Tuesday, November 2, 2010

ကျွန်တော့် ရဲ့ရင်သွေး ရတနာလေးတွေ

ကျွန်တော်က အလွန်ပွေရှုပ်တဲ့ ကောင်ဆိုတော့ ဒီလောကထဲမှာ ကျွန်တော်နဲ့ လွတ်ကင်းတဲ့ အနုပညာရှင် မိန်းကလေးတွေ က ခပ်ရှားရှားပါ ခင်ဗျာ........ တစ်ချို့ဆို ကျွန်တော် သိပ်တောင် မမှတ်မိတော့ဘူး ......
ထားပါ အခု နှစ်ယောက်ကို မှတ်မိနေတယ် ဆိုတာက သူတို့နဲ့ ကျွန်တော့ရင်သွေးလေး တွေ ဖြစ်ထွန်းခဲ့တာကိုး..

မယုံရင် ဒီပုံလေးတွေ ကိုကြည့် ... ကျွန်တော့် သားသမီးတွေက သူတို့နဲ့ ကျွန်တော် ပတ်သက်ခဲ့တဲ့ သက်သွေ တွေပေါ့ဗျ.... ဒီပုံသမီးလေးက ဟယ်ရီပေါ်တာ မင်းသမီးချော အီမာဝပ်ဆင်နဲ့ ကျွန်တော်တို့ရဲ့ ချစ်သက်သေ။
သမီးလေး နံမည်က ...Emma moe yann တဲ့ ချစ်စရာလေးနော် .. ဟာဟ

ဒါလေးကတော့ ကမ္ဘာကျော် အဆိုတော်မလေး ရှာကီရားနဲ့ အနော်နဲ့ ချစ်ကျွမ်းဝင်မှု မှတ်တိုင် ရင်သွေးလေးပါ
သားလေး ပုံက ချစ်ဖို့ ကန်းတယ်နော်။ ကြီးလာရင် ဖအေလို လိုချောလေးဖြစ်ပြီး သူ့အမေလို အသံကောင်းမှာဗျ... အခုတောင် ကျွန်တော့သားကြီးလာရင် ဘာညာဆိုပြီး ကိုရီးယားမင်းသမီးတွေ လာဒိတ် နေကြတယ်။ အဖေကို မရလို့ သားကို ချိန်တဲ့ ကိုရီးယားမင်းသမီး မမတွေပေါ့... အမြင်ကို ကတ်တယ်... ထားပါ့တော့ ဒီမှလေ ကျွန်တော့်သား အငယ်ကောင် ..... တွေ့လား ဒီကောင်လေးက သူ့အဖလို ပဲ လောက ကို မျက်မှောင့်ကြုတ် ပြီးကြည့်မယ့်ကောင် .. ပြုံးရမှာ ၀န်လေးတဲ့ကောင် .. တစ်ကယ့် အာဂ ကောင်လေးပေါ့။
သားလေးနံမည်က Shakiyann .. ရှာကီးယန်း တဲ့ ... ကဲ အခုတော့ ဘာပြောမလဲ။ ခွိ ခွိ

(ဟဲ ဟဲ နောက်တာနော် ၊ ဂယ်လဲ မှတ်မနေနဲ့ဦး ပျော်ရွှင်ရယ်မော စေချင်လို့ နောက်တာပါဂျာ )

တစ်ကယ်တော့ တာရာ ရဲ့ပို့စ်ကို ပြန်လည် မျှဝေ ပေးချင်တာပါ ဗျာ။

ဒီကို သွားလိုက်ပါ....http://www.makemebabies.com/

အရင်ဆုံး Browse ကနေမိမိပုံကိုတင်လိုက်ပါ
ပြီးရင် go ကိုနှိပ်လိုက်ပါ
ပြီးရင်မိမိပုံကို edit လုပ်ပြီး next ကိုပေးလိုက်ပါ

upload Partner's Photo ဆိုတာကိုကလစ်ပေးလိုက်ပါ
Browse ကနေမိမိ ချစ်သူပုံကိုထည့်လိုက်ပါ
next ပေးပါ
ြ့ပီးရင် ကောင်လေးပုံပေါ်စေချင်တာလား
ကောင်မလေးပုံပေါ်စေချင်တာလား ဆိုတာရွေးပါ
Baby name မှာနာမည်ထည့်ပါ
proceed ကိုပေးလိုက်ပါ

အဲဒါဆိုရင်တော့ မိမိတို့ရဲ့ baby ပုံလေးကိုတွေ့ရမှာဖြစ်ပါတယ်

အခုတလော europe မှာရေပန်းစားနေတဲ့ site လေးပါ
အနီးစပ်ဆုံးတူတယ်လို့တော့ညွန်းကျတာပဲ....
စမ်းကြည့်ကြပေါ့

6 comments:

Anonymous said...

မိုးယံ တစ်ယောက်လုပ်လိုက်မှဖြင့်....ဟားဟားဟား
တော်တော့်ကို ရယ်ရတယ်။ ခေါင်းစဉ်စမြင်မြင်ခြင်းမှာ
အယ်...ဆိုပြီး ကြောင်သွားတာ။
ဖတ်ရင်းဖတ်ရင်း ပြုံးရင်းရယ်ရင်း ဖြစ်လာတာ။ :)
ရေးတတ်လိုက်တာများ လွန်ရော။
...ခင်မင်မှုများနှင့်...ခင်မာလာအောင်...:)

...အလင်းစက်များ said...

Op! Surprise!

Emma was so young when we met.

Now, She get a baby.........

And ,,,,,,,,,,,, So ........ So :D

ကိုဇော် said...

အော်...
ငါနဲ့ ရခဲ့တဲ့ သူတို့ရဲ့ ပထမဦးဆုံး သားသမီးတွေမှာ ဒီလောက် ရုပ်မဆိုးပါဘူး။ အခု ဒုတိယ ယောက်ျား မိုးယံနဲ့မှ ကလေးတွေက ရုပ်ဆိုးကုန်တယ်။ အင်းလေ..အဖေက ကွာသေးတာကိုး..ငှဲငှဲငှဲ..

အုပ်ကြီး said...

♬ ♫ ♪ သားလေးမွေးရင် ..
ကိုယ့်နာမည်ပေးလိုက်ချင် ♬ ♫ ♪

Anonymous said...

ကိုမိုးယံရေ..အဲဒါလေးကိုတွေ့ တာကြာပြီအမီးတို့ ဆီမှပိတ်ထားတယ်ဗျ...account လုပ်ပြီးမှဘာမှထပ်လုပ်လို့ မရတော့ဘူးလို့ သူ့ နာမည်ကလည်းဘန်းချင်စရာ makemebaby ဆိုတော့ရုရှားသူငယ်ချင်းတစ်ယောက်ကူညီလို့ ကိုယ့်ပုံလေးတွေနဲ့ ကိုယ့်.....ပုံလေးတွေ မျက်နှာစာအုပ်မှာတင်လိုက်တယ်...ရူးတာရူးတာ

မြစ်ကျိုးအင်း said...

အကောင်းကြိုက် တတ်ပါ့..။
ငါလည်း ဘယ်သူနဲ့ဆိုကောင်းမလဲ စိတ်ကူးယဉ်လိုက် အုံးမှပဲ။