Friday, July 8, 2011

ဆရာမျိုးဟန်ကို - 2011, July လ အတွက် ဗေဒင် ဟောစတမ်း ....

http://api.ning.com/files/iHP0mG4R8ExCib9LcH9boGwDFmEgnR11FHi2CHsLSV44mWreH8ED3P9jxT3EUb3TY2vTUdM8pHZ7Gt4Nz4GPXbCZJNcPXFta/july.gif

ဆရာမျိုးဟန်ကို - 2011, July လ အတွက် ဗေဒင် ဟောစတမ်း ....

http://api.ning.com/files/1KJxeBz1N0V5ukZhPWPYE2uGszLkOk0L9Ui8l3cxEsUmrvW8Xq8XP3jY8gpNwQHbtDNo-8px2zpe9-m2kBNfPgBHJLPFKUmm/sun.gif.png
၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း ရည်ရွှက်ချက် အောင်မြင်လာမည်။ ရည်ရွှယ်နေသော ကိစ္စများ အကောင်အထည်ပေါ်မည်။ အလုပ်အကိုင် ကိစ္စများ စိတ်ညစ်၍ လုပ်ကိုင်နေရသော်လည်း စိတ်ပျော်ရွှင်မှုများ ရရှိလာမည်။

ငွေကြေးကိစ္စများ ရသလောက်ကုန်နေမည်။ ဝင်သမျှ ထွက်နေမည်။ သူတစ်ပါး ကိစ္စများ အတွက်နဲ့ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးသွားရမည်။ မိသားစု ဆွေမျိုးသားချင်း ကိစ္စများအတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။

ပညာရေး တိုးတက် ကောင်းမွန် အဆင်ပြေလာမည်။

ဒီလအတွင်း ချစ်သူအဟောင်းနဲ့ အဆင်မပြေ ဖြစ်မည်။ ချစ်သူအသစ်ထပ်ရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ ထိမိခိုက်မိ မကြာခဏ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းအနီရောင် ၉ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 5 6 8

http://api.ning.com/files/VFX2cFWztX5pzaIAW290LwUc1p7jcqni9c1k01r66mjJglbLWq1GW3-rbeW1pbUUhj1xSpKtOstMkLX6YCrHZZ9QL-8-atjm/mon.gif.png
၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ ရုတ်တစ်ရက်ခဏလေး ရပ်တန့်ပြီး ပုံမှန်ပြန်၍ လည်ပတ်လာမည်။ အထက်လူကြီးနဲ့ ပူးတွဲလုပ်ဆောင်ရမည်။

ငွေဝင်လာမည်။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ ငွေဝင်မည်။ ငွေကံကောင်းလာမည်။ တွဲဖက် အလုပ်ကိစ္စများ လုပ်ကိုင်ရမည်။ ခရီးထွက်ရမည်။ ကောင်းသော ခရီးဖြစ်ပါသည်။

မိသားစုတွင်း ဝေးကွာနေသော သူများနဲ့ ဆုံတွေ့ရမည်။ အဆင်ပြေလာမည်။ ပညာရေး ကြီုးစားမှု အားနည်းနေမည်။

ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ ခဏတာ ဝေးနေရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရပေမဲ့ အဆင်ပြေပါသည်။

ယခုလ အတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက် ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဖြူရောင်ပန်း ၄ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 5 2 5

http://api.ning.com/files/ekec9MkLUP9ry3zEQS9txns9AMq0t1AwhPswlFc8DH*hLXRdwIOIshSJolDb3O5IW6CCBmXknQwChqHhkz-Bgmr*keWPDtjt/tue.gif.png
၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်တွင် စိတ်ပါ လက်ပါ မဟုတ်ပဲ စိတ်တစ်ခြား လူတစ်ခြား ဆိုသလို ဖြစ်နေမည်။ အလုပ်ကိစ္စများ အဆင်ပြေလာမည်။

ဒီလအတွင်း ငွေဝင်နေသော်လည်း ထွက်ငွေများနေမည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။

မိသားစုအတွင်း တိုးတက်ပြောင်းလဲလာမည်။ ပညာရေး ရည်မှန်းချက် အသစ်ပေါ်မည်။

အချစ်ရေးမှာ ချစ်သူနဲ့ ခဏတာ ပြသာနာ ဖြစ်သော်လည်း ပြန်လည် အဆင်ပြေလာမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ၊ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်ပိုင်းတွင် အစိမ်းရောင် လက်ကိုင်ပဝါ တစ်ထည်ကို သွားလေရာ ဆောင်ထားလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 4 5 5 4



http://api.ning.com/files/RCys80y56jvVj-UUwgP-RVEWa*0J-TuEbZ7akOYN6opjaoCTL59Bx4J1nFtLTPpFPtVS0nJtKs9wJP9ZzwuPMqellz2dbg4H/wed.gif.png
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်ထဲတွင် ကောင်းသော ပြောင်းလဲမှုများ ကြုံမည်။ အထက်လူကြီးများနဲ့ စကား အပြောအဆို ဂရုစိုက်ပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ မိမိ လုပ်ငန်းကိစ္စများ အတွက်နဲ့
ကုန်ကျမှုများ ရှိနေပါသည်။ မိမိ သူငယ်ချင်း မိတ်ဆွေများထဲမှ အကူညီပေးသူ ပေါ်မည်။

ပညာရေး ကောင်းမွန်နေမည်။ မိသားစု အတွင်း ပြသာနာလေးများ ဖြစ်မည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေ ပျော်ရွှင်ရမည်။ အိမ်ထောင်ရေးမှာ ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက် အချိန်လေးပါပဲ ။
ယခုလ ကျန်းမာရေးမှာ လက်နာမည် ၊ အပူလောင်ခံရမည်။ စိတ်ပူစရာ မရှိပါ။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင်အဝါရောင်ပန်း ၂၁ ပွင့် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 2 5 2



http://api.ning.com/files/NMWkt8IhGEJ7E3JXy7RLfG5P4xt1c9h3MN-IhcefvuxutB18Epf2xaUM9N5Tsm8kubo-jTUJ7nDTxx-1UEQeXT6LkJ9MSQtw/thu.gif.png
၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလ အတွင်းမှာ အလုပ်အကိုင်များ အဆင်ပြေလာမည်။ လက်ရှိ ပြသာနာလေးတွေ စကားပြောရတာတွေ အဆင်မပြေသော်လည်း အဆင်ပြေလာမည်။

ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေစုမိလာမည်။ စက်ပစ္စည်းဝင်မည်။ ထီကံကောင်းလာမည်။ ထီကံစမ်းကြည့်ပါ။ ခရီးဝေး ထွက်ရမည်။ မိသားစုအတွင်း တိုးတက် အောင်မြင် အဆင်ပြေလာမည်။

ပညာရေး ကိစ္စများ ကြိုးစားမှု အားနည်းနေမည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ ချစ်သူနဲ့ ခွဲခွာရမည်။ ဒဏ်ရာများနဲ့ နေရသော နေ့ရက် လေးတွေကို ဖြတ်သန်းနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းနေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဖြူရောင်ပန်း ၉ ပွင့် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 2 5 4

http://api.ning.com/files/CNnwhHNSBj64E1I7ZeArnmL-O5Qo101Be-bnNzG676jG1l3hjUNQKcp6Z3S0ykl1nvh7ghHVGfZh3mSxwF0oihM6JtcZ5EZK/fri.gif.png
၆။ သောကြာသားသမီးများ အတွက်

ဒီလ အတွင်းမှာ ရည်မှန်းချက်များ အဆင်ပြေလာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။ အလုပ်ထဲတွင် အတူတူ လုပ်ကိုင်နေသော သူများနှင့် အဆင်မပြေပါ။

ယခုလအတွင်း ငွေကြေး ကိစ္စများ အဆင်မပြေပါသည်။ ရသလောက် ကုန်ကျမှု များနေမည်။

ခရီးကိစ္စများ ယာယီ သွားလာရမည်။ ပညာရေးကိစ္စများ အောင်မြင်လာမည်။

အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ ပျော်စရာကောင်းသော နေ့ရက်များကို ပိုင်ဆိုင်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် မိမိ နှစ်သက်ရာ ပန်း ၁၀ ပွင့် ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 2 4 5

http://api.ning.com/files/al5PzzLVd6mbw1TixjMAaQnl58JkA3so0GCsW8*kjuhBaq*Ka2IGeL9bUIlXDWZ*m9nEC5ddJPV3JIw22hrHybLVYE9JZ3ml/sat.gif.png
၇။ စနေသားသမီးများ အတွက်

ယခုလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ အလုပ်လုပ်ကိုင်ရာတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေသော်လည်း အဆင်ပြေပါသည်။

ငွေကံကောင်းပါသည်။ မမျှော်လင့်ပဲ ငွေဝင်မည်။ ငွေဝင်သော်လည်း မစုမိပါ။ ရုတ်တစ်ရက် ငွေဝင်သလို ရုတ်တစ်ရက် ငွေကုန်မည်။ မိသားစု ကိစ္စများ အတွက်နဲ့ ငွေကုန်ကျမှု များနေမည်။ အဝတ်အထည် ဝင်မည်။ လက်ဆောင်ရမည်။

အချစ်ရေးမှာ ချစ်သူနဲ့ ပြေလိုက် ၊ မပြေလိုက် ဖြစ်နေမည်။ စိတ်ပူစရာ မရှိပါ။ ယခုလ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေမည်။

အခုလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင်နှင်းဆီနီ ၇ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 2 0 1 2


2011, July လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

http://www.myohanko.br.ms

myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

Source by :http://myohanko4all.tk/


2011, July လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် ...ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B ,Jin Cheras Taman Cheras ,56100 , Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......



4 comments:

ဟန်ကြည် said...

အင်း...ဗေဒင်ဆိုတာကလည်း ဘုရားလက်ထက်တော်ကတည်းက ရှိတာမို့ မယုံလို့လဲ မဖြစ်ပြန်...ဒါပေမယ့် ဘယ်အရာမဆို ကံသာအမိ၊ ကံသာအဖမို့ အစွန်းမရောက်လွန်းတာပဲ ကောင်းမယ်လို့ တွေးမိပါရဲ့...

Angelhlaing(May everybody be happy and healthy! said...

ဗေဒင်လာဖတ်တယ်အကို....:)

ငွေအိမ်စံ said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

ဟုတ်ကဲ့ဆရာ..
မနက်ဖြန်ပဲ နှင်းဆီနီနီ(၉)ပွင့် ဘုရားကပ်လိုက်ပါ့မယ်..