Monday, July 25, 2011

ရွှေဂုံတိုင် သံဃဆေးရုံရှေ့၌ ၂၃၅ ဘီအမ် တိမ်းမှောက်၊ စပယ်ယာနှင့် ခရီးသည်အမျိုးသမီး ၂ ဦး သေဆုံး

http://popularmyanmar.com/mpaper/show_image_NpAdvSinglePhoto.php?filename=/2011/07/DSCN4514.jpg&cat=17&pid=24663&cache=false

ကမ္ဘာအေးဘုရားလမ်း အတိုင်း ဆူးလေသို့ မောင်းလာသောဘီအမ် ၂၃၅ ခရီးသည်တင် ယာဉ်တစ်စီး သည်ဇီဝိတဒါန သံဃဆးရုံကြီး ရှေ့အကွေ့နေရာ၌ ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာမှ ခရီးသည် အမျိုး သမီး ၂ ဦးနှင့် စပယ်ယာ တစ်ဦးသေဆုံးခဲ့မှု ဇူလိုင်လ ၂၃ ရက်နေ့ နေ့လည်၁၂နာရီ ၃ဝ မိနစ် အချိန်ခန့် က ဖြစ်ပွားခဲ့သည်။ ”ဘီအမ်၂၃၅အချင်းချင်း မီးပွိုင့်ထွက်ကတည်းက ပြိုင်မောင်း လာ တာ၊ ကွေ့မှာရှေ့ ကားကိုကျော် တက်ရင်းက ဆေးရုံရှေ့မှာ ညာဘက်ကိုမှောက်သွားတာ၊ အမျိုး သမီး ၂ ဦးကတော့ ပွဲချင်း ပြီးသေသွားတယ်၊ စပယ်ယာက ယာဉ်ပိ နေပြီးလှုပ်နေသေးတယ်၊ တအောင့် နေမှသေသွားတာ၊ ယာဉ်မောင်းက တော့ ထွက်ပြေးသွားတယ်”ဟု ကိုယ်တွေ့မြင်တွေ့ခဲ့သူ သံဃာ တော်တစ်ပါးက မိန့်ကြား ခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် ခရီး သည် ၂ဝ ဦးခန့်ပါလာကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၃ဝ ကျော်အရွယ် အမျိုး သမီးနှစ်ဦး အခင်းဖြစ်ရာတွင် ပွဲချင်း ပြီးသေဆုံးသွားခဲ့ပြီး ၄င်းယာဉ် စပယ် ယာမှာ ယာဉ်ပိမှုကြောင့် ထပ်မံ သေဆုံးခဲ့ကြောင်း၊ အမျိုးသမီးး ၉ ဦးခန့်နှင့် အမျိုးသား ၅ ဦးခန့် ဒဏ် ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ များ၏ အဆိုအရ သိရသည်။ တိမ်းမှောက်သွားသော ယာဉ် အား ပတ်ဝန်းကျင်ရှိ သံဃာတော် များနှင့် လူအများမှ ဝိုင်းဝန်းထူမတ် ပေးခဲ့ပြီး ဒဏ်ရာရသူများကို ဆွဲ ထုတ်ကူညီပေးခဲ့ကြောင်း၊ အချို့ ဒဏ်ရာရသူများမှ နီးစပ်ရာဆေးရုံ ဆေးခန်းများသို့ သွားရောက် ခဲ့ကြ ကြောင်းနှင့် ဒဏ်ရာရသူများကို ရန် ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ သက်ဆိုင်ရာမှ ပို့ဆောင်ပေးခဲ့ကြ ကြောင်း အဆိုပါ သံဃာတော်မှ ဆက်လက်မိန့်တော် မူခဲ့သည်။

”အသက် ၄ဝ ကျော်လောက် အမျိုးသမီးက ယောဂီ ဝတ်နဲ့ပဲ။ နောက်တစ်ယောက်က အသက် ၃ဝ ကျော်လောက်ရှိမယ်။ သူတို့ နှစ်ယောက်နဲ့ စပါယ်ယာ ကတော့ သေသွားတယ်။ ကောင်မလေးတစ် ယောက်ကတော့ ရင်ဘတ်နားမှာ မှန်ကွဲစရှသွားပြီး အနီးအနားက ဆေးခန်းကို သူ့ဟာသူသွားတာ တွေ့လိုက်တယ်။ အသက် ၆ဝ ကျော်လောက်ရှိတဲ့ သံဃာတော် တစ်ပါးလည်း ဦးခေါင်းမှာ ဒဏ်ရာ နည်းနည်း ရသွားတယ်။ လက်ဒဏ် ရာရတဲ့လူတစ်ဦးကတော့ ပလက် ဖောင်းမှာ ထိုင်နေသေးတယ်။

နောက်မှ ဆေးခန်းကို ထွက်သွား တာလား မသိဘူး။ တချို့ ဒဏ်ရာ ရတဲ့အမျိုးသမီးတွေက ငိုနေတာကို သံဃာတော်တွေနဲ့လူတွေက ဝိုင်း ဝန်းနှစ်သိမ့်ပေးနေကြတယ်” ဟု အခင်းဖြစ်ရာတွင် ရောက်ရှိနေသူ အမျိုးသားတစ်ဦးက ၄င်းမြင်တွေ့ခဲ့ ရသည်ကို ပြောပြသည်။ အဆိုပါနေရာမှာ ကမ္ဘာအေး ဘုရား လမ်းဘက်မှ ကုန်းဆင်းကွေ့ ကြေောနရာဖြစ်ပြီး ယာဉ်များ မကြာ ခဏတိုက်ခြင်း၊ တိမ်းမှောက်ခြင်းများ ဖြစ်တတ်သော်လည်း ယခုကဲ့သို့ လူသေဆုံးမှု မဖြစ်ခဲ့ ဖူးကြောင်း ယင်း ပတ်ဝန်းကျင်တွင် နေထိုင်သူ အမျိုး သမီးတစ်ဦး က ပြောသည်။ အဆိုပါဘီအမ်များကဲ့သို့ ခရီး သည်တင်ယာဉ်အများစုမှာ အပြိုင် လုမောင်း တတ်ကြောင်း၊ ယင်းသို့ ယာဉ်တိမ်းမှောက်သည့်အခါ ယာဉ် မောင်းများမှာ ထွက်ပြေးလေ့ရှိသည့် အပြင် ခရီးသည်များအနေဖြင့် လိုင်း ကားများ မစီးရဲလောက်အောင် ထိတ်လန့်နေကြရကြောင်း ခရီး သည်များထံမှ သိရသည်။ ”ကားတွေက တအားပြိုင် မောင်းကြတာ။ ပြီးတော့ ဖြစ်တော့ တာဝန်မဲ့တယ်။

ထွက်ပြေးကြ တယ်။ ခရီးသည်တွေကိုလည်း မချေမငံဆက်ဆံတာတွေလည်း ရှီတယ်။ ဘတ်စ်ကားကို မတတ် သာလို့သာ စီးနေရတယ်။ မစီးရဲ လောက်အောင် ကြောက်နေရပြီး ကားစီးတိုင်း ဘုရားစာဆိုနေရ တယ်” ဟု အသက် ၃ဝ ကျော် အရွယ် အမျိုးသမီး တစ်ဦး က ပြော သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက် ၍ ၄၃ ယာဉ်လိုင်းမှ စပယ်ယာ တစ်ဦးကလည်း ”ဒီကွေ့က အန္တ ရာယ်များတယ်။ ကုန်းဆင်းကြီး လည်း ဖြစ်နေတော့ အရှိန်များရင် မတော်တဆ ပိုဖြစ်နိုင်တယ်။ ခုလည်း အရှိန်မထိန်းနိုင်လို့ မှောက် သွားတာဖြစ်မယ်” ဟု သူ့အမြင်ကို ပြောသည်။ ”ကျွန်မ ဒီနားမှာနေတာ ၁၂ နှစ် ရှိပြီ။ ဒီနားမှာ ခဏခဏတိုက် တယ်။ မှောက်တယ်။ ဒီနေ့လည် ကားမှောက် တယ် ဆိုတော့ အရင် လိုပဲထင်တာ။ သွားကြည့်တော့မှ မြင်မကောင်းဘူးရှင်။ ဒီနားမှာ ဖြစ်ခဲ့ သမျှထဲ အခု သုံးယောက်သေ တယ်ဆိုတာ အဆိုးဆုံးပါပဲ။ ဒီကား တွေက အမြဲလို တအားမောင်းကြ တာ။ ကြောက်စရာပါပဲ” ဟု ၄င်း က ဆက်လက်ပြောသည်။

ကျော်ဝင်းသူ၊ နောင်နောင်

http://popularmyanmar.com/

3 comments:

ညိမ်းနိုင် said...

စိတ်မကောင်းစရာဗျာ...၊ဆိုင်ရာက ထိထိရောက်ရောက်
ကြပ်မတ်သင့်ပြီ....:(((

Angelhlaing(May everybody be happy and healthy! said...

သနားပါတယ်....နော်..

ဖြိုးဖြိုး said...

မြန်မာပြည်မှာ မနေချင်ဆုံးကိစ္စထဲမှာ ဘစ်ကားပြသနာလဲ ပါတယ်.
စပယ်ယာသေတာကို မသနားဘူး။။
ခရီးသည် တွေကိုပဲ သနားလို့ မဆုံးဘူး။။

ကိုယ်တွေနေခဲ့တုန်းကလဲ ညနေ လူစုံအိမ်ရောက်မှပဲ အသက်၀၀ရှုရဲတယ်။
တခါများဆို ကားကဘယ်ဘက်တခြမ်းထဲက ဘီး၂လုံးနဲ့ စောင်းပြီးသွားနေတာ တမိနစ်လောက်တော့ရှိမယ်. မျက်စေ့စုံမှိတ်ပြီး ဘုရားစာအသံကုန်အော်ရွတ်မိတဲ့ အထိပဲ၊
စိတ်ထဲမှာတော့ သေပြီပဲတွေးလိုက်တယ်။
နေ့စဉ်နဲ့ အမျှ ကျောင်းသွားတိုင်း အလုပ်သွားတိုင်း အသက်ကို အပေါင်ထား သွားနေရသလိုခံစားခဲ့ရတယ်။
ကိုယ်ကလဲ ဘစ်ကားပဲ စီးနိုင်တာကိုးလေ....