Saturday, July 23, 2011

မိကျောင်းများကို ကယ်တင်ပါ

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/23/h_8_37_6_200_200.jpg

တန်ဖိုးကြီးသော ရှူးဖိနပ်များ၊ လက်ကိုင်အိတ်များ၊ လက်ဆွဲအိတ်များ ပြုလုပ်ရာတွင် အသုံးပြုရန် အတွက် မိကျောင်း အရေခွံ ရရှိရန် အလို့ငှာ ကမ္ဘာပေါ်တွင် နှစ်စဉ်မိကျောင်းကောင် ရေ၃သိန်း ၄သောင်းခန့် အသတ်ခံနေရသည်။ မိကျောင်းမွေးမြူရေးကန်ဟူ၍ အနည်းငယ်မျှသာ ရှိသည်။ အများ စုမှာ ပါပူဝါနယူးဂီနီ၊ ဗင်နီဇွဲလား၊ အိန္ဒိယနိုင်ငံ၊ နိုင်းမြစ်နှင့် ပစိဖိတ်ဒေသများတွင် ဖမ်းဆီးသတ်ဖြတ် လျက်ရှိသည်။ မိကျောင်းအရေခွံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆၈သန်း ဖိုးရှိသည်။

မိကျောင်းအရေခွံ တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂၀ဝခန့်တန်သည်။ အကြီးမားဆုံး ဈေးကွက်များမှာ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့တွင်ရှိပြီး အခြားနိုင်ငံ များစွာကလည်း မိကျောင်း အရေများကို တင်သွင်းလျက်ရှိသည်။ မိကျောင်းကဲ့သို့ တောရဲ တိရစ္ဆာန်များ၏ အရေခွံနှင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများကို မဝယ်ပါနှင့်။

http://www.yoyarlay.com/

3 comments:

ခရစ္စတလ် said...

မဝယ်ပါဘူး (မဝယ်နိုင်လို့)

အစာတွေ သွားကျွေးခဲ့သေးတယ်၊ အစာက ဈေးတော်တယ်လေ ကြက်ရိုးတစ်တွဲမှ (20)ဘတ်ပဲ ပေးရလို့ အဟတ် :)

ဒီလိုတောင် ကယ်တင်နေတာ ဟင်း ဟင်း

ဇက်ဗီ said...

ကျွေးချင်ဘူး။ဝယ်ချင်ဘူး...ကြောက်တယ်

ညိမ်းနိုင် said...

ဟုတ်ကဲ့ဟုတ်ကဲ့ ဝယ်ပါဘူးဗျာ....ဝယ်စရာပိုက်ပိုက်လည်း
ရှိဘူး....:)