Wednesday, June 1, 2011

Gmail offline mode အား အသုံးပြုနိုင်တော့မည်မဟုတ်

ယခုအပတ်ထဲတွင် Google မှ Chrome

အသုံးပြုသူများ Gmail အား offline mode အသုံးပြုချင်ပါက အခြား Browser

များဖြစ်သော Internet Explorer နှင့် FireFox တို့၏ Version

အဟောင်းများတွင်သာ အသုံးပြုသွားနိုင်ကြောင်း ကြော်ညာထားပါတယ်။


အင်္ဂါနေ့တွင် Google မှ Gmail offline mode

အား Chrome တွင်ရရှိတော့မှာမဟုတ်ကြောင်းနှ
င့် အခြား Browser

အမြင့်များဖြစ်သော Internet Explorer 9 (IE9)၊ FireFox 4 ၊ Safari နှင့်

Opera တို့တွင်လည်းရရှိမှာ မဟုတ်ကြောင်း ကြော်ညာခဲ့ပါတယ်။


ကုမ္ပဏီ၏ ကြော်ညာချက်တွင် Gmail ၏ offline

mode အသုံးပြုခြင်းမှာ လွန်ခဲ့သော ၂ လခန့်တွင်

ထောက်ပံ့မှုရပ်ဆိုင်းခဲ့ရကြောင်း၊ ယခုအချိန်တွင် အဆိုပါ Feature မှာ HTML5

အားအထောက်အပံ့ပေးနိုင်သော Browser များအတွက် ခေတ်မမှီတော့သော Plug-in

ဖြစ်လာကြောင်းနှင့် Chrome 12 မှစတင်၍ လုံးဝအသုံးပြုသွားမှာ မဟုတ်ကြောင်း

ဖေါ်ပြထားပါတယ်။


Chrome ၏လက်ရှိ Stable version မှာ 11

ဖြစ်နေသော်လည်း Gmail offline mode မှာ ကြော်ညာထားသည့် အတိုင်း version 12

မရောက်ခင်တွင်ပင် အသုံးပြုလို့မရနိုင်တော့ပါဘူး။


Google မှ အသုံးပြုသူများကိုကြော်ညာထားသောစာတွင်

ကုမ္ပဏီအနေဖြင့် ၂၀၁၁ ခုနှစ်၊ အင်္ဂါနေ့၊ မေလ ၂၄ ရက်နေ့မှစတင်ကာ

အသုံးပြုသူများမှာ Gmail Offline mode plug-in အား Chrome တွင်

သုံးလို့ရနိုင်တော့မှာမဟုတ်ကြောင်း ဖေါ်ပြထားပါတယ်။


Google မှာ ယခုနှစ်ကုန်ပိုင်းမတိုင်ခင်တွင်

Gmail Offline mode အား HTML 5 နှင့် ကိုက်ညီမှုရှိအောင် စီစဉ်လျှက်ရှိပြီး

ယခုအချိန်တွင်တော့ HTML5 အား အထောက်အပံ့ပေးထားသော Browser အမြင့်များတွင်

မရရှိနိုင်သေးပဲ အနိမ့်များဖြစ်သော IE8 နှင့် FireFox 3.6 တို့တွင်တော့

အသုံးပြုလို့ရနိုင်ဦးမှာဖြစ်ပါတယ်။


Google မှ သတင်းဌာနများသို့ပြောကြားထားရာတွင်

၎င်းတို့အနေဖြင့် Gmail အသုံးပြုသူများအနေဖြင့် ယခုလို offline mode

အသုံးမပြုရခြင်းအတွက် တစ်စုံတစ်ခုလိုအပ်နေမည်မှာ အမှန်ပင်ဖြစ်သော်လည်း

ပိုမိုပြည့်စုံကောင်းမွန်သော offline mode အား Google Apps

တွင်ထည့်သွင်းသွားရန် အလျှင်အမြန်ကြိုးပမ်းသွားမှာဖြစ်ကြောင်း

ဖေါ်ပြလိုက်ရပါတယ်။





Myanmar's ICT မှ

4 comments:

Anonymous said...

အပုန်းတွေ ကိုပြောတာလား....

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်း အတွေးတစ်ခုရလို့ ပြုံးသွားတယ် အကို...:)

KMC@ချင်းလေး said...

Firefox 3.6 ကိုပဲ 4 နဲ့အစားမထိုးပဲသုံးလို့ရမလား? update မလုပ်ပဲဒီလိုပဲသုံးနေရင်ကောဘာအကျိုးဆက် ခံစားရမလဲအစ်ကို ? ဘာရယ်မဟုတ်ပါဘူး. 3.6ကိုကြိုက်လို့ခုကြုံလို့ဒီနေရာကနေစပ်စုသါားတာပါ..။ တစ်မျိုးမထင်ပါနဲ့အစ်ကို..

KMC@ချင်းလေး said...

ဟုတ်ကဲ့အစ်ကို.. ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်အစ်ကို.. ဒါနဲ့စကားမဆက်.ကျနော့်ဆိုဒ်မှာအစ်ကို့လင့်လေးထားချင်လို့ထားလိုက်မယ်နော်.. ပြီးမှပြောမိတာခွင့်လွှတ်ပေးပါအစ်ကို.. လွယ်လွယ်ကူကူဝင်မွှေလို့ရအောင်ပါ.:-)