Thursday, June 23, 2011

ဂျီအက်စ်အမ် ဖုန်းများ အားလုံး အင်တာနက် အသုံးပြုခွင့် စတင် ရရှိ ရန်ကုန်နှင့် နေပြည်တော် ဧရိယာတွင် အသုံးပြုခ တစ်မိနစ် လေးကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်

b41223

အင်တာနက် လာရောက် လျှောက်ထားသူများကို ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်

ဂျီအက်စ်အမ် ဖုန်းများအားလုံး အင်တာနက် စတင် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(ရွှေဂုံတိုင်)ရုံးနှင့် နေပြည်တော်ရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် တပ်ဆင်ခ အဖြစ် ငွေကျပ် တစ်သောင်း ပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ လတ်တလောတွင် ရန်ကုန်နှင့် နေပြည်တော် ဧရိယာများတွင် စတင် သုံးစွဲခွင့်ပြုမည် ဖြစ်ပြီး နောက်ပိုင်းတွင် သုံးစွဲနိုင်သည့် ဧရိယာ တိုးချဲ့သွားရန် ရှိကြောင်း သိရသည်။

ကနဦး ပေးသွင်းငွေ ကျပ် ၁၅ သိန်း ပေးသွင်းထားသည့် ဂျီအက်စ်အမ်ဖုန်းတွင် အင်တာနက် သုံးစွဲမည် ဆိုပါက တပ်ဆင်ခကို မြန်မာ့ဆက်သွယ်ရေးမှ ကောက်ခံမည် ဖြစ်ကာ ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အတွက်မူ မြန်မာ့ဆက်သွယ်ရေး ရုံးနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ ဖုန်းအသစ် ၀ယ်ယူမည့်သူများ အနေဖြင့်လည်း အင်တာနက် သုံးစွဲလိုပါက တစ်ပါတည်း ထည့်သွင်းနိုင်သည်။

''ဒီနေ့ စလျှောက်ခွင့်ပြုပြီး မနက်ဖြန်မှာ အင်တာနက်လိုင်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လုံးရေ ကန့်သတ် မထားပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။ဂျီအက်စ်အမ် ဖုန်းများ အတွက် အင်တာနက် သုံးစွဲခကို တစ်မိနစ်လျှင် လေးကျပ်နှုန်း သတ်မှတ်ထားပြီး အင်တာနက် မြန်နှုန်းမှာ ၂၅၆ kbps ရှိကြောင်း သိရသည်။ CDMA 800 ဖုန်း အမျိုးအစားတွင် အင်တာနက် သုံးစွဲနိုင်ပြီး
ဂျီအက်စ်အမ် ဖုန်းများတွင်လည်း စတင် သုံးစွဲလျက်ရှိပြီ ဖြစ်သည်။

http://www.weeklyeleven.com/

2 comments:

ခရစ္စတလ် said...

အင်တာနက်ဈေးနှုန်းသည် မြန်မာပြည်သူများအတွက် တန်သည်ဟု သင်ထင်ပါသလား ?။
အဟမ်း အဟမ်း :)

မိုးယံ said...

အဲဒါတော့ မသိသေးဘူး အစ်မရေ..အခု “ အဟမ်း အဟမ်း ” အတွက်တော့ မှန်ချို သလိပ်ပျော်ဆေးပြား ငုံလိုကငုံ၊သို့တည်းမဟုတ် ကွမ်းရွက်ပုံ ချောင်းဆိုးပျောက်ဆေး လျှက်လိုက လျှက်ပါလေ။ ကျန်းမာရေးသည် အင်တာနက် ထက် အရေးကြီးသည်ဟု ထင်မြင်မိပါဂျောင်း အောင်းဟောင်း။