Sunday, July 3, 2011

ယုံကြည်မှု ရှိစွာနဲ့ ကြည်လင် ဝင်းပတဲ့ မျက်နှာကို ပိုင်ဆိုင် နိုင်ဖို့

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_6_200_200.jpghttp://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_5_200_200.jpghttp://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_7_200_200.jpghttp://www.yoyarlay.com/images/resized/images/stories/yyl/2011/7/2/h_8_34_8_200_200.jpg

အခုခေတ်မှာ ဘယ်သူ မဆို အလှအပ နဲ့ ပတ်သက် ပြီးတော့ စိတ်ဝင် စားလာကြ ပါတယ်။ မိမိရဲ့ အလှကို ယုံယုံ ကြည်ကြည် ရှိဖို့အတွက် ခေတ်ပေါ် အလှပြုပြင် စက်ကိရိယာ တွေနဲ့ ပြုပြင် ကြသလို အလှကုန်ပစ္စည်း အမျိုးမျိုးထဲက ကိုယ်နဲ့ သင့်တော်မယ့် အရာတွေကို ရွေးပြီး သုံးတတ်ကြပါတယ်။ အလှပြု ပြင်တဲ့ ဆိုင်တွေက အလှဖန်တီးရှင် တွေကလည်း customer တွေနဲ့ လိုက်ဖက်တဲ့ ပစ္စည်းတွေကို အသုံးပြု ပေးတတ်ပါတယ်။ အခုခေတ်မှာ ယောကျာ်းလေး၊ မိန်းကလေးတွေကို ကြည့်လိုက်ရင် သူတို့တွေ အမြဲတမ်း လှပနေကြတာကို တွေ့ရပါတယ်။ ဒီလို အလှအပနဲ့ ပတ်သက်ပြီး လူတွေ တော်တော်များများ ဂရုစိုက်စွာနဲ့ ပြု လုပ်လာတာကို တွေ့ရတဲ့အတွက် အခု မျက်နှာ အလှ ပြုပြင်တဲ့ စက်တစ်မျိုး အကြောင်းကို မိတ်ဆက်လိုပါတယ်။ ဒီစက်ကိုအမှတ် (၁၅၈/အေ)၊ ရန်ကုန်- အင်းစိန်လမ်းမကြီး၊ (၉) ရပ်ကွက်၊ လှိုင် မြို့နယ်မှာ ဖွင့်လှစ်တဲ့ Unity Hair & Beauty ဆိုင်မှ သရုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်မှာ ကိရိယာ ၆ မျိုး ပါရှိပါတယ်။

ပြုလုပ်တဲ့နည်းက -

မျက်နှာရဲ့ အသားအရေ နူးညံ့ ပြီးအေးမြစေဖို့အတွက် ပထမဆုံး Cucumber Cleansing Cream နဲ့ မျက်နှာအသားထဲသို့ စိမ့်ဝင်အောင် လိမ်းပေးကာ မိနစ်အနည်းငယ် နှိပ်ပေး ရပါတယ်။ ပြီးရင် ခရင်မ်တွေကို တစ်သျှူးစနဲ့ သုတ်ပေးရပါမယ်။ ပြီးရင်မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးတွေ၊ ဖုန်မှုန့်တွေ ကင်းစင်အောင်လို့ Facial Washing ကို လိမ်းပေးပြီး စနိုးတာဝါကို ရေနွေးအနည်းငယ်ဆွတ်ကာ သန့်ရှင်း ပေးရပါတယ်။ Vitamin-E Foaming ကို လိမ်းပေးပြီး ဆားဝက် ခြံထုတ်တဲ့စက်နဲ့ မျက်နှာပေါ်မှာ ရှိတဲ့ ဆားဝက်ခြံတွေကို စုပ်ထုတ်ပေးရပါ တယ်။ Vitamin-E Foaming လိမ်းပေးခြင်းဖြင့် မျက်နှာမှာရှိတဲ့ ဆားဝက်ခြံတို့ကို ထုတ်ပေးရတာ အဆင်ပြေပြီး နာကျင် ခြင်းလည်း မရှိပါဘူး။ ဘေးထွက် ဆိုးကျိုးလည်း မရှိပါဘူး။

မျက်နှာ ပြင်ပေါ်မှာ ရှိတဲ့ ဆဲလ် အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ် အသစ်တွေပြန်လည် ဖြစ်ပေါ်စေတဲ့ ဆေးလုံးကို လိမ်းပေးပြီး အဆိပ်ထုတ် တဲ့စက်နဲ့ မျက်နှာမှာရှိတဲ့ အဆိပ်တွေ ကိုထုတ်ပေးရပါတယ်။ ဒီစက်ကတော့ ပါးပြင်၊ နဖူး၊ မေးစေ့ကို စက်မှာပါတဲ့ အဝိုင်းလေးနဲ့ လုပ်ပေးပြီး နှာခေါင်း ကြား၊ မျက်ကွင်း၊ နှုတ်ခမ်းရဲ့ အပေါ် ကိုတော့ အချွန်လေးနဲ့ လုပ်ပေးရပါ တယ်။ ဒီစက်ဟာ ဆဲလ်အသစ် တွေကို ဖြစ်ပေါ်စေတဲ့အပြင် အညစ်အကြေးများနဲ့ အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးပါတယ်။ ပြီးတော့ စက်ကနှိပ်ပေးသလိုဖြစ်တဲ့အတွက် မျက်နှာပေါ်မှာပိတ်နေတဲ့အကြောလေး တွေကို ပွင့်စေပါတယ်။ စက်ဆိုပေမယ့် အပူပေးသလို မဟုတ်ဘဲနဲ့ အေးမြတဲ့ ခံစားမှုကိုပဲ ရရှိစေပါတယ်။ အချိန် ၅မိနစ်ခန့် လုပ်ပေးပြီး တစ်သျှူးစနဲ့ သုတ်ပေးလိုက်တဲ့အခါ မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေး၊ အဆိပ် အတောက်တွေဟာ မဲနက်ပြီး ထွက်လာပါတယ်။ အသားမညီညာမှုတွေကို လေ ဆာစက်နဲ့ ညှိပေးခြင်းဖြင့် အသား အရေကို ဖြူဝင်းတောက်ပစေကာ နူးညံ့စေပါတယ်။

လေဆာစက်က လည်း နှစ်မျိုးခွဲပြီး သုံးရပါတယ်။ ပါးပြင်၊ နဖူး၊ မေးစေ့ကို အပြားလေးနဲ့ သုံးပေးပြီး နှာခေါင်းကြား၊ မျက်ကွင်း၊ နှုတ်ခမ်းတို့ကို အချွန် အရှည်လေးကို သုံးရပါတယ်။ အချိန် က ၅မိနစ်ခန့် လုပ်ပေးရပါတယ်။ ဒီလိုစက် ကိရိယာတွေနဲ့ ပြုပြင်တဲ့ အပြင် အဓိက ကိုယ့်ရဲ့ အသားအရေ ကို အမြဲတမ်း ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်သုံးမယ့် အလှကုန်ပစ္စည်းတွေကို ရွေးချယ်ပြီး သုံးတတ်ဖို့လည်း လိုအပ် ပါတယ်။ ဒီနည်းကို တစ်လလျှင် ၂ကြိမ် လောက် လုပ်ပေးမယ်ဆိုရင် မိမိကိုယ် ကို ယုံကြည်မှုရှိပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာကို ပိုင်ဆိုင်မှာပါ။ ဈေးနှုန်းက လည်း မများပါဘူး။ ကျပ် ၅၀ဝ၀ နဲ့ ကျပ် ၆၀ဝ၀ ကြားမှာပဲ ရှိပါတယ်လို့ ပြောပြသွားခဲ့ပါတယ်။

http://www.yoyarlay.com/

4 comments:

ညိမ်းနိုင် said...

ကိုလတ်ကို တစ်လုံးလောက်ဝယ်ပို့လိုက်ကြပါ....ဒီလူ
ခုတလောအတော်လှချင်နေတာ.....:D

တောက်ပကြယ်စင် said...

မိုးယံရေ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါရစေနော်...

မိုးယံရေ ဘုန်းဘုန်းကိုလည်း တစ်လုံးလောက်ပို့လိုက်ဦးလေ...(ဟားဟား-မှတ်ချက်။ ။ ဟားဟား၏အဓိပ္ပာယ်သည် ဆရာ၊ ဒကာခင်မင်၍သာ ရယ်ရွှင်နောက်ပြောင်ခြင်းဟူသော အဓိပ္ပာယ်ကိုဆောင်သည်။)

ကျန်းမာရွှင်လန်း အေးချမ်းပါစေနော့...

Angelhlaing(May everybody be happy and healthy! said...

လိပ်စာ မှတ်ထားလိုက်ပြီ အကို...:):)

မိုးယံ said...

>>>>ကညိမ်းနိုင်... ဒီလူ့ကို ၀ယ်ပို့လည်း ပိုက်ဆံကုန်တာသာ အဖတ်တင်မည်။ နဂိုရှိမှ နဂိုင်းထွက်တတ်သမို့ မရှိတဲ့သူတွေကိုပဲ ကျွေးမွေးလိုက်မယ်ကွယ်။

>>>> တောက်ပကြယ်စင်.... မင်္ဂလာပါဘုရား။ တင်ပါ့ဘုရား တပည့်တော်လည်း အရှင်ဘုရား ရှင်းပြသလိုပဲ ထင်မှတ်ပါသည်ဘုရား။

>>>> အိန်ဂျယ်လှိုင်... ကောင်းပါ့ ၊လိပ်စာမှတ်ပြီးသွားမယ်ပေါ့။ ညီမရေ.. ဒါဆို နဂိုလှပြီးသူမို့... အလှပေါ် အယဉ်ဆင့် အမြင်တင့်နိုင်ပါစေဗျားးးးးးး။