Friday, November 26, 2010

အခုတော့ ဒီလိုဖြစ်နေလို့ပါ။

အခုတစ်လော သယ်ရင်းတွေ ဘလော့ဂ်တွေကို လိုက်မဖတ်နိုင်တာရယ်။ နှုတ်မဆက်ဖြစ်တာရယ်အတွက် မကျေမချမ်းဖြစ်နေတာ။ကိုယ် ကြိုက်တဲ့ စာတွေကိုလည်း သွားမဖတ်ဖြစ်တာ ကြာပါပြီ။ အင်္ဂါဟူး(မျှဝေမှုတို့စုစည်းရာ) မှာလဲ အသစ်မတင်နိုင်လို့ ပီမိုးနင်း အဆက်ကို မျှော်နေတဲ့ သူတွေ အထူးသဖြင့် ဒေါ်ငွေလမင်းတို့ကိုလဲ အားလဲနာတယ် ... ချိတ်ညစ်တယ်....
အခုလည်းကြည့်လေ ဒီမှာ ကွန်တိန်နာ တစ်လုံးရှင်းမပြီးသေးဘူးနောက်တစ်လုံးက ရောက်လာပြန်ရော....

ရုံးခန်းထဲကအလုပ်တွေကလည်း ပုံနေပြီ.... ဆိုင်တွေကိုလဲ အင်ဗွိုက်ရိုက်ပေးရဦးမှာ တော်တော်များများပုံနေပြီ
လချုပ်စာရင်းတွေလဲ လုပ်ရဦးမယ် အပ်ငွေ စာရင်းတွေလဲကျန်သေးတယ်။ ဆန်းဒေးလဲ ဆိုင်မှာဈေးသွားရောင်း ရဦးမယ်... ဟွန့်ဟွန့်...



ဒီကွက်လပ်လေးရဖို့ အခုတင် အပြေးအလွှား ရှင်းထားရတာ... ကွန်တိန်နာကြီးက ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာလို့... အင်းလေ ကိုယ်တွေကလဲ ဆိုင်းတွေဗုံတွေ အိတ်စပို့စ်အင်ပို့လုပ်တာမှ မဟုတ်တာ... စက္ကူပုံးတွေပဲ ဆင့်လာမှာပေါ့..




ဒီကောင်က အခုလိုအခန့်သားနေရာယူထားပြီလေ.. မနက်ကျရင်တော့ မိုးယံတို့ ဂျွမ်းပျံဖို့သာပြင်ပေတော့။

အခုပုံထားတဲ့ ပုံးတွေက အားလုံးစာရင်းလုပ်ထားပြီးသားတွေ မနက်ဖြန်ကျရင် နယ်ကိုပို့ရမည့် ပစ္စည်းတွေပေါ

မြင်ရတဲ့ အတိုင်းပဲ သယ်ရင်းတို့ရေ... ကွန်တိန်နာထဲက ပုံးတွေကို ဒီအပေါက်ကျဉ်းကျဉ်းလေးထဲက နေ ဘယ်လိုလုပ် ဖော့ကလစ်ဝင်ပြီး စီမလဲ။ အဲဒီကောင်ကို လာယူမည့် ကားသမားက မနက်နောက်ကျရင်တော့ ပွဲပဲ... အဲဒီအ၀က ပုံးတွေကို တစ်နေရာပြန်ရွှေ့ရဦးမှာ.... လော်ရီ ကားသမား အဆင်ပြေပြေ စောစောစီးစီး ရောက်လာပါစေ.... ဂွီ။

အနော် ဓါတ်ပုံတွေ လိုက်ရိုက်နေရင်း သူငယ်ချင်းက “ ဘာလဲ မှတ်တမ်းတင်နေတာလားတဲ့” သူပြောတာလဲ ဟုတ်တုတ်တုတ်ပဲ... ကိုယ်ကတော့ ဒီလိုပါပဲ... တစ်ချို့ပုံတွေ ရိုက်ထားတာ အခုထိတောင် ဖုန်းထဲက နေ ဘလော့ဂ်ပေါ် မရောက်သေးဘူး. အင်ဂျလီနာဂျိုလီနဲ့ ဂျနီဖာလိုပက်ဇ် ကတော့ အခု အိမ်ထောင် ကျကုန်ကြလို့ ဖုန်းမဆက်တော့တာ.. အီမာဝပ်ဆင်တို့ ရှာကီးယားတို့ကတော့ အခုထိ မေးလ်ပို့လိုက် ဖုန်းဆက်လိုက် ကျွန်တော့်ကိုစိတ်ကောက်လိုက် လုပ်တုန်းပဲ... အလုပ်နည်းနည်းပါးမှ သူတို့ကိုလဲ ပြန်ချော့ရဦးမယ် .... ခွိခွိ


ဒီနေရာလေးက နေ စာရင်းတွေ ကျွန်တော်မှတ်တယ်ပေါ့ဗျာ... ဂိုဒေါင်ထဲမှာ ကျွန်တော် စာရင်းမှတ်တဲ့ နေရာပေါ့.. တစ်ခါတစ်လေလဲ စာရင်းရေးမယ့် စာရွက်ကြီးကိုင်ပြီး ပုံးတွေကြားထဲ လိုက်မှတ်ရတာလဲ ရှိတတ်ပါတယ်လေ... (အလကား အကြီးကြီးလုပ်ပြီး ကြွားပြတာ)


ဒီကွက်လပ်မှာ ကွန်တိန်နာထဲက ပုံးတွေ နေရာချမယ်။ ပစ္စည်းတွေ စစ်မယ်... ဆိုင်တွေ ပို့မယ်ပေါ့လေ....

ဟဲဟဲ သိတယ်မဟုတ်လား ဒီကိုယ်တော်ကို.... လေကြီးမိုးကြီးပြောတတ်တဲ့ လေမိုး.... ပြောလိုက်ရင် အထက်ကကြီးပဲ ပြောတဲ့ မိုးပျံ အဲ အဲ... ယောင်လို့ မိုးယံ.... အင်္ဂါမက ဗုဒ္ဓဟူးမကျ အချိန်မှာမွေးတဲ့ အင်္ဂါဟူး..

ဘောင်းဘီတွေ ဘာတွေကြိုက်လို့တော့ လာမငှားနဲ့ ဒါက အမေရိကန် ဂျင်းန် အစစ် Tex wood ဆိုလား ဘာဆိုလား (ငကြွား)

12 comments:

ကိုဇော် said...

ဟားဟားဟား....
အတူတူပဲဟေ့။ ဒီမှာလည်း ဘီးဇီးနေဒယ်။
စာတွေတောင်မှ လိုက်မဖတ်ဖြစ်တာ ကြာပြီ။
မရွှေစင်ဆီတောင်မှ အရမ်းဖတ်ချင်လာလို့ ခုနက ဘာမှ မလုပ်ပဲ သွားဖတ်ပစ်လိုက်တယ်။
ဒီလိုပဲပေါ့.. ဘဝ ဆိုတာ..

...အလင်းစက်များ said...

:P :P :P

တကယ့်ဗြုတ်စဗြင်းတောင်းပါပဲလေ.......

စကားမစပ်.. ဆိုင်းတွေ ဗုံတွေ အိတ်စပို့  လုပ်ဖြစ်ရင် အကြောင်းကြားပါဦး ကိုမိုးယံရေ.... ဗုံတစ်လုံးလောက် လို ချင်လို့ .... :D

SHWE ZIN U said...

အင်း အလုပ်များနေတော့လည်း ခွင့်လွှတ်ရတော့မှာပေါ့

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

ဟဲ့...နင်လဲ ပင်ပန်းတာတော့ ပင်ပန်းတာပေါ့
ငါ့အကြွေးလဲ ပြန်လာဆပ်အုံး:P
ဘောင်းဘီလဲ ကွဲနေတယ်..ကြည့်လုပ်..တော်သေးတယ်
ဘောင်းဘိပဲ ကွဲလို့:P

ရွှေရတုမှတ်တမ်း said...

ဘုရား..ဘုရား...ကံသီလို့....
ဇစ်ပြုတ်နေတဲ့ပုံ မပါတာ...

ညိမ်းနိုင် said...

ဘီးစီးနေတယ်လား...
ဟုတ်ပါ့ဗျာ... ဒီအပေါက်ကျဉ်းလေးထဲ ဘယ့်နှယ်
ဖောက်ကလစ် ဝင်မတုန်း..။ဆိုတော့ ဘယ့်နှယ်လုပ်....။
ဘောင်းဘောင်းတော့ ငှားတော့ပါဘူး...။

Anonymous said...

အင်းးးး တကယ့် မိုးယံ ပဲ။
ဗြုတ်စဗျင်းတောင်းရေးလဲ ရတာပဲ။
အင်းးးးလူကတော့ စတိုင်အပြည့်။
ကမ္ဘာကျော်လေးတွေနဲ့ ဆိုတော့ ...:)။
ကြည့်လုပ်..နောက်နှစ်ယောက်လည်း အိမ်ထောင်ကျ
သွားလို့ လူပျိုကြီး ဖြစ်ကျန်ခဲ့အုန်းမယ်။ :)
...ခင်မင်လျှက်..ခင်မာလာအောင်..:)

Crystal said...

လာလည်သွားတယ်နော်၊ နောက်မှ အေးဆေးစာလာဖတ်အုံးမယ်။

Maung Myo said...

ဟိုကား ရိုက်ဖို့ လာငှားမယ်း) ရာဇ၀င်ကားးး ဟီး

မောင်စေတနာ said...

အတိုကြီးရေ

ဟဟ ချုပ်နေတယ်ပေါ့နော်.....

တားလည်း တစ်ပုံးလောက် လာမှာရဦးမယ်...

ဒီတစ်ခါဆုံရင် အရမ်းမိုက်တဲ့ ဘောင်းဘီလေးဝတ်လာခဲ့နော် ...... ( မှတ်တမ်းတင်မလို့)

ဟဟဟဟဟ

တားမအားလို့ ပိုစ့်တင်ပေးပြီး လစ်ပီနော်ဂျာ

တတ်တာဂျာ.....

မြစ်ကျိုးအင်း said...

အလုပ်သာများနေတယ်
ဂိုက်ပေးကြမ်းတုန်းပါလားး

sosegado said...

ကြည့်လိုက်ဖတ်လိုက်နဲ့ စာသရုပ်ဖေါ်ဖတ်သွားပါတယ်၊ နောက်ဆုံးတော့ ဇာတ်လိုက်ပုံနှင့် သိမ်းသွားတာပဲ။