ကြည့်လိုက်လို့ရှိရင် ယိုးဒယား နဲ့ဆို  ကျနော်တို့သိပ်ကွာသွားပြီ။ ဟိုတုန်းက ယိုးဒယားနိုင်ငံဟာ ဒီလောက်တော် တိုးတက်တာမဟုတ်ဘူး။ လွတ်လပ်ရေးရပြီးတဲ့ နောက် ပိုင်းမှာ မင်္ဂလာဒုံလေယာဉ်ကွင်းကြီးဆိုတာ တကယ့်  International လေယာဉ်ကွင်းကြီး  ဟိုတုန်းက ကမ္ဘောဒီယားတို့ဘာတို့  ပြင်သစ်ကို သွားမယ်ဆို လို့ရှိရင် ဒီမှာလာပြီးတော့ လေယာဉ်စီးရတယ်။ တခြားနိုင်ငံတွေလည်း အလားတူဘဲ ဒီမှာလာပြီးစီးရတယ်။ စင်္ကာပူက မလေး ရှားကနေ ခွဲထွက်ပြီးတဲ့အချိန်မှာ ခြေမကိုင်မိလက်မကိုင်မိနဲ့ ဘာမှမရှိဘူး။ မြို့ကိုဘယ်လိုတည်ဆောက်ရမလဲ မသိဘူး။ အဲ့ဒီအချိန်မှာ ရန်ကုန် မြို့ စည်ပင်ကိုလာပြီးတော့ လေ့လာတယ်၊ မြို့တည်ဆောက်ပုံ တည်ဆောက်နည်းကို လေ့လာတယ်။ ဟိုတုန်းက ကျနော်တို့နိုင်ငံ ဒီလိုခြေ လှမ်းကျကျ ရှိခဲ့တဲ့ နိုင်ငံပါ။ စောစောကလို ကျနော်တို့တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးမရှိကြလို့  တိုင်းပြည်ဖွံ့ဖြိုး တိုးတက် အောင် တက်ညီလက်ညီမလုပ်နိုင်ကြလို့၊ မလုပ်နိုင်တဲ့အတွက်ကြောင့် ဒီကနေ့ ကျနော်တို့နိုင်ငံက နောက်ကျကျန်ခဲ့တယ်။ အာစီယံ(၁၀) နိုင်ငံထဲမှာ လာအိုအဆင့်လောက်တောင်မှ မရှိဘူးဖြစ်နေတော့။ ဒါလေးလဲ ကျနော်ပြန်ပြီးစဉ်းစားပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးညီညီညွတ်နဲ့ ငြိမ်းချမ်းရေး ပြန်တည်ဆောက်ကြမယ်။ ငြိမ်းချမ်းရေးပြန်တည် ဆောက်ပြီးတော့  ကျနော်တို့တိုင်းပြည်ကို စည်း  စည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တိုးတက်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ တစ်ဆင့်တစ်ဆင့်ပေါ့နော်။ အခု ငြိမ်းချမ်းရေးကာလမှာ ခင် ဗျားတို့  တုန့်ပြန်လာတာကို ကျနော် တို့ အများကြီးပြောင်းလဲလာပါတယ်။ အများကြီးပဲ ကျနော်တို့စိတ်ထဲမှာ ပီတိဖြစ်နေပါတယ်။ တချို့ကိစ္စ တွေကျတော့ အမြင်မတူတာလေးတွေ သဘောထားမတူတာလေးတွေ တော့ရှိမှာပေါ့။ ဒါတွေဟာလည်းပဲ ကျနော်တို့ တဖြည်းဖြည်းညှိနှိုင်း သွားလို့ရှိရင် မရစရာအကြောင်းမရှိပါဘူး။ နောက်ဆုံးဦးတည်ချက်က တိုင်းပြည်အတွက်ဆိုတော့ ဦးတည်ချက်ကို ချမှတ်လိုက်လို့ရှိရင် ကျန် တာတွေဟာ ညှိနှိုင်းလို့မရစရာအကြောင်းမရှိပါဘူး။ ကိုယ့်ရဲ့လူမျိုးစုအတွက် ကိုယ့်ရဲ့ဒေသအတွက် ဦးစားပေးရင်တော့ သဘောထားမတိုက် ဆိုင်မှုတွေ တော်တော်များများရှင်းသွားမယ်၊ ပေါ့သွားမယ်။  ဒါတွေကလည်း အနည်းနဲ့အများတော့ရှိကြမှာပါ။ သို့သော်လည်းဘဲ တို့တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းပြီးတော့လုပ်ကြပါ။ တို့တိုင်းပြည်ကြီးထဲမှာ အမိုးအောက်အကာတစ်ခုထဲအောက်မှာ နေနေတာ မြန်မာနိုင် ငံဆိုတဲ့  နယ်နမိတ်ကြီးထဲမှာ ရှိနေကြတာ။ ဒီလိုစိတ်ထားလေးတွေထားလိုက်လို့ရှိရင်တော့  ကျနော်တို့ တစ်ချို့ခက်ခဲတယ် ဆိုတဲ့ဟာကို ညှိနှိုင်းကြမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေသွားမယ်လို့ ကျနော်ထင်တယ်။ ကျနော့်သဘောထားကတော့ ကျနော်ရိုးရိုးသားသားနဲ့ပြောတာ။ ဒီက နေ့ ကျနော် တို့ ပြည်သူလူထုရဲ့ဆန္ဒကို အစိုးရကနေ အကောင်အထည်ဖော်ပေးနေပါတယ်။ ဒီကနေ့ကျနော်တို့ လူဦးရေသန်း(၆၀) နီး ပါးလောက်ရှိတယ်။ သန်း(၆၀)နီးပါး တစ်ဦးချင်းရဲ့တွေဆန္နကို မေးမယ်ဆိုရှိရင်တော့ ဆန္ဒက သန်း(၆၀)လောက်ရှိမယ်။ သို့သော်လည်း တူညီတဲ့ ဆန္ဒတွေ စုစည်းလိုက်တဲ့အခါမှာ ကျနော်တို့ ဒီနိုင်ငံသူနိုင်ငံသားတွေဟာ အေးအေးချမ်းချမ်းနဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ သွားလာနေ ထိုင်လိုကြတယ်။ ဒါတကယ့်ကိုတူညီတဲ့ဆန္ဒပါ။ ဘာကြောင့်လဲဆိုရင် လွတ်လပ်ရေးစရပြီးကတည်းက မအေးမချမ်းနဲ့ နေခဲ့ရတဲ့ဘဝမှာ ဒုက္ခ သုခ တွေရောက်ခဲ့ရတဲ့အတွက်ကြောင့် တိုင်းပြည်မှာအေးအေးချမ်းချမ်း လုံလုံခြုံခြုံနေချင်တယ်၊ တရားဥပဒေစိုးမိုးအောက်မှာ အိပ်ရေးဝဝ အိပ် ချင်တယ် အလုပ်သွားလုပ်မယ်ဆိုလို့ရှိရင်လည်း လုံလုံခြုံခြုံလုပ်ချင်တယ်။ ဒါက ကျနော်တို့ တူညီတဲ့ အချက်တစ်ချက်ဖြစ်တယ်။ နောက် တစ်ချက် ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ်နိုင်ငံဆိုတဲ့ ကိုယ့်နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံဖွံ့ဖြိုး တိုးတက် သလိုမျိုးဘဲ ဆန္ဒရှိပါ တယ်။ ဒါက ကျနော်တို့တူညီတဲ့ဆန္ဒတွေဘဲ။ ဒီက နေ့ ကျနော်တို့အစိုးရက ဒီဆန္ဒနှစ်ခုကို အဓိကထားပြီးတော့ ဖော်ဆောင်နေတာပါ၊ တိုင်း ပြည်တည်ငြိမ် အေးချမ်းလာအောင် ကြိုးပမ်းပြီးတော့လုပ်မယ်၊ မပြေလည်တာတွေရှိမယ်၊ သဘောထားချင်း မတိုက်ဆိုင်တာတွေရှိမယ်။ မပြေ လည်တာတွေ သဘောထားချင်းမတိုက်ဆိုင်တာတွေ အသာဘေးဖယ်ထား။ တိုင်းပြည်အတွက် တူညီတဲ့ဟာတွေ သဘောထားချင်းတိုက်ဆိုင် တဲ့ဟာတွေ လက်တွဲပြီးတော့လုပ်ကြရအောင် လက်တွဲလုပ်ရင်းကိုင်ရင်းနဲ့  တချို့ပြဿနာလေးတွေက နှစ်ဦးနှစ်ဖက်က ပြေပြေလည်လည် ဝိုင်း၀န်းပြီတော့ ဖြေရှင်းသွားမယ်ဆိုရင် ပြေလည်သွားမှာဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုဆိုတဲ့နေရာမှာ အပိုင်းနှစ်ပိုင်းရှိပါ တယ်။ တစ်ပိုင်းကတော့ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု  အခု ပြည်တွင်းနိုင်ငံရေးဟာလည်း မတည်မငြိမ်ဖြစ်နေတယ်။  လူတွေစုပြီးတော့ ဟိုနား ဆန္ဒပြ ဒီနားဆန္ဒပြ အော်ကာဟစ်ကာလုပ်နေတယ်။ တောင်းဆိုနေတာတွေကို အစိုးရက ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ နိုင်ငံသားတိုင်းက မျိုး ချစ်စိတ်ဓာတ်တော့ ရှိပြီးသားပါ။ ပြည်ပကလည်း ပြည်တွင်းနိုင်ငံရေးကို ချိတ်ဆက်တယ်။ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံကို စီးပွားရေးအ ရပိတ်ဆို့ထားတွေရှိမယ်။ နိုင်ငံရေးအရ ဖိအားပေးတာတွေရှိမယ်။ နောက်ဆုံး  ငွေရေးကြေးရေးတောင်မှ အလွယ်တကူနဲ့ သုံးစွဲလို့ မရနိုင်ဘူး။ ပြည်တွင်းနိုင်ငံရေး အဆင်ပြေလာမှ  ပြည်ပကလည်း Screw လှည့်သလို အေးအေးဆေးဆေး နဲ့ လျော့ပေးမယ့် သဘောထားကို ကျနော်မြင် မိပါတယ်။ မြင်မိတဲ့အတွက်ကြောင့်  ပြည်တွင်းနိုင်ငံရေး တည်ငြိမ်းအေးချမ်းအောင်ဆိုပြီးတော့ ပြည်တွင်းနိုင်ငံရေးမှာ အဓိကအခရာကျတာက တော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ ကျန်တဲ့အဖွဲ့အစည်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့ အဖွဲ့အစည်းတွေပါပဲ။ ဒေါ်အောင် ဆန်းစုကြည်နဲ့ စပြီးတွေ့တယ်။ တွေ့တဲ့အခါမှာ ခုနသဘောထားတွေ သူ့ကိုပြောပြတယ်။ ပြည်သူရဲ့ဆန္ဒက  ဒီနှစ်ခုက အဓိကပါပဲ။  ပြည်သူရဲ့ ဆန္ဒက ကျနော်ရဲ့ဆန္ဒဖြစ်တယ်။ သူဆန္ဒလည်းဒီလိုပဲ။ ငြင်းလို့မရဘူး။ ဒီဆန္ဒနှစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် လက်တွဲပူးပေါင်းပြီး လုပ်ကြရအောင် နိုင်ငံရေးဆိုတဲ့နေရာမှာတော့ သဘောထားမတူညီတာတွေကတော့ ရှိမှာဘဲ။ မတူညီတာလေးတွေ ကျနော်တို့ ဘေးဖယ် ထားပြီးတော့ နိုင်ငံအတွက် ဆိုပြီးတော့ တူညီတာတွေလုပ်ကြရအောင်ဆိုပြီးတော့ ကျနော်တို့ တွေ့တိုင်းအခါမှာ တူညီတဲ့သဘောထား လေးတွေ နည်းနည်းရလာတယ်။ ရလာတော့ ပြည်တွင်းနိုင်ငံရေးဟာ သူ့အပေါ်မှာမူတည်နေတော့ သူကနေပြီးတော့ ဟုတ်ပါတယ်။ နိုင်ငံအ တွက် ဥပဒေဘောင်အတွင်း ကနေပြီးတော့  တည်တည်အေးအေးချမ်း နဲ့ လုပ်မယ်ဆိုတဲ့အချိန်မှာ ကျန်တဲ့သူကို ဝိုင်းရံနေတဲ့ အဖွဲ့အစည်းတွေ က အားလုံးခေါင်းညိတ်လိုက်တယ်။ ဟိုတုန်းကဆို  ခင်ဗျား တို့ သိပါတယ် အမြဲတမ်း ကျနော် တို့ကို တိုက်ခိုက်နေတယ်။ ပြည်တွင်းမှာ ဆက် လက်ပြီး အော်ဟစ်ဆန္ဒတွေပြနေမယ်ဆိုရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပြည်တွင်းနိုင်ငံရေးကိုကြည့်ပြီးတော့ ကျနော်က ပထမဦးစားပေးပြီး တော့လုပ်တယ်။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ဆောင်ရွက်တာပေါ့။ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ သူ တို့ ပါ၀င်ခွင့်ရအောင် ကျနော် တို့ လုပ်ပေးတယ်။ ဒါတွေကို တစ်ဖက်ကကြည့်ရင်တော့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရတော့ ပြိုင်ဆိုင်မှုတော့ရှိရနေမှာပဲ။ သို့သော်လည်း ကျနော်တို့အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လုပ်နိုင်အောင် ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ထုတ်ပြတာဖြစ်တဲ့အတွက်ကြောင့် သူတို့အနိုင်ရတယ်။ တဖက်က ကျနော်တို့က အားပေးဝမ်းသာရမှာဖြစ်ပါတယ်။  ဒီအပေါ်မှာမူတည်ပြီးတော့  EU တို့က ဒဏ်ခတ်ပိတ် ဆို့ မှုတွေကို အကုန် လျှော့ပေးမည့် သဘောထားရှိတယ်။ လွန်ခဲ့တဲ့(၄)ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က သူ့ သဘောထားတွေ ထုတ်ပြန်တာရှိတယ်။ ပထမဆုံးအဆင့်အနေနဲ့က သံအမတ် တို့ ဘာ တို့ခန့်မယ်။ ဒါတွေဟာ ဘာဘဲဖြစ်ဖြစ်  ကိုယ့်တိုင်းပြည်အတွက်တော့ အကျိုးအမြတ်ပဲ။ ကိုယ့်တိုင်းပြည်အတွက် အကျိုးအမြတ်ရအောင် ကျနော်တို့က နိုင်ငံရေးအရ ဖော်ဆောင်မယ့်သူတွေဖြစ်ပါတယ်။ ဒုတိယ ကတော့  ပြည်တွင်းငြိမ်းချမ်းရေးပဲ။ ပြည်တွင်းငြိမ်းချမ်းရေဟာ ကျနော်စောစောက ပြောသလိုပါဘဲ ပြည်သူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေး အေးချမ်းချမ်း နဲ့နေချင်တယ်။ ရန်ကုန်လိုနေရာမျိုးမှာ နေနေရတဲ့လူထုကတော့ ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို သိပ်ပြီးတော့နားမလည်ဘူး။ ဘာဖြစ် လဲဆိုတော့  ကျနော်တို့မွေးဖွားလာတာတော့ ကျေးလက်တွေမှာ မွေးဖွားလာတယ်။ ပြည်တွင်းသောင်းကျန်းမှု နဲ့ ရောပြွန်းနေတဲ့ နေရာ တွေမှာ ကြီးပြင်းလာရတဲ့အတွက်ကြောင်း ငြိမ်းချမ်းရေးဟာ ဘယ်လောက်တန်းဖိုးရှိလဲဆိုတာကို ကျနော်တို့သိတယ်။ ကျနော်ငယ်ငယ်တုန်း က ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ အိမ်မဲကနေ ၀က်ချောင်းရွာဘက်ကို ပြေးရ၊ ၀က်ချောင်းရွာကနေ ကျောက်ကုန်းရွာဘက်ကို ပြေးရ  ပညာကို ကောင်းကောင်း မသင်ခဲ့ရဘူး။ ကျနော် တို့ ငယ်ငယ်တုန်းက ဒီလိုပဲခံရတာ။  ဒီကနေ့ထိ တိုက်ပွဲတွေဖြစ်နေတယ်။ ပြည်သူလူ ထုတွေက ပူပင်သောကတွေနဲ့ အသက်ရှင်နေထိုင်နေရတယ်။ ဒါကြောင့် မို့လို့ ပြည်သူအများစုရဲ့ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှိစေချင်ပါတယ်။ တရားဥပဒေရဲ့စိုးမိုးမှုအောက်မှာ     လုံ လုံခြုံခြုံနဲ့ကမ္ဘာမြေတည်နေသ၍ နေစေချင်တယ်။ ဒီကနေ့ ဒီနှစ်ခုကို ကျနော်တို့က အကောင်အထည် ဖော်ဆောင်ရွက်နေတာဖြစ်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်တာ ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်တာဖြစ်ပါတယ်။ ခင်ဗျားတို့က ဝိုင်းကူပြီးလုပ်ရမယ်။ ဒီနှစ်ခုကို ကျနော်တို့က အခြေခံကောင်း ကောင်း လေးရသွားလို့ရှိရင် တိုင်းပြည်ဖွံ့ဖြိုးတက်အောင် လုပ်ရမယ်။ ကျနော် တို့ချည်းဘဲ လုပ်လို့မရ ဘူး။ တိုင်းရင်းသားအားလုံး နဲ့ပူးပေါင်းပြီးတော့ လုပ်မှရမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာကျတော့ ကျနော်တို့အစိုးရက  ရည်မှန်းချက်နှစ်ခုချမှတ်ပြီးတော့ လုပ်နေပါတယ်။ ပထမတစ်ခုက စိုက်ပျိုးရေးကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍမှာ လူတွေက နေ့စဉ်နှင့်အမျှထမင်းစားနေတယ်။ စားဖို့အတွက်က အမြဲတမ်း လိုအပ်နေမှာဘဲ။ နောက်တစ်ခါ လူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက် လာတယ်။ ဒီကနေ့ကမ္ဘာ့လူဦးရေးဟာ သန်း(၇ဝဝ၀) လောက်ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံလူဦးရေးဟာ သန်း(၆၀) နီးပါးလောက် ရှိ တယ်။သန်း(၆၀)နီးပါး ဆိုတာ ကျနော်တို့ သန်းခေါင်စာရင်းတိတိကျကျမကောက်ရသေး လို့ နောင်ကျရင်တော့ သန်းခေါင်စာရင်း ကောက် ပါ့မယ်။ ဒီကနေ့ကျနော်တို့တိုင်းပြည်မှာ လူဦးရေသန်း(၆၀)နီးပါးရှိတယ်။ နောက်ထပ်နှစ်သုံးဆယ်လောက်ဆိုရင် ကျနော်တို့ သန်း (၁၀၀)ဖြစ်သွားမယ်။ ကျနော်တို့ ခင်ဗျား      တို့ ကတော့ မမီတော့ဘူးပေါ့နော်။ ကျနော်တို့ရဲ့ မြေးမြစ်တွေဖြစ်သွားမှာပေါ့။ ကျနော်တို့ မြေး မြစ်တွေလက်ထက်ကျရင် သန်း(၁၀၀)လောက်ဖြစ်သွားမယ်။နောက်တစ်ခါ သူတို့ရဲ့သားသမီးမြေးမြစ်တွေလက်ထက်ကျရင် သန်း(၁၅၀)လောက် ဖြစ်သွားမယ်။ ဒီကနေ့ သန်း(၆၀)အတွက် သူတို့စားဖို့လုံလောက်တယ်။  သန်း(၁၀၀)အတွက်လုံလောက်အောင် ကျနော်တို့က လုပ်ရမှာဘဲ။ သန်း(၁၅၀)အတွက် လုံလောက်အောင် ကြိုပြီးတော့လုပ်ရမှာဘဲ။ ကမ္ဘာလူဦးရေးကလည်း  သန်း(၆၀၀၀)ကနေ သန်း (၇၀၀၀) ဖြစ်လာတယ်။ အခု နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ   Food Security ခေါ်တဲ့ စားဝတ်နေရေးဖူလုံရေးအတွက်ကို တော်တော်လေးကို ဦးစားပေးပြီးလုပ်လာကြ တယ်။ ကျနော် တို့တိုင်းပြည်မှာလည်း ဒီစိုက်မျိုးရေး ကဏ္ဍ ကို အခြေခံပြီးတော့မှ ထူထောင်လာရတဲ့နိုင်ငံဆိုတော့ ကျနော် တို့အတွက် ဒီ စိုက်ပျိုးရေးဟာ အခြေခံကောင်း မရှိမဖြစ် ဖြစ်တယ်။ ဒီကနေ့ ကျနော် တို့မှာ ထွက်ရှိတဲ့စားနပ်ရိက္ခာနဲ့ ကျနော်တို့အတွက် လုံလောက် တယ်။ သို့သော်လည်း လူဦးရေသန်း (၁၀၀)ဖြစ်လာရင် လုံလောက်ချင်မှလုံလောက်မယ်။ သန်း(၁၅၀)ဖြစ်လာရင် လုံလောက်ချင်မှ လုံလောက် မယ်။ စိုက်ပျိုးရေးကို ကျနော် တို့လက်ရှိအနေအထားထက် ပိုမိုဖွံ့ဖြိုးတိုးလာအောင်ဆိုပြီးတော့မှ  နည်းလမ်း(၅)ခုနဲ့ကျနော်တို့ပြောင်းလဲပြီး တော့လုပ်နေတယ်။ တစ်တစ်ချက်က စိတ်ဓာတ်ကိုပြောင်းဖို့အတွက် တောင်သူလယ်သမားတွေကိုစည်းရုံးတယ်။ ကိုယ်စားဖို့အတွက်တင် မဟုတ်ဘူး။ ကိုယ့်သားသမီး၊ မြေးမြစ်တွေအတွက်ပါကြည့်ပါ။ ကိုယ့်ဘဲ ၀နေလို့မဖြစ်ဘူး။ ကိုယ့်သားသမီးမြေးမြစ်အထိ ၀အောင် စားနိုင်ဖို့အ တွက် ဒါကိုကြည့်ပေးပါဆိုတဲ့ စိတ်ဓာတ်ဓာတ်ရေးရာပြောင်းလဲဖို့အတွက်လုပ်တယ်။ နောက်တခါ စိုက်ပျိုးရေးအပိုင်းတွေမှာ လယ်ယာပုံသဏ္ဍာန်ကို ဒီအတိုင်းသွားနေရင်တော့ ကျနော် တို့မရဘူး။ ဒီအတိုင်းသွားရင် ကျနော် တို့ ကိန်းဂဏန်းတွေ စာရင်းဇယားတွေ ဘယ်လိုမှ မှန်မှန်ကန်ကန်မဖြစ်နိုင်ဘူး။ ဘာဖြစ်လဲဆိုတော့ လယ်ကွင်းရဲ့ပုံသဏ္ဍာန်က အမျိုးစုံဘဲ။ ဘန်ကောက်ကို ကျနော်တို့ဆင်းလာပြီဆိုရင် လေ ယာဉ်ပျံနဲ့အောက်ကိုငုံ့ကြည့်လိုက်လို့ရှိရင် လယ်ကွင်းတွေဟာ အကုန်လုံး သေချာစနစ်တကျနဲ့ပြုပြင်ထားတာ။ အရှည်ကြီးတွေဘဲ ကြား ထဲမှာ ရေမြောင်းတွေနဲ့  ကုန်ထုတ်လမ်းကြောင်းတွေနဲ့ စနစ်တကျ  လုပ်ထားတယ်။ ကျနော်တို့ဆီက လယ်ကွင်းတွေကျတော့တြိဂံပုံတွေ လည်းရှိတယ်။ လေးတောင့်ပုံတွေလည်းရှိတယ်။ အဝိုင်းတွေလည်းရှိတယ်။ လယ်တစ်ဧကကို တင်း(၆၀)ထွက်တယ်။ တင်း(၁၀၀)ထွက်တယ်။ ဘယ်လိုမှ ယုံနိုင်စရာအကြောင်းမရှိဘူး။ ဒီတော့ မြေတွေကိုပြုပြင် ဖို့လိုတယ်။၊ လယ်ကွင်းတွေရဲ့ပုံ သဏ္ဍာန်တွေ၊ Structure တွေကို ကျနော်တို့ပြန်ပြီးတော့ ပြောင်းရမယ်။ ကျနော် သမ္မတဆိုပြီး ခင်ဗျား တို့ အထင်မကြီးနဲ့၊ လယ်သမားတော့ လယ်သမားဘဲ လယ်(၁၀)ဧက ရှိတယ်။ လယ်လုပ်ခဲ့ဖူးတယ်။ နောက်တစ်ခုက ကျနော်တို့ စိုက်ပျိုးတဲ့အမျိုးတွေက မိရိုးဖလာ အမျိုးတွေ မရဘူး။ တ ဧကကို တင်း(၅၀)၊ (၆၀)နှုန်းနဲ့ ထွက်ရုံလောက်နဲ့မရဘူး။ တင်း(၁၀၀)လောက်ထွက်ရုံနဲ့တော် မရပါဘူး။ သူများတိုင်းပြည်တွေမှာ တင်း(၁၅၀)၊ (၂၀၀)လောက် ထွက်တယ်။ စပ်မျိုးစပါးတွေပေါ့။ စပ်မျိုးစပါးတွေမှာ  တစ် ချို့ဟာတွေက စားကောင်းတဲ့ဟာတွေရှိမယ်။ စားမကောင်းတဲ့ဟာတွေရှိမယ်။ စပ်မျိုးစပါးအဆင့် ကို သွားမှရမှာ။ ကိုယ်လည်းစားဖို့လိုသလို ပြည်ပကိုလည်း ထုတ်ရောင်းချင်သေးတာကို။ ဒီကနေ့ဗီယက်နမ် နိုင်ငံဆိုရင် သေးသေးလေး တို့ နိုင်ငံတစ်ဝက်ဘဲရှိတယ်။ တစ်နှစ်လျှင် ဆန်တန်ချိန်(၈)သန်းလောက် ပြည်ပကိုထုတ်ပြီးရောင်းရတယ်။ ကျနော်တို့က သူထက်နှစ်ဆရှိတယ်။ တစ်သန်းလောက်တော် ကျနော်တို့မရောင်းနိုင်ဘူး။ ယိုးဒယားနိုင်ငံလည်း သျှမ်းပြည်လောက်ဘဲ ရှိတယ်။ ဒီကနေ့ ယိုးဒယားလည်း တစ်နှစ် လျှင် ဆန်တန်ချိန် (၇)သန်း၊ (၈)သန်း၊ (၉)သန်းလောက် ထုတ်ရောင်းရတယ်။ ဒီတော့ ကျနော်တို့က ဒီလိုနည်းစနစ်တွေ မပြောင်းလို့မ ရဘူး။ စိုက်ပျိုးတဲ့နည်းစနစ်လည်း ပြောင်းရမယ်။ နောက်တစ်ခါ မျိုးစပါးတွေကိုလည်း ကျနော်တို့က ပြောင်းရမယ်။ စသည်အားဖြင့်ပေါ့။ နောက်တခါ စက်မှုလက်ယာကဏ္ဍကိုလည်း နောက်ဆုံး ကျနော်တို့ပြောင်းမှရမယ်။ စက်မှုလယ်ယာကဏ္ဍကို သွားမှရမယ်။ လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ပိုမိုဖွံ့ဖြိုးအောင် စီးပွားရေးကို တစ်ဖက်တလမ်းကနေ အထောက်အကူပြုနိုင်အောင် နောက်ပြီးတော့ ကျနော်တို့ စား နပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့ စိတ်ချမ်းရအောင်၊ ဖူလုံနိုင်အောင် ဒီအတိုင်း ကျနော်တို့လုပ်မှရမယ်။  လယ်ယာကဏ္ဍကိုတစ်ခုတည်းကို လုပ် လို့လွယ်ပေမယ့်  တိုင်းပြည်က  ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘူး။ ကြွယ်ဝချမ်းသာလာမှာမဟုတ်ဘူး။ ဒီကနေ့ ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေ ကို ကြည့်လိုက်လို့ရှိရင် စက်မှုလက်မှုထူထောင်နိုင်တဲ့နိုင်ငံတွေဘဲ ကြွယ်ဝချမ်းသာတယ်။ ယိုးဒယားတို့ဘာတို့တက်သွားတာက စက်မှုနိုင်ငံ ထူထောင်နိုင်လို့တက်သွားတာ။ တောင်ကိုရီးယားနိုင်ငံဆိုရင်   သဘာဘဝအရင်းအမြစ် ဘာမှမရှိဘူး။ ဂျပန်လည်းအလားတူဘဲ။ စက်မှု လက်မှုနိုင်ငံထူထောင်နိုင်တဲ့အတွက်ကြောင့် တက်သွားတာ။ ဒုတိယ ကျနော်တို့ ရည်မှန်းချက်ကတော့ စက်မှုလက်မှုနိုင်ငံ ထူထောင်နိုင် ဖို့ကြိုးစားပါတယ်။ စက်မှုလက်မှုနိုင်ငံထူထောင်နိုင်ဖို့အတွက်ကတော့ ကျနော်တို့မှာထိုက်သင့်တဲ့ သဘာဝအရင်းအမြစ်တွေလည်း ရှိတယ်။ သစ်တောတွေ ရှိတယ်။ သတ္တုတွေ ရှိတယ်။ ရေအားလျှပ်စစ် ထုတ်နိုင်တဲ့ မြစ်တွေ၊ ချောင်းတွေ ရှိတယ်။ ကုန်တွင်းပိုင်းရော ကမ်းလွန်မှာရော GAS ရေနံတွေ ရှိတယ်။ တချို့တွေ့ထားတာတွေရှိတယ်။တချို့မရှာဖွေရသေးတာတွေရှိတယ်။ ရာဘာတွေ စိုက်မယ်၊ ဆီအုန်းတွေ စိုက် မယ်။ စသည်အားဖြင့်ပေါ့။ ဒီအခြေခံတွေ ကျနော်တို့မှာရှိတယ်။အခု ကျနော်တို့ဆီမှာရှိတဲ့ စွမ်းအင်တွေလည်း တကယ့်တကယ် ပြုပြင် တာ စနစ်မကျဘူး။ ကျနော်တို့ဆီကပညာတတ်တွေ ပြည်ပမှာလည်း အများကြီးရှိတယ်။  ပြည်သူလူထုအတွက် တကယ်အလုပ်လုပ်မည့် ပညာတတ်တွေ  ပြည်ပမှာအများကြီးပါတယ်။ ဒေါက်တာ ကျော်ရင်လှိုင်တို့  အပါအဝင်ပေါ့ အများကြီးရှိတယ်။ ကျနော်တို့ရဲ့ လူ့စွမ်းအင်အ ရင်းအမြစ်က ဒီလောက်နည်းပါးတဲ့အနေအထားမှ မဟုတ်တာ။ သို့သော်လည်း ကျနော်တို့မှာ အရင်းအနှီးပြည့်ပြည့်စုံ စုံမရှိဘူး။ အတတ် ပညာ ပြည့်ပြည့်စုံစုံမရှိဘူး။ လူ့စွမ်းအားအရင်းအမြစ် ဘာညာကျတော့ တော်တဲ့လူတွေတော့ရှိတယ်။ Technology အပိုင်းမှာကျတော့ ကျနော်တို့က နောက်ကျန်တယ်။ အတတ်ပညာလည်း မရှိဘူး။ ဒါတွေကို ကျနော်တို့ လိုပါတယ်။ လိုတဲ့အတွက်ကြောင့် နိုင်ငံရေးအရ တည် တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ် လုပ်ပြီးတော့မှ ပြည်ပရဲ့ရင်းနှီးမြုပ်နှံမှုတွေကို ကျနော်တို့ ဒီကနေ့ ဖိတ်ခေါ်မယ်။ ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံမည့် သူတွေကလည်း စီးပွားရေးပိတ်ဆို့ထားရင် ဘယ်သူမှ လာမှာမဟုတ်ဘူး။  ဟိုဘက်က နည်းနည်းလေးဖွင့်ပေးမှပဲ ဒီဘက် သူလာမည့် သဘော ရှိတယ်။ ဒီက နေ့ ဆို လို့ရှိရင်တော့  တစ်ဖွဲ့ပြီး တစ်ဖွဲ့ ၊တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကျနော် တို့ဆီ ရောက်လာတယ်။ ကိုရီးယားအဖွဲ့ဆိုလို့ရှိရင်လည်း (၁၇၀)လောက်ရှိတယ်။ ဂျပန်မှာဆို ၅၀၊ အာဆီယံနိုင်ငံတွေထဲမှာလည်း အင်ဒိုနီးရှားတို့၊ဗီယက်နမ်နိုင်ငံတို့ကလည်း  လာရင်းနှီးမြှုပ်နှံဖို့အ တွက် ကျနော်တို့နဲ့လာပြီး စကားပြောတယ်။ ထားဝယ်ဘက်မှာ စက်မှုဇုံထူထောင်နိုင်ဖို့အတွက် ကျနော်တို့ လုပ်နေတယ်။ စက်မှုနိုင်ငံထူ ထောင်နိုင်မှ ကျနော်တို့နိုင်ငံဟာ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံဖြစ်လာမယ်။ ဒီတော့ ကျနော်တို့မှာ ဒီလူ့စွမ်းအားအရင်းအမြစ်တွေ အ ထိုက်အလျောက်ရှိမယ်။ နောက်တစ်ခု ကျနော်တို့မှာ လုံလုံလောက်လောက်ရှိတာတော့ Labour ၊ သို့သော်လည်း ဒီ Labour တွေက အ လုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက်ကြောင့် သူများနိုင်ငံမှာသွားပြီးတော့ အလုပ်လုပ်နေရတယ်။ ယိုးဒယားမှာရှိတယ်။ မလေးရှားမှာရှိ တယ်။ တောင်ကိုရီးယားတို့၊ဂျပန်တို့ စင်္ကာပူနိုင်ငံမှာဆို နှစ်သိန်းလောက်ရှိတယ်။ ပြည်ပမှာ ထွက်ပြီးတော့ အလုပ်လုပ်တဲ့ လူဦးရေ(၃)သန်း လောက်ရှိတယ်။ ဒီလူတွေဟာ သူများနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် သွားလုပ်ပေးနေရတယ်။ တဖက်ကြည့်ရင် ကိုယ့်နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံး နေရတယ်။ ဘာကြောင့် သွားပြီးတော့ လုပ်နေရတယ်ဆိုတော့ ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိဘူး။ ကျေးရွာတရွာ ကို ပြန်ကြည့်လိုက်လို့ရှိရင် တကယ့်တကယ် တောင်သူလယ်သမားဆိုတာ(၂၅)ရာခိုင်နှုန်းလောက်ဘဲရှိမယ်။ ကျန်တဲ့လူတွေက စျေးဆိုင်လေး တွေဖွင့်မယ်။ ၀န်ထမ်းဆိုလည်း နည်းနည်းပါးပါးပဲရှိမယ်။ ကျန်တဲ့လူတွေက လက်လုပ်လက်စားများတယ်။သူတို့ရဲ့အလုပ်အချိန်က ကောက်စိုက် တဲ့အချိန်ရှိမယ်။ လွတ်တဲ့ အချိန်ရှိမယ်။ ကောက်ရိတ်တဲ့အချိန်ရှိမယ်။ ဒီသုံးကြိမ်ဘဲ သူတို့မှာရှိတယ်။ ကျန်တဲ့အချိန်မှာ သူတို့အလုပ်လုပ်ချင် တဲ့ ဆန္ဒတော့ရှိတယ်။ စွမ်းအင်တော့ရှိတယ်။ ဒါပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတယ်။ နည်းပါတဲ့အတွက်ကြောင့် အလုပ်မရှိဘူး၊ အ လုပ်မရှိတဲ့အတွက်ကြောင့် သူများနိုင်ငံထဲကို သွားရောက်အလုပ်လုပ်ရတယ်။ သူများနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းတွေက အများကြီးရှိတယ်။ အမှန်တော့ ကျနော်တို့နိုင်ငံသားတွေကို ခိုင်းစားပြီးတော့ သူတို့ကဖွံ့ဖြိုးတိုးတက် နေတာပါ။ ကိုယ်နိုင်ငံမှာ စက်ရုံတွေအလုပ်ရုံပေါ်လာလို့ရှိရင်   ဘာဘဲဖြစ်ဖြစ် ဒီလူတွေက သူတို့နိုင်ငံမှာဘဲ လုပ်မှာဘဲ။ နောက်တစ်ခါ တကယ့် ပညာတတ်တွေမှာလည်း ထိုက်သင့်တဲ့ အခကြေးငွေတွေရမယ်ဆိုရင် သူများနိုင်ငံမှာမနေဘူး ပြန်လာမှာဘဲ။ ကိုယ်နိုင်ငံမှာဆို ကိုယ်ဆွေမျိုးနဲ့ ကိုယ့်ရဲ့ဓလေ့ထုံးတမ်းစဉ်လာ နဲ့ ကိုယ်နိုင်ငံကအစားအသောက်တွေ နဲ့ ကိုယ့်ရဲ့ယဉ်ကျေးမှု နဲ့ သူများနိုင်ငံမှာနေတယ်ဆိုတာ ဧည့်သည်လိုမျိုး နေရတာ ဘယ်ပျော်နိုင်ပါ့မလဲ ပြန်လာကြမှာပါ။ ဒါပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေများများပေါ်လာ ဖို့အတွက် ကျနော်တို့က စက်မှုနိုင်ငံ ထူထောင်ရမယ်။ စက်မှုနိုင်ငံထူထောင်တဲ့အခါမှာ အဆင့်(၃)ဆင့်နဲ့ကျနော်တို့စဉ်းစားရမယ်။ ပထမအဆင့်က အလုပ်လုပ်များများရနိုင်မည့် စက်ရုံကြီးတွေ နည်းပညာပိုင်းကျတော့ သူကသိပ်မလိုဘူး။ အလုပ်များများရနိုင်တယ်။ ဥပမာ-အထည်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံမှာ ဂါ၀န် ချုပ်တယ် ၊ အင်္ကျီတွေ ဘောင်းဘီတွေ ချုပ်တယ်၊  တကယ်တော့ Technology လည်းသိပ်မပါဘူး။ သိပ်ပြီးတော့ စာမတတ်ပေမယ့်၊ သင်ပေး လိုက်ရင် ကျနော်ထင်ပါတယ် (၁)လလောက် (၂)လလောက်ဆိုရင် တတ်သွားမှာပဲ။ သို့သော်လည်း ဒီစက်ရုံကြီးတွေမှာ လူတစ်ထောင် လောက်အလုပ်လုပ်ပေးရတယ်။ ဒီစက်ရုံကြီးမျိုး(၁၀)ရုံဆိုလို့ရှိရင် လူဦးရေး(၁၀၀၀၀)လောက်စာ အလုပ်ရတယ်။ အလုပ်ရပြီဆိုရင် ၀င်ငွေရမယ်၊ ၀င်ငွေရမယ်ဆိုရင် စားနိုင်သောက်နိုင်မယ်၊ နေနိုင်မယ် ပြီးလျှင် စုမိ ဆောင်းမိလျင် အဆင့်အတန်းရှိရှိနေနိုင်မယ်။ ဒါနဲ့ဆက်နွယ်ပြီးတော့မှ   သူတို့ရဲ့ကလေးတွေကို  ပညာသင်ပေးနိုင်မယ်။ ကျန်းမာရေးအတွက် ဆေးကောင်းဝါးကောင်းတွေကို စားနိုင်ပြုနိုင်မယ် ကုသနိုင်မယ်ဆိုလို့ရှိရင် အသက်လည်းပိုရှည်လာမယ်။ ၀င်ငွေရလာတာနဲ့အမျှ ပညာရေးအဆင့်အတန်းတွေ ကျန်းမားရေးအဆင့်အတန်းတွေ မြင့်မားလာမယ်။ ပထမ တော့ အလုပ်များများရနိုင်မည့် စက်ရုံတွေကို ဒီကနေ့လာပြီးတော့ ရင်းနှီးမြုပ်နှံမည့်လူတွေကို ဒါကိုပဲ ကျနော်တို့ဦးတည်ပြီးတော့ ပြောနေ တာ။ ဒုတိယကတော့ ကျနော်တို့နိုင်ငံမှာ ထွက်တဲ့ထွက်ကုန်ပစ္စည်းတွေကို  ဥပမာ-ရာဘာထွက်တယ်။ ရာဘာတွေထွက်တော့ ရောင်း တယ်။ ဘယ်လောက်မှမရဘူး ။ အမျိုးအစားကောင်းမှ တစ်တန်ကို (၁၀၀၀၀)လောက်ပဲရတယ်။ ဒီရာဘာတွေကို ကျနော်တို့က တာယာ စက်ရုံတည်လိုက်လို့ရှိရင်  ရာဘာကုန်ကြမ်းတန်ဖိုးနဲ့ တာယာရဲ့တန်ဖိုးက သိပ်ပြီးတော့ ကွာသွားမှာပဲ။ အဆ(၁၀၀) နီးပါးလောက် ကွာသွား မည့် သဘောလောက်ရှိတယ်။ ကိုယ့်နိုင်ငံမှာလည်း မလုံမလောက်ဆိုတော့ ဒီတာယာတွေက   အမြဲတမ်းလိုနေမယ်။ ဒီကနေ့ကျနော်တို့မှာ တာယာစက်ရုံတစ်ရုံနှစ်ရုံရှိတယ်။ ကျနော်တို့ဆီက   ထုတ်နိုင်တဲ့တာယာစက်ရုံက ထုတ်တဲ့တာယာက ကျနော်တို့ရဲ့ လိုအပ်ချက်ထက် (၇) ရာခိုင်နှုန်း လောက်ရှိမယ်။ ဒါကြောင့် တာယာစက်ရုံတွေကို တည်ဖို့လိုတယ်။ ဆီအုန်းတွေစိုက်မယ်။ အခု ဆီအုန်းကျတော့ မလေးရှားကနေ ၀ယ်ပြီးတော့ စားနေရတယ်။ ဆီအုန်းထုတ်တဲ့ စက်ရုံတွေတည်မယ်။ စက်ရုံမှာလည်း အလုပ်ရမယ်။ စိုက်ခင်းတွေမှာလည်း အလုပ်အကိုင် ရမယ်။ ဒုတိယကတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ ထွက်တဲ့ထွက်ကုန်တွေကို တန်ဖိုးမြင့်မြင့်နဲ့စက်ရုံလေးတွေတည်မယ်။ ပြီးတော့ အစားအ သောက်ကအစ   ယိုးဒယားမှာဆိုလို့ရှိရင် ပိန္နဲသီးနဲ့ အခြောက်လုပ်ထားတဲ့ အိပ်ကလေးတွေက နေရာဒေသမရွေး ယူသွားလို့ရ တယ်။ စားချင်တဲ့ အချိန်မှာ စားလို့ရတယ်။ တစ်နှစ်လုံး ခံတယ်။ ဒူးရင်းသီးလည်း ဒီအတိုင်းဘဲ။ ထွက်ကုန်ပစ္စည်းပေါ်မှာ ပိုပြီးတော့ တန်ဖိုးမြင့် အောင်လုပ်တယ် ကြာကြာလည်း ခံတယ်။ ၀င်ငွေလည်း ပိုပြီးတော့ ကောင်းတယ်။ ဒါမျိုးတွေကို ကျနော်တို့ မွန်ပြည်နယ်တို့၊ ကရင်ပြည် နယ်တို့ဘက်မှာ အများကြီးပါဘဲ။ ဒီလိုဟာမျိုးလေးတွေ အခြေပြုတဲ့စက်ရုံတွေလိုတယ်။ ကျွန်းသစ်ဆိုလို့ရှိရင် ကျနော်တို့မှာ အလုံးလိုက် ရောင်းတယ်။ သူများနိုင်ငံတွေမှာ သစ်က ဒီလောက်ကောင်းကောင်းမွန်မွန် မရှိပါဘူး။ ကျွန်းသစ်ဆိုတာ မြန်မာနိုင်ငံက နည်းနည်းအကြီးဆုံး ပါပဲ။သို့သော်လည်း တစ်ခြားနိုင်ငံတွေမှာ ကျွန်းသစ်တွေ မကောင်းသည့်တိုင်အောင် တန်ဖိုးမြင့်တဲ့စက်ရုံတွေလုပ်ပြီး  ပုံစံအမျိုးမျိုးတွေနဲ့အသုံး ဆောင်အမျိုးမျိုးတွေနဲ့ ပြည်ပကိုရောင်းတဲ့အတွက်ကြောင့် စျေးတွေက အများကြီးရတယ်။ ကျနာ်တို့မှာ ဒီလို လုပ်ပိုင်ခွင့် အခွင့်အလမ်း တွေ အများကြီးရှိ တယ်။ တတိယအဆင့်ကတော့ IT လုပ်ငန်းနှင့်ပတ်သက်ပြီးတော့ နောက်မကျသေးပါဘူး။ ဒီကနေ့လူထုက အော်နေတယ် တယ်လီဖုန်း (၅၀၀၀)တို့ဘာတို့ ဆိုတာကလည်း ဒါက သူတို့ကိုအပြစ်တင်လို့မရဘူး။ ကျနော် လာအိုကိုရောက်တော့ မေးကြည့်တယ် ဘယ် လောက်လဲ ငါးဒေါ်လာဘဲရှိတယ်။ ငါးဒေါ်လာဆိုတာ ကျနော်တို့ဟိုတုန်းက (၆)ကျပ်နဲ့မြောက်လို့ရှိရင် ကျပ်(၃၀)ဘဲရှိတယ်။ ဒီကနေ့(၈၀၀)နဲ့မြောက်ရင်တော့ (၅၀၀၀)နီးပါးလောက်တော့ ဖြစ်သွားမှာပေါ့။ ကျနော်တို့ လုပ်လို့မရဘူးလာ။ သို့သော်လည်း ဒီဟာကို လုပ်ဖို့အတွက် အခြေခံ စက်ပစ္စည်းတွေလိုအပ်တယ်။  IT နှင့်ပတ်သက်ပြီးတော့ ကျနော် မနœလေးတိုင်း ပြင်ဦးလွင်နားမှာ Cyber City  ဆိုတဲ့မြို့ တည် ထားတယ်။ သို့သော်လည်း အရင်းအနှီး ကျနော်တို့မှာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ပက  ကုမ္မဏီကြီးကြီမားမားမရှိဘူး။ မရှိတော့ သိပ်ပြီးတော့ မဖွံ့ဖြိုးဘူး။အဲ့ဒီမှာဘဲ နောင်ကျရင် စကေးတွေဘာတွေရဖို့ဆိုရင်တော့ Technology University တစ်ခုပါ ကျနော်တို့ ထူထောင် မယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်နှင့် အားလုံးပူးပေါင်းပြီးတော့ တက်ညီလက်ညီနဲ့လုပ်ကြရအောင် အဓိကကတော့ ဒီနှစ်ခုပါပဲ။ စိုက်ပျိုး ရေးပိုင်းတွေမှာ ဒီ့ထက်ပိုပြီးတော့ တိုးတက်အောင် ကျနော်တို့လုပ်ဖို့လည်းလိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်မြေးမြစ်တွေ စားဖို့မစားရဘဲ မနေနိုင်ဘူး စားနေကျဖြစ်တယ်။ နောက်တစ်ခုက စိုက်ပျိုးရေးနဲ့ ကျနော်တို့က မချမ်းသာနိုင်ဘူး။ စက်မှုလယ်ယာထူထောင်နိုင်ဖို့ အ တွက် ဒါကို ကျနော်တို့က ကြိုးစားရမယ်။ နောက်တစ်ခုကတော့  တိုင်းရင်းသားအခြေအနေနှင့် ပတ်သက်ပြီးတော့ ခင်ဗျားတို့လည်း သိပါ တယ်။ ကျနော်တို့ရဲ့သဘောထားတွေနားလည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တစ်ရင်းတစ်နှီး ဆက်ဆံပြီး တစ်ယောက်ရဲ့သဘောထား ကို    တစ်ယောက်က နားလည်ပေးရမယ်။ ပြီးရင် သူများနိုင်ငံထဲမှာ ကျနော်တို့ရဲ့တိုင်းရင်းသားတွေက Refugee Camps မှာ အများကြီးပဲ။ ကိုယ့်နိုင်ငံထဲကိုပြန်လာကြပါ။   ကျနော်တို့တစ်ခါကြားရတယ်။       စိတ်မကောင်းဘူး  Refugee Camps မှာ ကိုယ့်တိုင်းရင်းသားတွေက ချို့ချို့တဲ့တဲ့နေနေရတယ်။ သူများပေးတာကမ်းတာတွေကိုပဲ  စားနေရတယ်။ တကယ်တော့ တိုင်းရင်းသားအမြင်နဲ့ကြည့်လိုက်ရင်တော့ တော် တော်တော့ကို ကျနော်စိတ်မကောင်းဘူး။ အကယ်၍ တိုင်းပြည်ထဲပြန်လာရင် တစ်တစ်ချက်က ပထမဦးဆုံးနေဖို့အတွက်က ဘယ်လိုနေကြ မလဲ။ နေဖို့အတွက်စားဖို့အတွက်က ဘယ်လိုစဉ်းစားကြမလဲ။ နေဖို့အတွက် စားဖို့အတွက်ကျနော်တို့ တဲထိုးနေမယ်ဆိုပေမဲ့လည်း တဲ ထိုးနေတာ ခဏပဲ သူနေနိုင်မှာပေါ့။ တဲထိုးနေတဲ့အဆင့်က ရေရှည်နေလို့မရဘူး။ စားဖို့အတွက်ဆိုတာလည်း လတ် တလော စားဖို့အတွက် သာမက ရေရှည်စားဖို့အတွက်ပါ သူတို့ကလိုလာမယ်။ ကျနော်တို့မှာ ဒါတွေ စဉ်းစားမယ်။ တိုင်းရင်းသားတွေပြန်ရောက်လာရင် စားဖို့ အ တွက်ဘယ်လိုလုပ်ကြမလဲ။ နေဖို့အတွက်ဘယ်လိုလုပ်ကြမလဲ။ ရေတိုစားဖို့အတွက် ရေရှည်စားဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ ကျနော်ဆိုလို့ ရှိရင် Donor Country တွေလည်း ကျနော်တို့ခေါ်ရပါမယ်။ ကျနော်တို့ချည်းပဲ မတတ်နိုင်ဘူး။ ဒါကို ကျနော်ရိုးရိုးသားသားနဲ့ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော် တို့ Budget လည်း ကုန်လုနီးပါး ဖြစ်နေပြီ။ မတတ်နိုင်တော့ Donor Country တွေကို ကျနော်တို့က ရှာရမယ်။ ရှာတော့ နိုင်ငံ လေးငါးခြောက် နိုင်ငံလောက်ကတော့ ကျနော်တို့ကိုကူညီဖို့ အသင့်ရှိနေပြီ။ သူတို့ကူညီတဲ့အခါမှာလည်း စီမံခန့်ခွဲဖို့ အ တွက် ကျနော်တို့မှာ Advisory Council ဆိုပြီးတော့ ကျနော် တို့ဖွဲ့ ထားပြီးပါပြီ။ စီးပွားရေးနဲ့လူမှုရေးပေါ့။ သူတို့တွေနဲ့ ဆက်ဆံမယ်။ ဆက် ဆံပြီးတော့ ရလာတဲ့ပိုက်ဆံကို သေချာစနစ်တကျ နဲ့ထိန်းသိမ်းမယ်။ ထိန်းသိမ်းပြီးလို့ရှိရင် ဘယ်နေရာမှာတွေမှာ ဘယ်လိုသုံးစွဲမလဲဆိုတာကို စီမံ ခန့်ခွဲမယ်။ စီမံခန့်ခွဲပြီးရင် အောက်ခြေမှာ သွားပြီးတော့ သုံးစွဲမယ်။ သုံးစွဲတာ မှန်မှန်ကန်ကန်သုံးစွဲသလား မသုံးစွဲဘူးလား။ ဒါကို ကြပ်မတ် စစ်ဆေးတဲ့ အဖွဲ့။ ကျနော်အစိုးရက အဲဒီထဲမှာ မပါဘူး။ ဒါပေမဲ့ အဲဒီအဖွဲ့တွေနဲ့ပေါင်းပြီး အတူတူအလုပ်တွဲလုပ်ရမယ်။ ခင်ဗျားတို့ခေါင်းထဲ ထည့်ထားဖို့က ခင်ဗျားတို့အဖွဲ့တွေဝင်လာပြီ တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့မိသားစုတွေဝင်လာပြီ။ အဲဒီချိန်ကျရင် တို့ဘယ်လိုနေမလဲ။ နေနိုင်    ဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားဆီက အကြံအဉာဏ်တွေလဲ ကျနော် တို့လဲလိုချင်တာပဲ။ ဟိုကအဖွဲ့တွေဝင်လာပြီ နေနိုင်ဖို့အ တွက် ဘယ်လိုလုပ်ကြမလဲ။ ဒီတော့ ခင်ဗျားတို့ဆီက အကြံညဏ်တွေလည်း ကျနော်တို့လိုချင်တာပေါ့။ ကျနော်တို့ အကြံဉာဏ်ချည်းပဲ မပြီး ဘူး။ သူတို့တွေဝင်လာမယ်။ အသုတ်လိုက် အသုတ်လိုက်ဝင်လာမယ်။ ဘယ်လိုလုပ်ကြမလဲ ဘယ်နေရာတွေမှာ အိမ်လေးတွေဆောက်မှာလဲ။ အနိမ့်ဆုံးအဆင့်ကတော့ ကိုယ့်တိုင်းရင်းသားတွေက ပျဉ်ထောင် သွပ်မိုး အိမ်လောက်တော့ ဖြစ်သင့်ပါတယ်။ သူများ ပေးတာကမ်းတာတွေ ချည်းပဲ ထိုင်စားနေလို့တော့ မဖြစ်ဘူး။ အလုပ်အကိုင် ဖန်တီးရမယ်။ အလုပ်အကိုင်ဖန်တီးဖို့အတွက်ဆိုရင် လယ်ယာမြေတွေဖန်တီးပေးဖို့လို တယ်။ ဘယ်နေရာတွေမှာ လုပ်နိုင်ပြုနိုင်မှာလဲ။ လယ်လုပ်နိုင်တဲ့နေရာတွေမှာ ရွာတွေကို တို့ဘယ်လိုတည်ပေးမလဲ။ နောက်တော့ စက်ရုံတွေ ထူထောင်မယ်။ စက်ရုံတစ်ရုံဆိုရင် လူ(၁၀၀၀)လောက်အလုပ်ရမယ်။ (၁၀)ရုံလောက်ဆိုရင် လူ(၁၀၀၀၀)လောက် အလုပ်ရမယ်။ ဒါမျိုးတွေ ပူး ပေါင်းပြီးတော့ လုပ်ရမယ်။လူ ့ဘဝမှာအရေးကြီးတာကတော့  စားဖို့၊ နေဖို့၊ ၀တ်ဖို့ရယ် ဤအကြောင်းတရားသုံးပါးက အရေးကြီးပါ တယ်။ ဒါက အသက်ရှင် ရပ်တည်နိုင်ထိုင်ဖို့အတွက်ပါ။ ကျနော်ဆိုရင် စဉ်းစားတာ တစ်ခါတစ်ခါ အိပ်မပျော်ဘူး။ ခင်ဗျားတို့နဲ့ငြိမ်းချမ်းရေး ဆွေး နွေးပြီးပြီ။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အပေါ်မှာ ခင်ဗျားတို့ လက်ခံယုံကြည် လို့ ကျနော်တို့ကရသွားတာ။ တိုင်းရင်းသားတွေပြန်ဝင်လာ ရင်  တို့ ဘယ်လိုများ ထားကြပြုကြမလဲ။ နာဂစ်မုန်တိုင်း တိုက်တုန်းက ကျနော်တို့မှာ နှစ်နဲ့ချီပြီးတော်တော်လေးလုပ်ရပါတယ်။ ခင်ဗျားတို့ လည်း ဒါလေးကို စဉ်းစားစေချင်ပါတယ်။ စဉ်းစားပြီးတော့မှ ကျနော်တို့ရဲ့  Advisory Council ကိုကျနော်တို့ရှိပါတယ်။ ဦးတင်မောင်သန့်၊ ဦး အောင်မင်းတို့နဲ့ကျနော်တို့ဖွဲ့ထားတယ်။ အချိန်မရွေး သူ တို့နဲ့တွေ့လို့ရတယ်။ တိုင်ပင်လို့ရတယ်။ ကျနော်တို့နေရင်းထိုင်ရင်းနဲ့ဘယ် လိုလုပ်ချင်မလဲ။ ချက်ချင်းပဲ ရွှေ့လာမလား။ အသုတ်လိုက်ရွှေ့လာမလား။ ဘယ်လိုနေရာမျိုးတွေမှာနေနိုင်မလဲ။ စိုက်ရေးပျိုးရေး အလုပ်ကို ဘယ်လိုနေရာမျိုးတွေမှာ လုပ်နိုင်မှာလဲ။ ခင်ဗျားတို့လည်း ဒါတွေကို စဉ်းစားထားပါ။ စဉ်းစားထားပြီးတော့မှ  ကျနော်တို့အဖွဲ့နဲ့တိုင်ပင် ပြီး တော့မှ ပူးပေါင်းလုပ်ကြမယ်။ ရှေ့မှာ လုပ်စရာတွေအများကြီးရှိတယ်။ နောက်တစ်ခုက မိုင်းတွေ ခင်ဗျားတို့ဘက်က ထောင်ထားတဲ့မိုင်းတွေရှိ မယ်၊ ကျနော်တို့ဘက်က ထောင်ထား တဲ့မိုင်းတွေရှိမယ်။ ဒီအချိန်မှာတော့ တစ်ဖက်နဲ ့တစ်ဖက် အပြစ်ပြောနေလို ့တော့ မရဘူး။ အပြစ်တွေ ပြောနေရင်လဲ နှစ်ပေါင်း (၆၀)ကျော်ခဲ့ပြီပဲ ဆုံးမှာလဲ မဟုတ်တော့ဘူး။ အပြစ်တွေကလဲ ပြောလို ့လဲ မဆုံးနိုင်တော့ဘူး။ တစ်ယောက်နဲ ့တစ် ယောက် ဒါတွေကို အကုန်သင်ပုန်းချေလိုက်ပြီ။ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် တစ်တစ်ချက်က ဘယ်လိုတွေဝတ်ပြီး၊ ဘယ်လိုတွေစားမလဲ။ ၀င်ငွေတွေရဖို့အတွက် တို့ဘယ်လို တွေလုပ်ကြမလဲ။ အလုပ်အကိုင်တွေကိုဘယ်လိုဖော်ဆောင်မလဲ။ စိုက်ပျိုးရေးတွေကိုဘယ်လိုလုပ်မလဲ။ စက် ရုံတွေကို တို ့ဘယ်လိုထူထောင်မလဲ။ နောက်တစ်ခုကျတော့  ကျနော်တို့ဒီကနေ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အများဆန္ဒနဲ့ မညီညွတ်တဲ့ ဟာတွေကို ပြင်လို့ရပါတယ်။ ပြင်နိုင်တဲ့ လွတ်တော်ဆိုတာလည်း ကျနော်တို ့မှာ ရှိပြီးသားပဲ။ ဒီဖွဲ‹စည်းပုံအခြေခံဥပဒေကြီးကို အနှစ်နှစ် အလ လ ကျနော်တို့က ကိုယ့်ရဲ့ ရေမြေ သာဘဝ ကိုယ့်ရဲ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာ ကိုယ့်လူမျိုးရဲ့ဓလေ့စရိုက် ဒါလေးနဲ့ ကိုက်ညီအောင်ရေးဆွဲ ထားတဲ့အတွက်ကြောင့် အကုန်လုံး ပြင်ပစ်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ သို‹သော် ပြင်နိုင်တဲ့အခွင့်အလမ်း ဒီဘက်မှာ ဥပဒေတရားနဲ့ ကိုက် ညီအောင် ကြည့်ပြီးတော့ ဘယ်အချက်တွေကို ပြင်မယ်၊ ဘယ်အချက်တွေကိုတော့ မပြင်သင့်ဘူး။ သက်ကြီး ပိုင်းတွေကျတော့  ပါတီထောင်၊ ပါတီထောင်ပြီးတော့မှ သက်ဆိုင်ရာမြို ့နယ်တွေမှာ ၀င်အရွေးခံ ပြည်သူလူထုက ခင်ဗျားတို့ကို ရွေးချယ်ထားတဲ့အခါမှာ လွတ်တော်ထဲရောက် လာမယ်။ လွတ်တော်ထဲရောက်လာရင် တန်းတူညီတူနဲ့ ခင်ဗျားတို့ပြောနိုင်ဆိုနိုင်မယ်။ တန်းတူညီတူအခွင့်အရေးဆိုတာဒါဘဲ။ မေးခွန်းတွေ လည်း မေးလို့ရတယ်။ အဆိုတွေလည်း တင်သွင်းလို့ရတယ်။ လုပ်မပေးနိုင်ရင် ဘာကြောင့်လုပ်မပေးနိုင်တာလဲ၊ ဒါတွေကို မေးလို့ဖြေလို့ရ တယ်။ လွတ်တော်ထဲရောက်လာရင် မကိုက်ညီတဲ့ဟာလေးတွေ ပြင်လို့ရတယ်။ ဒါက လူကြီးပိုင်းတွေ လုပ်ရမည့်တာဝန်တွေပေါ့။ ကျနော်တို့ ငယ်ငယ်တုန်းက စစ်သားအနေနဲ့တိုက်တယ်ခိုက်တယ် လုပ်ကြတယ်။ အခုကျတော့ နိုင်ငံရေးပိုင်းမှာ ကျနော်တို့က တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်ကြတယ်။ လူကြီးပိုင်းတွေကျတော့ နောင်ကျရင် ဒီလိုမျိုး လုပ်သွားစေချင်တယ်။ နောက်တစ်ခါ လူလတ်ပိုင်းတွေ၊ လူလတ်ပိုင်းတွေ က တိုးတက်တဲ့အမြင်ရှိတယ်။ ဒီထဲမှာ ပညာတတ်တွေ အများကြီးရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တို့ဘယ်လိုလုပ်ကြမလဲ။ တစ် တစ်အချက်က တို့အဖွဲ့အစည်းရပ်တည်နိုင်ဖို့အတွက် တို‹ဘယ်လိုလုပ်မလဲ။ စားဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ နေဖို့အတွက် ဘယ်လိုတွေ လုပ်ကြမလဲ။ စီးပွားရေးကအဓိကဖြစ်နေတယ်။ နောက်တစ်ပိုင်းကျတော့ တပ်အပိုင်း၊ လက်နက်ကိုင်တဲ့အပိုင်းကိုတော့ ဖွဲ‹စည်းပုံအခြေခံဥပဒေ နဲ့ညီညွတ်အောင် အသွင်သဏ္ဍာန်အားဖြင့်ရော အနစ်သာရအားဖြင့်ရော ဘယ်လိုတွေ ကျနော်တို့တဖြည်းဖြည်းနဲ‹ပြောင်းသွားမလဲ။ ချက် ချင်းလည်း ကျနော်တို့ ပြောင်းလို့မရဘူး။ကျနော်တို့လည်း ဒါကို သဘောပေါက်ပါတယ်။ သို့သော်လည်း ကျနော်တို့ကိုင်ထားတဲ့ သေ နတ်တွေက ကျနော်တို့အချင်းချင်းပြန်ပြီးတော့ တိုက်ဖို့အတွက် မဟုတ်စေရဘူး။ ကိုယ့်နိုင်ငံကိုကာကွယ်ဖို့အတွက် ကိုင်ထားတာဖြစ်တယ်။ နိုင်ငံအနေ နဲ့ကျနော်တို့ပြန်စဉ်းစားလိုက်တဲ့အခါ ကိုယ့်နိုင်ငံကကာကွယ်ရေးဟာလည်း အင်မတန်မှကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ အ ရှေ့မြောက်ဘက်မှာ တရုတ်နိုင်ငံကြီးဆို လူဦးရေ 1.3 billion
ကျော်လောက် ရှိမယ်။ အိန္နိယဆိုလို့ရှိရင်လည်း one billion ကျော်ကျော် လောက်ရှိမယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့အကျယ်အဝန်းဟာ ကျနော်တို့နိုင်ငံရဲ့ လေးပုံတစ်ပုံလောက်ပဲရှိမယ်။ ဒီကနေ့လူဦးရေ သန်း(၄၆၀) လောက်ရှိတယ်။ နေဖို့အတွက် စားရဖို့အတွက် အများကြီး ဒုက္ခရောက်တယ်။ အိန္နိယဘက်ကို သူတို့သွားလို့လဲ မရဘူး။ ကျနော်တို့ ဘက်က အမြဲတမ်း မျက်စောင်းထိုးနေတယ်။ ထိုင်းဆိုတာလည်း ဘာဘဲဖြစ်ဖြစ် ကမ္ဘာရဲ့ဆက်ဆံရေးမှာတော့ အမြဲတမ်း မိတ်ဆွေ အမြဲတမ်း ရန်သူဆိုတာတော့ မရှိဘူး။ ကိုယ့်နိုင်ငံလုံလုံခြုံခြုံဖြစ်အောင် ကိုယ်ကအမြဲတမ်း စစ်တပ်ထားရမယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေက ကိုယ်နိုင်ငံကို ကာကွယ်တဲ့အင်အားစုတွေဖြစ်တယ်။   ကိုယ်နိုင်ငံကိုကာကွယ်တဲ့အင်အားစုတွေဆိုတော့ ကိုယ်နိုင်ငံကိုကာကွယ်မယ့်အဖွဲ့ဆို  ရင်တော့ သာမန်အဆင့်လောက်နဲ့တော့ သေနတ်ပစ်တတ်ခတ်တတ်ရုံနဲ့မရဘူး။ ခေတ်မီတပ်မတော်ဖြစ်အောင်  လုပ်ရ မယ်။ ဒီကနေ့ပြည်ပနဲ့ တစ်ခုခုအန္တရာယ်ကြုံလာ တိုက်မယ်ခိုက်မယ်ဆိုရင် ရိုင်ဖယ်လောက်နဲ့မရဘူး။ သေနတ်တွေ ခလုတ်ဆွဲလိုက် ရုံနဲ့လည်းမရဘူး။ ကွန်ပျူတာတွေနဲ့  တွက်ချက်ပြီး တိုက်ရပြုရတော့မယ်။ ခေတ်မီတပ်မတော်ဖြစ်ဖို့အတွက်က တို့လက်နက်ကိုင်အဖွဲ‹အစည်း တွေကို ဘယ်လိုမြှင့်တင်မယ်။ ဘယ်လိုပြောင်းလဲမယ် ဘယ်လိုတွေဖွဲ့စည်းကြမလဲ။ ဒါကတော့ အခြေအနေကြည့်ပြီးတော့ ဆွေးနွေးသွားရမှာ ဖြစ်တယ်။ ကျနော်တို့က ပြည်ထောင်စုကြီးထဲနေပြီးတော့ အေးအတူ ပူအမျှ အတူတကွ နေကြမယ်။ ရာသက်ပန်နေကြမယ်။ ဒီစိတ်ဓာတ်က လေးတွေ မွေးမြူဖို့ကျနော်တို့မှာ လိုအပ်တယ်။ ပြည်ထောင်စုကြီးတည်မြဲဖို့အတွက် ကျနော်တို ့အားလုံးကာကွယ်ကြမယ်။ ပြည်ထောင် စုကြီးတည်မြဲဖို ့အတွက် ကာကွယ်မယ်ဆိုတဲ့အခါမှာ  အဓိကကတော့ သုံးခုပေါ့။  ပြည်ထောင်စုကြီးမပြိုကွဲသွားအောင် ကျနော်တို့က ဝိုင်း ၀န်းပြီးတော့ စောင့်ရှောက်ရမယ်။ ပြိုကွဲသွားလို့ရှိရင် တစ်စစီဖြစ်သွားမယ်။ သူများလက်အောက် ရောက်သွားမယ်။ သူများအနှိမ်ခံတဲ့ဘဝ ရောက်သွားမယ်။ ပြည်ထောင်စုကြီးမပြိုကွဲအောင် ဝိုင်းဝန်ပြီးတော့ ကာကွယ်စောင့်ရှောက်ရမယ်။ ထိန်းသိမ်းရမယ်။ နောက်တစ်ခါ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်ရှိတယ်။ ဒီတိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်နဲ့ စုစည်းပြီးတော့နေထိုင်နေကြတယ်။ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲသွားရင် ပြည်ထောင်စုကြီးလည်းပြိုကွဲမှာဘဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲအောင်တို့ဘယ်လို ကာကွယ်ကြမလဲ။ ဒီဟာကိုလည်း ကျနော်တို့က ကာကွယ်ရမယ်။ နောက်ဆုံးအချက်က အချုပ်အခြာအာဏာ ။ အချုပ်အခြာအာဏာ မဆုံး ရှုံးအောင် ကျနော်တို့ ကာကွယ်ရမယ်။ ဒါကို ကျနော်ရဲ့ သဘောထားလည်းပါပါတယ်။ကျနော်တို့အစိုးရရဲ့ သဘောထားလည်းပါ ပါတယ်။ နိုင်ငံတော်မှာ ဒီကနေ့ ဆောင်ရွက်နေတာတွေ ကျနော်လုပ်ကိုင်နိုင်သမျှအားလုံးကို ခင်ဗျားတို့ကို ယုံယုံကြည်ကြည်နဲ့ ပြောပြတာပါ။ ကျနော် ရဲ့စိတ်ထဲမှာက ခင်ခင်မင်မင် ယုံယုံကြည်ကြည် နဲ့ ကိုယ်ရဲ့တိုင်းရင်းသားတွေပဲ ကိုယ့်ရဲ့ဆွေမျိုးတွေဘဲ ကိုယ့်ရဲ့အမျိုးတွေပဲ ဆိုပြီးတော့ ဒီလိုသ ဘောထားမျိုးတွေကိုထားပြီးတော့ ပြောပြတာပါ။

0 comments: