Tuesday, May 10, 2011

လတ်တလော စိတ်ဆန္ဒများ (တဂ်)


ကိုယ်ကလည်း အရှက်အကြောက်ကြီးတော့ ကိုယ့်အကြောင်း တွေ လူသိမှာ သိပ်ရှက်တာ။ အဲဒါကြောင့် သူတို့မေးသမျှ ဘာမှကို ဖွင့်မပြောဘူး။ပညာကနည်း အရှက်ကသည်းတော့ လူတောမတိုး ဖြစ်နေတာ၊ ပြောလိုက်ရင် ဘာသာရေး ဖတ်လိုက်ရင် ဒဿနဆိုတော့ လူတိုင်းနဲ့ ကိုယ်ကတော့ စကားပြောရတာ ခပ်ခက်ခက်ရယ်။

ဆိုရေးရှိက ဆိုအပ်စွ ပါတကား.... ကဲပါလေ၊ ပျော်စရာ ရွှင်စရာ ပေါ့ပေါ့ပါးပါးတွေဆိုတော့ ဟုတ်တာရော မဟုတ်တာရော ခပ်တည်တည် ဖွလိုက်ဦးမယ်။


(1)အစားချင်ဆုံးအစားအစာ - အဲဒါ ခက်တာပဲ၊ တစ်နေ့ တစ်နေ့ ထမင်းစားရတာကိုတောင် စိတ်ပျက်နေတဲ့ ကိုယ့်အတွက် အစားချင်ဆုံး အစားအစာဆိုတာ ဘယ်ဟာလဲ ကိုယ်လဲ သေချာမသိဘူး။ ရမယ်ဆိုရင်တော့ ကြေးအိုးတစ်ပွဲလောက် စားချင်သား။

(2)နေ့တိုင်းစားဖြစ်တဲ့အစား - မြန်မာပြည်ဖွား ဒီလူသား ရေမြေခြားလည်း ထမင်းပဲ စားပါတယ်ကွယ်။


(3)အလိုချင်ဆုံးရေမွှေး - အပုပ်ကောင် ရုပ်ဆောင်တယ် ဆိုသော်ငြား ၊ ကျန်းမာသန့်ရှင်းတဲ့ ကိုယ့်အတွက် အလိုချင်ဆုံးရေမွှေးက....... ၊ တိဝူး ကောင်းကောင်းကန်းကန်း သုံးမှ မသုံးဖူးတာ။


(4)သုံးဖြစ်နေတဲ့ရေမွှေး - Three Rose နဲ့ Follow me (Men) အဲဒါ အိပ်ယာခင်းနဲ့ ခေါင်းအုံးကို ဖျန်းတာ။မွှေးမွှေးနဲ့ အိပ်ချင်လို့.....အဲ မှားလို့ အနံ့မွှေးမွှေးလေးနဲ့ အိပ်ချင်လို့။


(5)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - မွေးနေ့ ဆိုတာကို လုပ်ကို လုပ်ချင်စိတ်မရှိတော့ ၊ မွေးနေ့ လက်ဆောင် မျှော်ဖို့ဝေးပေါ့ဗျာ။


(6)အလိုချင်ဆုံးဖုန်း - အိုင်ဖုန်း 4G နဲ့ ထွင်းဖောက်မြင်ရတဲ့ ဒီနှစ်ကောင် ပေါ့ကွယ်။ (1) နဲ့ (2)


(7)သုံးဖြစ်နေတဲ့ဖုန်း - နိုကီယာ 1900 နဲ့ N 97 ရယ် နိုကီယာ 8800 (စတီးကာဗာ) ရယ်ပါ။။ (ကြွားတာတော့ မဟုတ်ပါဘူး၊ ရှိတယ်ဆိုတာ ပြောတာပါ)


(8)အရူးသွပ်ဆုံးအရာ - ဘာသာရေးနဲ့ အတွေးအခေါ် စာတွေ ဖတ်ပြီး၊ ဆင်ခြင် စဉ်းစားနေရတာမျိုးပါ။


(9)အနီးစပ်ဆုံးဂီတ - လေချွန်တယ်။


(10)အလိုချင်ဆုံးစာအုပ် - တိပိဋက မင်းကွန်းဆရာတော် ကို မှတ်တမ်းတင်ထားတဲ့ ဂင်းနစ်မှတ်တမ်းစာအုပ်။


(11)အခုဖတ်ဖြစ်နေတဲ့စာအုပ် - ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ (ဆန်းလွင်)၊ စိတ်အိုင်ပက်သူ (နီကိုရဲ) ၊ အံမယ်လေး ကိုယ်ပါ လိုက်သေရတော့မယ်ထင်တယ်။


(12)အကြားချင်ဆုံးစကား - “ ဟေ့ကောင်မိုးယံ ကမ္ဘာပေါ်မှာ စစ်မဖြစ်ဖို့ လူတွေ အားလုံး သဘောတူ လက်မှတ်ထိုးလိုက်ပြီတဲ့ မင်းကြားလိုက်မိလား ” ။


(13)အဖြစ်ချင်ဆုံးဆန္ဒ - လူသားတိုင်း ဓမ္မဆိုတာ ဘာလဲလို့ နားလည်ပြီး ကျင့်သုံးစေချင်တာပါ။


(14)အလိုချင်ဆုံးဆု - ဂတိ ငါးတန် အမှန် လွတ်သော နေရာကိုရောက်ဖို့ အားထုတ်နိုင်တဲ့လူ။


(15)အသွားချင်ဆုံးနေရာ - ပါဝါ သိပ်ပြကြသော တန်ခိုးရှင်တွေရဲ့ ကင်းဝေးရာ။သန္တိသုခ တည်သောနေရာ။


(16)သွားဖြစ်နေတဲ့နေရာတွေ - တရုတ်တန်းနဲ့ အနှိပ်ခန်းပါဗျာ။


(17)အကြည့်ချင်ဆုံးရုပ်ရှင် - အခုပေါ်နေတယ်တဲ့ တစ်ကယ်မြင်နေရသလိုပဲဆိုတဲ့ ဟိုကားဗျာ။


(18)အပြောချင်ဆုံးစကား - မပြောရလေ ကြိုက်လေပဲ။


(19)အယုံကြည်ဆုံးလူသား - ဂေါတမ နွယ်ဖွား သိဒ္ဓိတ္ထမင်းသား။


(20)မယုံကြည်ဆုံးအရာ - ယုံကြည်လိုက် ပို့ပေးမယ်။


(21)အမုန်းဆုံးအရာ - လူ့ဘ၀ထဲ ကိုတွန်းပို့လိုက်တဲ့ အရာတွေ (အ၀ိဇ္ဇာ နဲ့ တဏှာ)။


(22)အသောက်ဖြစ်ဆုံးအအေး - Sprite နဲ့ လိမ္မော်ရည်ပါ။


(23)လတ်တလောအထိတွေ့ဆုံးအရာ - အင်တာနက် စာမျက်နှာ။


(24)မကောင်းတဲ့ကျန်းမာရေး - နှာခေါင်းပိတ်နေတယ်ဗျာ။


(25)အကောင်းဆုံးအဖော် - ဟမ် ! အဲလိုကြီးဖြေရမှာတော့ ရှက်တယ်ဗျာ။ သုံးဖူးသူတွေကိုပဲ မေးကြည့်ပါဗျာ။


(26)လက်ရှိအကြိုက်ဆုံးသီချင်း - အချိန်လွန်ငှက်။


(27)အကြောက်ဆုံးအလုပ် - ကိုယ်က နောက်တာ၊ ဟိုမှာတော့ ဒေါသတွေထွက် မျက်ရည်တွေ ကျစေတဲ့ အလုပ်မျိုး။


(28)တန်ဖိုးအထားဆုံးအရာ - သစ္စာ နဲ့ ဓမ္မ။


(29)အကြောက်ဆုံးတိရိစ္ဆာန် - ဂဠုန် ၊ တစ်ခါမှတော့ မမြင်ဖူးဘူး ဒါပေမယ့် နှုတ်သီးက ကြီးတယ်ဆိုတာကိုး၊ အဲဒါကြောင့် နာမ်နှိမ်တဲ့ သဘောနဲ့ ဂဠုန်ရာဇာကို ခြေထောက်တွေမှာ လိမ်းထားလိုက်တယ်။


(30)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - ကိုဇော်၊ နေဇော်လင်း၊ အုပ်ကြီး၊ အိန်ဂျယ်ရှက်ပါ၊ ရဲထွန်းဇော်။


(31)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုန်း ၊ ပိုက်ဆံအိတ်နဲ့အစုံပါတဲ့ အရူးလွယ်အိတ်


(32)သွားဖြစ်နေတဲ့နေရာတွေ - တရုတ်တန်းနဲ့ အနှိပ်ခန်းပါဆို။ (ဒါပဲ ထပ်မေးနေတာ ဖြေရတာ ရွှက်လိုက်တာ)


(33)စိတ်အညစ်ဆုံးအချိန် - ပိုက်ဆံ မရှိတဲ့ အချိန်ရယ်၊ ဖုန်းသိပ်ပြောရတဲ့ အချိန်ရယ်။


(34)အနေချင်ဆုံးနေရာ - ဤ ကမ္ဘာမြေ ကို ဘယ်တော့မှ ပြန်မရောက်နိုင်တဲ့ နေရာ။


(35)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - ဘီယာမူးပြီး အနှပ်ခန်းသွားနေတတ်တဲ့ ကောင်က နိဗ္ဗာန် ရောက်ချင်လို့တဲ့။


(36)ပေးချင်တဲ့သတင်းတစ်ခု - ဒေးဗစ်အုပ်လေ မိန်းမယူတော့မယ်တဲ့။


(37)အပျော်ဆုံးဖြစ်မယ့်အချိန် - ဒီကမ္ဘာကြီးမှာ စစ်တွေ ချုပ်ငြိမ်းပြီး ၊ လူတွေ ဓမ္မ(စစ်မှန်တဲ့ ဓမ္မ)ကို ကျင့်သုံးတဲ့ အချိန်ဟာ ကိုယ်အပျော်ဆုံးဖြစ်မှာပါ။ ( အော်.. ဒါပေမယ့် ကိုယ်လဲ အသက်ကြီးနေပြီဆိုတော့ .....)။


ကဲကဲ...တော်ကီတွေများသွားပြီး... ဘယ်သူတွေကတော့ ယောင်တောင်ပေါင်တောင်နဲ့ အမှန်အကန် စာမေးပွဲ ဖြေမလဲလို့ စမ်းကြည့်ရဦးမှာပေါ့... လာလေ့...။


နေဇော်လင်း
ငွေလမင်း (ကိုကိုငွေနဲ့ မဒမ်ငွေ)




အဆင်ပြေမယ်ဆိုရင်တော့ ရေးပေးစေချင်တာ ဆန္ဒအမှန်ပါဗျာ။ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ပေါ့။



12 comments:

Angelhlaing(May everybody be happy and healthy! said...

(2)နေ့တိုင်းစားဖြစ်တဲ့အစား - မြန်မာပြည်ဖွား ဒီလူသား ရေမြေခြားလည်း ထမင်းပဲ စားပါတယ်ကွယ်။
အဲဒါလေး...သဘောအကျဆုံးပဲအကို...
ညီမလေးမစားရလို့ပါ......:):)

Anonymous said...

ဘီယာမူးပြီး အနှိပ်ခန်းထဲ ကလောကနိဗ္ဗန်ကိုခဏခဏရောက်နေတယ်ပေါ့...

...အလင်းစက်များ said...

ငါရေးပြီးသားလေ ဟ

An Asian Tour Operator said...

(8) ဘာသာရေးနဲ့ အတွေးအခေါ် စာတွေ ဖတ်ပြီး ရူးသွပ်နေ တယ်..ဟုတ်စ။

လတ်တလော စဉ်းစားနေတဲ့ အကြောင်းအရာ တွေထဲမှာ ရေခဲ နဲ့ ရေ ဘယ်ဟာကအရင် ဖြစ်လဲ တို့၊ ကြက်ဥ နဲ့ ကြက်မကြီး ဘယ်ဟာက အရင်ဖြစ်လဲ တို့ ရော မပါဘူးလား။

မောင်မျိုး said...

စာမဖတ်မှန်းသိသာတယ် ငါရေးတာ သိပ်တောင်မကြာသေး ။

Anonymous said...

ကျွန်တော်နဲ့ အကြိုက်ချင်း အတော်တူတယ် ဗျ ..း)
နံပါတ် (17) ဆို တော်တော်လေးကို အကြိုက်တူတာ
.....

ခနွဲ said...

အကောင်းဆုံးအဖော်နေရာမှာ ခေါင်းရှုပ်သွားပါကြောင်း...ဘယ်ဟာများ ပါလိမ့်။?????????။ ဟိ..ဟိ.

အုပ်ကြီး said...

ဘာာာ !!
(36)ဒီကောင်ကြီးလည်းမိန်းမရမှ ..ဒါမှမဟုတ်
မိန်းမကလည်း ဒီကောင့်ကိုရမှ အေးမှာပါ ...
Tag ပို့ စ်တွေကို အမှီလိုက်နေရတယ်ဗျာ ...

sosegado said...

တရုတ်တန်းနဲ့ အနှိပ်ခန်း ရောက်ရင် လိုက်ပို့ပါ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးယံကရော ဘယ်တော့ ယူမှာလဲ
အဲဒါလည်းမပါပါလားး)
ဖြစ်ချင်တာတွေအားလုံးဖြစ်ပါစေ

တောက်ပကြယ်စင် said...

ဒကာလေး ကိုမိုးယံရေ ဖတ်လို့လည်းကောင်း၊ ရယ်လည်းရယ်ရတယ်၊ ဖြစ်ချင်တာတွေအားလုံး ဖြစ်နိုင်ပါစေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

မောင်စေတနာ said...

ဟဟဟ .. ဦးအုပ်တော့ မ၈င်္လာဆောင်တော့မယ်ဆို
ကိုကြီးမိုးယံ ရော ဘယ်တော့လဲ ဂျာ....

ဘီယာမူးပြီး အနှပ်ခန်းပဲ မသွားနေနဲ့လေဂျာ ...

(33)စိတ်အညစ်ဆုံးအချိန် - ပိုက်ဆံ မရှိတဲ့ အချိန်ရယ်၊ ဖုန်းသိပ်ပြောရတဲ့ အချိန်ရယ်။ တဲ့ ...

ဦးကြီးဇွတ် တစ်ယောက်လုံး ချိပါတယ်ဂျာ ...
စိတ်မပူပါနဲ့ .... ဟဟဟ

တားလည်း ရေးပေးမယ်ဂျာ .. Tag ပို့ စ်ကိုလေ
အခုတော့ ခဏလေး နားလည်ပေးနော် ဂျာ။

ဦးဦးလိုပဲ တားလည်း အရှပ်တွေ လုပ်နေတာ ...
အဲ .... မှားရို့ .... အလုပ်တွေ ရှပ်နေတာ

ပန်ပီဂျာ ...

ဂွတ်ည .....