Tuesday, November 23, 2010

King cobra (သို့) ငန်းမြွေကြီးများ

ကျွန်တော်မြွေတွေကိုစိတ်ဝင်စားတာကြာပါပြီ။ အခုတော့အလွန်ကြီးတဲ့မြွေဟောက်တစ်မျိုးအကြောင်းရေးတင်ချင်ပါတယ်။
ဒီမြွေကို တောကြီးမြွေဟောက် လို့လည်းခေါ်ပါတယ်။ အဆိပ်ရှိမြွေတွေထဲမှာ အရွယ်အကြီးဆုံး နဲ့ အဆိပ်အပြင်းဆုံး ဖြစ်ပါတယ်။
အာရှတိုက်ရဲ့တောင်ဘက်ပိုင်းမှာအများဆုံးတွေ့ရပြီး အိန္နိယနိုင်ငံမြောက်ဘက်ပိုင်း၊တရုတ်နိုင်ငံတောင်ပိုင်း၊မလေးရှားနိုင်ငံပင်နီဆူလာဒေသ၊အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်၊ထိုင်းနှင်
့မြန်မာနိုင်ငံတို့မှာတွေ့ရတတ်တဲ့ဒီမြွေကြီးမျိုးကိုမြန်မာတို့က တောကြီးမြွေဟောက် (တချို့က) ငန်းမြွေ လို့ခေါ်ပါတယ်။
ဒီမြွေကိုအင်္ဂလိပ်လို King Cobra လို့ခေါ်ပြီး သိပံနာမည် Ophiophagus hannahလို့ခေါ်ပါတယ်။အင်္ဂလိပ်လိုအဓိပါယ်က
snake eaterတဲ့မြန်မာလိုဘာသာပြန်တော့ မြွေစားသောမြွေ ပေါ့ခင်ဗျာ။ ဒီမြွေရဲ့ပျမ်းမျှအရွယ်အစားကတော့
၁၂ ပေ မှ ၁၃ ပေ ဖြစ်ပြီးတော့အရှည်ဆုံးမြွေကတော့မှတ်တမ်းအရ (၁၈ ပေ ၆ လက်မ) ဖြစ်ပါသတဲ့။ သက်တမ်းအားဖြင့် ပျမ်းမျှအနှစ် ၂၀
ရှင်သန်ကြတဲ့ဒီမြွေကြီးတွေဟာအရောင်အားဖြင့် မီးခိုးရောင်ဖြစ်ပြီး၊ ၀ါညစ်ညစ်အရောင်၊ အနက်နဲ့အ၀ါစပ်၊
တရုတ်မှာတော့အနက်ဆန်တဲ့အညိုရင့်ရင့် စသည်ဖြင့်တွေ့ရပါတယ်။ ပြောခဲ့သလိုပဲ အကြိုက်ဆုံးအစားအစာကတော့ Ratsnake ခေါ် (ကြွက်စားမြွေ) ကိုအကြိုက်ဆုံးဆိုပေမယ့်ကိုယ့်ဇာတ်တူသားအကောင်ငယ်ပါမချန် မြွေသားကိုအရမ်းကြိုက်ပါတယ်။ စားစရာမြွေ
မရှိမှတခြားအကောင်ငယ်တွေကိုစားတာဖြစ်ပါတယ်။ ဒီတောကြီးမြွေဟောက် ခေါ် ငန်းမြွေ အမျိုးအစား
တကယ့်မြွေကြီးတွေကို အမိအရဖမ်းဖို့ခက်တာကြောင့်အနေအထိုင်ကျစ်လစ်တဲ့ဒီမြွေတွေဟာ မြင်ဖူးတဲ့ဒေသခံတွေစကားအရ အရှည်ပေ ၂၀ နှင့် ၃၀ ကြားအထိတွေ့ဖူးတယ်လို့ပြောကြပါတယ်။ လက်လှမ်းမှီသလောက်ဓာတ်ပုံနှင့်တကွ
ဖော်ပြလိုက်ပါတယ်။ ဗဟုသုတအဖြစ်လေ့လာပေးကြပါ။ လိုတာရှိလည်းဝေဖန်ကြပါဦးသူငယ်ချင်းတို့။

အားလုံးကိုကျေးဇူးတင်ပါသည်။

7 comments:

Crystal said...

ကြောက်ကြောက်နဲ့ ကြည့်သွားတယ်။ အပြင်မှာလည်း မြင်ဖူးတယ်။

...အလင်းစက်များ said...

အီးဟီး........ ကြည့်ရဲဘူး.... ကြောက်လယ်..

ရွှေရတုမှတ်တမ်း said...

အဲလောက်တော့ မရှည်ဘူး....
ပါးပြင်းတော့ထောင်တယ်....

ရှိတယ်......အဲ...အဲ.....ဘကျောက် မှာရှိတာပြောတာမဟုတ်ဘူး..

တိရစ္ဆာန်ရုံထဲမှာပြောတာပါ...

Anonymous said...

ကုန်းပေါ်ကအကြောက်ဆုံးတိရစ္ဆာန်ကိုပြပါဆိုရင်တော့မြွေပဲ...အပေါက်သေးသေးလေးတွေကအစ၀င်လို့ ရတယ်...ဘယ်နေရာမှာပုန်းပုန်းဒင်းကရအောင်ရှာနိုင်တယ်ဆိုပဲ...

blackကော်ဖီ said...

အမလေး.... ကြည့်ပြီးအသဲယားလိုက်တာနော်... အထက်ကပြောသလိုဘဲ ကြောက်ကြောက်နဲ့ ကြည့်သွားတယ်...

မြစ်ကျိုးအင်း said...

မြွေကတော့ အသဲကို ယားတယ်ဗျာ

Anonymous said...

အသဲတွေ ယားလို့ ပါ...အသဲတွေယားလို့ ပါမိုးယံရေ။
အပြင်မှာ အဲလောက်ကြီးတာမျိုးကြီးတွေ မမြင်ဖူးဘူး။
ဗဟုသုတ မှတ်သွားတယ်။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)