Wednesday, November 3, 2010

တွင်းကြီးဖြစ်ပြန်ပြီ

“တွင်းကြီးဖြစ်ပြန်ပြီ”

ဇောက်အနက် ၂၀ မီတာ (ပေ ၆၀ ခန့်) နှင့် အကျယ် အချင်း ၄၀ မီတာ (ပေ ၁၂၀ ခန့်) ရှိတဲ့ တွင်းကြီးဖြစ်ပေါ်စေတဲ့ မြေပြိုမှုတခု တနင်္လာနေ့ နိုဝင်ဘာ ၁ ရက် နေ့၊ ညအချိန်က ဂျာမဏီနိုင်ငံ အလည်ပိုင်းကမြို့ငယ်လေးတစ်ခုဖြစ်တဲ့ Schmalkalden မြို့လေးမှာရုတ်တစ်ရက်ဖြစ်ပွားခဲ့ရာ ကားတစ်စီး ကျသွားပြီး တစ်ခြားကားတစ်စီးအစွန်းမှာ တွဲလောင်းလေး တင်ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။
လူအထိအခိုက်မရှိပေမယ့် အနားကအိမ်ခြေ အစိတ်လောက်ကလူတွေကတော့ ကြောက်လို့ သူတို့နေထိုင်ရာအိမ်များမှ ပြောင်းရွှေ့ရှောင်ရှား ကြတယ်လို့သိရပါတယ်။
ဘာကြောင့်ဖြစ်တယ်ဆိုတာကိုအဖြေရှာနေဆဲဖြစ်ပါတယ်။
လေးစားလျက်
မောင်လူအေး








Posted by မောင်လူအေး
www.onlinepyadaik.com

6 comments:

Anonymous said...

၂၀၁၂ နီးလာလို့ ထင်တယ်...ဟိဟိ

...အလင်းစက်များ said...

အားလုံးခြုံကြည့်လိုက်ရင်တော့........... လူသားအားလုံးအတွက် တွင်းကြီးဖြစ်ပြန်ပြီတဲ့...... အောင်မငီး ကြောခြမ်းလိုက်တာနော်......... :D

SHWE ZIN U said...

အဲဒီ တွင်းထဲ ဟိုဟာတွေ ပြစ်ချ

ခင်တဲ့
ရွှေစင်ဦး

...အလင်းစက်များ said...

ဓါတ်ပုံတွေ ကူးပြီး ယူသွားတာ ခွင့်မတောင်းမိလိုက်... ဆောတီးဗျို့............ :P

အင်္ဂါဟူး said...

ရပါတယ် ကို အလင်းစက်ရယ် .....

လိုချင်တာယူပါ အချစ်လေးရာ .... ငါပေးလိုက်ချင်လို့ပါ ။ ဟဲဟဲ (အဲလက်စ်လိုဆိုကြည့်)

ကိုဇော် said...

မြေမျိုတာတွေ....