Tuesday, September 11, 2012

ပညာရေးဝန်ထမ်းများ လစာတိုးပြီ


အခြေခံ ပညာဦးစီးဌာန အောက် ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအား လက်ရှိရာထူး၏ တစ်ဆင့်တိုး လစာများအတိုင်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃) အခြေခံ ပညာဦးစီးဌာနမှ သိရ သည်။
ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့်
စီမံခန့်ခွဲ မှု အပိုင်းအဆင့်တိုးမြှင့် ဆောင်
 ရွက်နိုင်ရန် မူလတန်းကျောင်းအုပ် များကို အထက်တန်းပြ လစာသို့ လည်းကောင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ပညာရေးမှူးကို ညွှန် ကြားရေးမှူးအဆင့်နှင့် လစာသို့ လည်းကောင်း၊ ခရိုင် ပညာရေးမှူး ကို ဒုတိယညွှန်ကြား ရေးမှူး အဆင့်နှင့်လစာသို့လည်းကောင်း၊ သတ်မှတ်တိုးမြှင့်သွား မည်ဖြစ် သည်။
လစာတိုးနှုန်းပမာဏအား ဖြင့် အခြေခံပညာကျောင်းအုပ် တစ်ဦးသည် လက်ရှိ လစာပေါ် တွင် (၇)ရာခိုင်နှုန်းခန့်တိုးမည်ဖြစ် သည်။ လက်ရှိ ရာထူးထက် တစ် ဆင့်တိုးလစာပေးခြင်းကို လေးနှစ် အတွင်း လေးသုတ်ခွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး ပထမဆုံး အသုတ်တွင် ပင်စင်ယူကြတော့ မည့် သက်ကြီးနှင့် ထူးချွန်ဆရာ၊ ဆရာမများကို ဦးစားပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပညာရေးကဏ္ဍ ပိုမိုအား ကောင်းစေရန် ခရိုင်အဆင့်ပညာ ရေးမှူးများကိုလည်း ယခုနှစ်အ တွင်း တိုးချဲ့ခန့်အပ်မည်ဖြစ်ရာ တိုင်းအဆင့်အနေနှင့် တိုင်းဒေသ ကြီးများရှိရာ နေရာတိုင်းတွင် တိုင်းပညာရေးမှူးများ ထားရှိမည် ဖြစ်ပြီး ရန်ကုန်ကို ရုံးချုပ်မှတိုက် ရိုက် ကွပ်ကွဲသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်အနေနှင့် ခရိုင်လေးခု ရှိ သည့်အတွက် ခရိုင်ပညာရေးမှူး လေးဦးထားရှိသွားမည်ဖြစ်သည်။
ရန်ကုန်တွင် ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင် ပညာရေးမှူးရုံးကို သန်လျင်တွင် လည်းကောင်း၊ မြောက်ပိုင်းခရိုင် ပညာရေးမှူးရုံးကို အင်းစိန်တွင် လည်းကောင်း၊ အရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း တွင်လည်းကောင်း၊ အနောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးကိုလမ်းမတော် ရှိ ယခင်ရန်ကုန်တိုင်းပညာရေး မှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။



သတင်းချစ်သူ
news from..http://www.hotnewsweekly.com/

0 comments: