Monday, July 18, 2011

ထူးထူးခြားခြား တလင် နှစ်မယား ( အားလုံးကြည့်ရန်)


FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။


ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။

ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့ ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)




ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။


ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့ ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။


ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ စတင်​ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာ မင်ရာများကိုလည်း ဘယ်လောက်ေ​၀းဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ အလွန်ကြီးခဲ့သည်။

ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ ​ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင် ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ​ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။ သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ပါသည်။

ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကိုေ​တွ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။

ကောလင်းတွင် သူငယ်ချင်းများရှိရာ​ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့ ခရီးထွ​က်ခဲ့ကြပါသည်။

ကောလင်းတွင် သူငယ်ချင်းများ ပြော​ပချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိ​ရပါသည်။ ထို့ကြောင့် ၀န်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့် သတို့သမီး​နှစ်ယောက်တို့ တပြိုင်နက် မင်္ဂလာဆောင်ခြင်း ဖြစ်ေ​ကြာင်း သိရသောအခါ အလွန် အင်မတန်မှ စိတ်ဝင်စားခဲ့ပါတော့သည်။

အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူး​စရာလဲ အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်​ရူ့ခဲ့သည်ဟု သိရပါသည်။ ကျွန်တော်ေ​တာ့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော မင်္ဂလာပွဲကို အလွန်တ​ရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်​ယောက်ကို မေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ​ ဖြစ်ကြောင်း သိရသည်။

အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကို အသိပေးခဲ့ကြလေသ​ည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သ​ည့် အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်း​လက်ထပ်မပေးနိုင်ပေ။ ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန် အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို ဇာတိကျေးရွာတွင် ထားခဲ့​ကာ ခရီး ထွက်လေတော့သည်။

လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင် မောင်မင်းမင်းစိုးသည် တစ်ရွာတစ်​ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သ​ည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင် ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို မောင်မင်း​မင်းစိုး စတင် ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မ​ပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့​သည်။

မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လ​ည်း မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးေ​ယာက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်​အထိ ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။ ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တ​င်လိုက်ရတာပါ။

(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း မူရင်းအတိုင်း ဖြစ်​ပါသည်။ )
http://www.irrawaddyblog.com/

10 comments:

မောင်စေတနာ said...

ဦးဦး လေမိုးလည်း အားကျမနေနဲ့နော် ..
တွေ့တယ်မလား ... ဟိဟိ ...
ဆန်းဆန်းလေးတွေ တင်ပေးသွားတယ်။

ညီလေး

နေဇော်လင်း

သူကြီးမင်း (တုံးဖလား) said...

လက်စသတ်တော့ သူကြီးမင်းတို့ အရပ်ဘက်ကကိုး။ အတော်ဆိုးတဲ့ကောင်။ နှစ်ယောက်ထဲ ယူရတယ်လို့။ ဟာ ဟ။

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပနော်
တော်တော်မလွယ်တဲ့ သူကြီးမင်းတို့အရပ်သားတွေပါလား
စွံချက်ကတော့ ကမ်းကုန်ဘဲး)
မြန်မာပြည်မှာ သတို့သမီးနှစ်ယောက်နဲ့ဆောင်တဲ့ ပထမဦးဆုံး မင်္ဂလာဆောင်များ ဖြစ်လေမလား

Anonymous said...

အယ် ..
မင်းတုန်းမင်း ထက်တောင်
တယ် စွမ်း နေ ပါ လား .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

တသက်နဲ့တကိုယ် ဒီတခါပဲ မြင်ဘူးသေးတယ်..ဟာဟ..


ယွန်း

မင်းသန့် (www.oasit.blogspot.com) said...

မြန်မာနိုင်ငံ၇ဲ့ ယဉ်ကျေးမှု့ နဲ့ ဆို နည်းနည်းလောက်သွေဖယ်နေပေမဲ့  ကောင်လေးေ၇ာ၊ကောင်မလေးတွေေ၇ာ အားလုံးကို သဘောကျတယ်။သူတို့ ၇ဲ့ ချစ်ခြင်းကို လည်းအသိအမှတ်ပြုပါတယ်။ဘာပဲပြောပြော ဖောက်ပြန်တာထက်စာ၇င် ဒီလိုလုပ်၇ပ်ကို ချီးကျူးပါတယ်။

မင်းသန့် (www.oasit.blogspot.com)

ဟန်ကြည် said...

ဝမ်းနည်းရမှာလား...၀မ်းသာရမှာလား မိသိန်းကြည် လို့ပဲ အော်ချင်စိတ်ပေါ်မိတယ်...အချစ်ဆိုတာ ၀ဋ်ကြွေးတစ်ခုဆိုတာ အင်မတန်မှန်တာကလား...ဒီမိသားစုရဲ့ နောက်ပိုင်းဖြစ်စဉ်ကို follow up လုပ်ပြီး တင်ပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...

မောင်သီဟ said...

ကော်တာပဲဗျာ့
အားတောင်ကျလာပြီ
ဂွင်ကောင်းလေးစောင့်အုံးမှ
လောလောလောလော ယူလို့မဖြစ်သေးဖူး ဟိဟိ

မောင်ဘကြိုင်

Anonymous said...

အသက် ၂၀ ဝန်းကျင်လောကပဲ ရှိဦးမယ့် သတို့သားလေး နောင်ရေးကို ပူတယ်။ ဘဝတက်လမ်း ဘာမှအားမထုတ်နိုင်ဘဲ မိန်းမနှစ်ယောက်နဲ့ အချိန်ကုန်နေရင် သူ့အနာဂတ် ထိခိုက်မယ်။

Manh said...

အင်း နောက်ပိုင်းဘယ်လို ခရီးဆက်ကြမလဲ ဆိုတာလေးလဲ ဆက်တင်ပြပါအုံးလာဗျ။ရေးမိတာတော့ ရေးပီးသွားပီကော.....လာ။စိတ်သဘောထား ဖြူစင်ကြတဲ့  သတို့ သမီးတွေဆိုရင်တော့  ကောင်းပါတယ် ။နို့ မို့ ရင်တော့ လွယ်ဘူး နော့် ။