Friday, July 29, 2011

အာရုံဆွမ်းမစားဘဲ ပြန်ကြွခဲ့သည့်ဆရာတော်

အာရုံဆွမ်းမစားဘဲ ပြန်ကြွခဲ့သည့်ဆရာတော်

တစ်ခါကမန္တလေးမြို့စာသင်တိုက်ကြီးတစ်တိုက်မှ
ဆရာတော်ဘုရားကြီးကို ကျောင်းဒကာ

လည်းဖြစ် ၊ ဆွမ်းဒကာလည်းဖြစ်တဲ့ ဒကာတစ်ဦးက သူ့သမီးအိမ်ထောင်ကျလို့ မင်္ဂလာဦးဆွမ်း

ကျွေးကြွဖို့ ပင့်လျှောက်ပါတယ်။ဆရာတော်ဘုရားကြီးကလည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ

ဆွမ်းဒကာက ပင့်တာဆိုတော့ မင်္ဂလာဦးဆွမ်းကျွေးကို လက်ခံခဲ့ပြီး
ပင့်လျှောက်တဲ့ရက်ရောက်

တဲ့အခါနောက်ပါသံဃာလေးပါးနှင့်အတူ မညည်းမညူဘဲ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကြွရောက်

ခဲ့ပါတယ် ။

ဆွမ်းစားက နံနက်အာရုံတက် မင်္ဂလာဦးဆွမ်းစားပါ ။
အာရုံဆွမ်းဆိုတော့ ဆရာတော်

ဘုရားကြီးက အာရုံမတက်ခင်ကတည်းက ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ် ။ မင်္ဂလာဦး

ဆွမ်းစားကို ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့

မင်္ဂလာဦးအာရုံဆွမ်းစားဆိုတာ တစ်ခြား အာရုံဆွမ်းစားတွေနဲ့မတူပါဘူး ။
တစ်ခြား အာရုံဆွမ်း

စားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့ လာရောက် တရားနာတဲ့ ပရိတ်သတ်တွေ ကို

တစ်ခါတည်း ဧည့်ခံကျွေးမွေးလိုက်ရင် ပြီးတာပါပဲ ။ မင်္ဂလာဦးဆွမ်းကျွေးပွဲကျတော့ အဲလို

မဟုတ်တော့ပဲ နေ့ခင်းပိုင်းမှာ လူတွေကို တစ်သီးတစ်ခြား
ဧည့်ခံကျွေးမွေးရပါတယ် ။ အဲဒါ ကြောင့်

မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက အချိန်ပေးပြီး ခပ်စောစောလေး ကြွ

ရောက်ခဲ့တာပါ ။

ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းမပေးခင် တရားအရင်နာကြမယ်လို့ ပြောပါတယ် ။

ဆရာတော်ဘုရားရဲ့စကားကြောင့် တရားနာကြမယ့် ပရိသတ်တွေကလည်း လက်အုပ်ကလေး

တွေချီပြီး သြကာသကန်တော့ကျိုးဆိုဖို့ ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးက “ တရားနာ

ရအောင် မင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သားရော ခေါ်လိုက်ဦးလေ “ လို့ ပြောပါတယ် ။

ဆရာတော်ဘုရားကြီးရဲ့စကားကြောင့် တရားနာလာရောက်ကြတဲ့ ပရိသတ်တွေလည်း

ဘာပြန်လျှောက်လို့ လျှောက်ရမှန်းမသိဘဲ ဖြစ်သွားကြပါတယ် ။ ဘုရားဒကာ ၊ ကျောင်းဒကာ

ဆိုသူကလည်း ဆွမ်းစားပင့်လျှောက်စဉ်ကတည်းက ဆရာတော်ဘုရားကြီးကို သတို့သားနှင့်

ပတ်သက်ပြီး ဘာမှ အကြောင်းစုံ မလျှောက်ထားတဲ့အတွက် အခုလို ဆရာတော်ဘုရားကြီးက

သတို့သားကို တရားနာဖို့ ခေါ်ခိုင်းတာ ဖြစ်ပါတယ် ။

သတို့သမီးကလည်း မျက်စိပျက် ၊ မျက်နှာပျက်ဖြစ်နေသလို
သတို့သမီးမိဘတွေဖြစ်တဲ့

ကျောင်းဒကာ ၊ ဆွမ်းဒကာတွေလည်း အနေရ အထိုင်ရခက်နေရပြီး တိတ်ဆိတ်ငြိမ်သက်နေ

ကြပါတယ် ။ အဲဒီအချိန်မှာ အသက်ကြီးကြီး ဒကာကြီးတစ်ယောက်က -

“ ဆရာတော်ဘုရား ၊ ဒီကလေးမရဲ့ မိုက်ပြစ်များကို
သည်းခံခွင့်လွှတ်ပေးပါဘုရား ။

တပည့်တော်များအနေနဲ့ လျှောက်လည်းလျှောက်ချင်ပါတယ် ။ ဒါပေမယ့် မလျှောက်လည်း

မလျှောက်ရဲပါဘုရား “

“ အေး…..တို့များကလည်း ဒကာတော်တို့လျှောက်မှ သိမှာကွဲ့ ၊
မလျှောက်ရင် ဘယ်

သိပါ့မလဲ ၊ လျှောက်စရာရှိတာကို ရဲရဲဝံ့ဝံ့သာ လျှောက်ပါကွဲ့ “

“ ဆရာတော်က လျှောက်ဆိုလို့သာ လျှောက်ရမှာပါဘုရား ၊
တစ်ခြားတော့ မဟုတ်ပါ ဘူး

၊ ဒီကလေးမယူထားတဲ့ အမျိုးသားက ဗုဒ္ဓဘာသာမြန်မာလူမျိုးမဟုတ်တဲ့အတွက် မင်္ဂလာ

ဦးဆွမ်းကပ်တဲ့အခါ တရားမနာနိုင်ဘူးလို့ ပြောနေပါတယ် ။ ဒီ
မင်္ဂလာဦးဆွမ်းကျွေးတာတောင် မှ

သတို့သားဘက်က အကုန်ခံတာ မဟုတ်ဘူး ။ သတို့သမီးမိဘတွေက အကုန်အကျခံပြီး

ဆွမ်းကပ်တာ ၊ တပည့်တော်များကလည်း ဆွမ်းကပ်မယ့် ကုန်ကျစားရိတ်ကို ဒီဘက်ကပဲ

အကုန်အကျခံပါ့မယ် ၊ ဒါပေမယ့် တရားလေးတော့ နာပေးပါလို့ပြောတာတောင် မနာနိုင်ဘူးတဲ့

ဘုရား ၊ဒါကြောင့်မို့ ဒီမင်္ဂလာဦးဆွမ်းကျွေးပွဲမှာ သတို့သမီးတစ်ယောက်တည်း
တရားနာမှာပါ “

ဒကာတော်ရဲ့ စကားသံအဆုံးမှာ ဆရာတော်ဘုရားကြီးဟာ ချက်ချင်းပဲ မျက်နှာ

မကောင်းဖြစ်သွားပါတယ် ။ ပြီးတော့လေသံမာမာနဲ့ -

“ အေး…..မင်းတို့ကောင်တွေက တယ်လည်းညံ့သကိုး ၊ ကိုယ့်သတ်မယ့်ကြိုးကွင်း

လည်ပင်းလာစွပ်တာတောင်မှ လှတယ်ထင်ပြီး အပျော်ကျူးပြီး ကနေကြတယ် ။ တို့ကတော့

တို့ဘာသာ ၊ တို့လူမျိုးအတွက် အဆိပ်ပင်ဖြစ်မယ့် ဒီဆွမ်းမျိုး
မဘုဉ်းပေးနိုင်ဘူး ။ မင်းတို့ကပ် တဲ့

ဆွမ်း မစားရလို့ အသက်သေမယ်ဆိုရင်တောင် တို့မစားဘူး ၊ လာပြန်ကြစို့ “ ဆိုပြီးနောက်

ပါသံဃာလေးပါးကိုခေါ်ပြီး ဆွမ်းမစားဘဲ ပြန်ကြွသွားခဲ့ပါတယ် ။

ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေးစိတ်ဓာတ်ဟာ နှုတ်ဖျား ပွင့်အန်မထွက်လာ

ပေမယ့် သူ့ရဲ့ ဆွမ်းဒကာအပေါ်မှာ ပြုမူသွားတဲ့ လုပ်ဆောင်ချက်က အမျိုးသားရေးစိတ်ဓာတ်

ဘယ်လောက်အထိ ပြင်းထန်သလည်းဆိုတာ သက်သေပြလို့နေပါတယ် ။ ဒီနေရာမှာ အချို့

ဆရာတော်ကြီးတွေသာဆိုရင် ကိုယ်မကြိုက်တဲ့ အပြုအမူမျိုးဖြစ်နေဦးတော့ ဆွမ်းဒကာတွေရဲ့

သဒ္ဒါတရားကိုငဲ့ကွက်ပြီး မင်္ဂလာဦးဆွမ်းကိုတော့ ဘုဉ်းပေးခဲ့မှာ သေချာပါတယ် ။

အခုတော့ ဆရာတော်ဘုရားကြီးဟာ အမျိုးသားရေးစိတ်ဓာတ်နဲ့ပတ်သက်လာရင်

ဆွမ်းဒကာ ၊ ကျောင်းဒကာဆိုတဲ့ ကျေးဇူးတရားကို လျစ်လျူရှုခဲ့ပါတယ် ။ ရှေးတုန်းကဆရာ

တော်ဘုရားကြီးတွေဟာ သူတို့ရဲ့ သီလ ၊ သမာဓိ ၊ ပညာကို ဘယ်တော့မှ
ထိခိုက်ညှိုးနွမ်း အောင်

မလုပ်သလို သူတစ်ပါးတွေ ထိခိုက်နစ်နာမယ့် အရေးကိစ္စမှန်သမျှကိုလည်း
ဘယ်တော့မှ မပြောဘူး

၊ မကြံဘူး ၊ မလုပ်ဆောင်ကြပါဘူး ။

ဒါပေမယ့် အမျိုးသားရေးနဲ့ပတ်သက်လာရင် သွေးအေးအေးမနေကြပဲ ပြောဆိုဆုံးမ

သွန်သင်ကြလေ့ရှိပါတယ် ။ တကယ်လို့ မတတ်သာလို့ ခပ်ခွာခွာနေရတဲ့ အနေအထားမျိုးမှာ

ဆိုရင်လည်း များစွာမှ စိတ်မကောင်း ဖြစ်တော်မူကြပါတယ် ။








ရှင်ပညောဘာသ

( ဖိုးပညော - သပိတ်ကျင်း )


ဒို့အမျိုးဒို့ဘာသာမကွယ်ပျောက်စေဖို့

7 comments:

တောက်ပကြယ်စင် said...

စားတော့ စားသင့်တယ် ထင်တာပဲ။ မစားလိုက်တော့လည်း သူတို့နှစ်ယောက်က ယူမှာယူမှာပဲလေ။ နော်။

မိုးယံ said...

ဟာဟ...ဘုန်းဘုန်းတောက် ပြောတာလဲ မှန်တာပဲ။ အဲဒီ နေရာမှာ တပည့်တော်က ဘုန်းကြီးဆို ဘာလုပ်မယ် အရှင်ဘုရားထင်လဲ ....? ( တပည့်တော် ဒီနေရာမှာ ပြန်ဖြေမည်မဟုတ်ပါ )။

သူကြီးမင်း (တုံးဖလား) said...

ဆရာတော်တွေ အရုဏ်ဆွမ်း ငတ်ခဲ့ကြတာပေါ့။

မိုးယံက သူကိုယ်တိုင် ဘုန်းကြီးဆို ဘာလုပ်မယ် မှတ်လဲတဲ့။ သူကြီးမင်းအထင်ကတော့ သူကိုယ်တိုင် ဘုန်းကြီးဆိုရင် သင်္ကန်းဝတ်ပြီး ကတုံးတုံးထားခြင်းကို လုပ်မှာတော့ သေချာတယ်။း))))

ခင်မင်လျက်

ဒေါင်းမင်း said...

အင်း..ဘုန်းကြီးရဲ့အမျိုးသားရေးစိတ်ဓါတ်ကို
လေးစားတယ်။သတို့သမီးနဲ့သတိုးသမီးမိဘ
တွေကလဲနော်.ဘာဖြစ်လို့များလူမျိုးခြားဘာသာ
ခြားကိုမှသွားယူရတာလဲ.မိဘတွေကလဲဘာဖြစ်
လို့ပေးစားရတာလဲ။မိဘတွေလိုအပ်မှုကြောင့်။
သွန်သင်မှုလိုအပ်မှုကြောင့်၊သာသနာမကွယ်
စေချင်ဘူး။ဒီလင်မယားမှာမွေးလာမယ့်ကလေး
တွေကတော့ဘာသာခြားတွေဖြစ်ကုန်မှာအသေ
ချာပဲ။ရင်လေးတယ်။

Anonymous said...

မွေးလာတဲ့ ကလေးက ဘာလို့ ဘာသာခြားဖြစ်ရတာလဲ ဆိုတာကို နားမလည်ဘူး...ရွှေသမင်ဘယ်က ထွက်မင်းကြီးတာက ထွက်ဆိုတာလိုပါပဲ။ ဘာလို့ ဘာသာခြားကိုယူလည်း ဘာလို့ သူ့ဘာသာထဲဝင်လည်း ဘာလို့ ကလေးကို သူ့ဘာသာထဲပို့ရလဲ။ ကိုယ်ညံ့လို့ ကိုယ်ခံရတာ... လူဖောက်သာသနာပြုတာ ခံလိုက်ရတာဆိုတော့ ဘာသာခြားကတော်တာပေါ့။ ဗုဒ္ဓဘာသာတွေ ညံ့တာပေါ့။

ဟုတ်တော့ မဟုတ်သေးဘူ။ မြန်မာမက ဘာသာခြားကိုယူလည်း ဘာသာခြားဖြစ်တယ်... ဗုဒ္ဓသာသနာဝင် ယောက်ျားကလည်း ဘာသာခြားမိန်းမကို ယူလည်း ဘာသာခြားဖြစ်တယ်.. အံမယ် ကလေးတောင် ဘာသားခြားဖြစ်သေးတယ်...ဗုဒ္ဓဘာသာဝင်တွေ ရှက်တတ်ရင် သေလို့ရပါတယ်...။ (ကိုယ့်ခံစားချက်ကို ကိုယ်ပြောတာဖြစ်လို့ တိုက်ဆိုင်သူများ ရှိပါက လွန်တာရှိ ၀န္ဒာမိ ပါခင်ဗျာ)

Anonymous said...

လာမနာတဲ့သူကို လျစ်လျူရှုပြီး တရားနာမယ့် သတို့သမီးနဲ့ သူ့မိဘတွေအတွက် တရားဓမ္မချီးမြှင့်ပေးခဲ့တာက ပိုအကျိုးရှိမလားလို့။ ဘုရားသားတော်များ၇ဲ့ တာဝန်က သာသနာ့အစောင့်ရှောက် ခံတဲ့သူကို စောင့်ရှောက်ပေးဖို့ပဲလေ။

ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးချက်ကို လက်ကိုင်ထားဖို့၊ ဘယ်သူနဲ့ယူယူ ဘယ်နေရာရောက်ရောက် ငါးပါးသီလမြဲဖို့၊ မေတ္တာဘာဝနာအမြဲပွားဖို့၊ အလှူအတန်း မပေါ့လျော့ဖို့၊ လောကမှာ ဖန်ဆင်းရှင်ဘုရားသခင်ဆိုတာမရှိဘဲ ကိုယ်ပြုတဲ့ကံသာ ကိုယ့်အားကိုးရာမို့ ကံကောင်းအောင် ကောင်းမှုတွေ များများလုပ်ဖို့၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးကို အမြဲ ပွားများဖို့ ဒါတွေ ဟောကြားပေးခဲ့ရင် သတို့သမီးလေး ဘဝနောင်ရေးအတွက်လဲ အကျိုးရှိမှာပါ။ ဒီလို အရှက်ခွဲလိုက်တော့ သူ့ယောက်ျားဘက်က သတို့သမီးကို သူ့ဘာသာထဲဝင်အောင် ဆွယ်ဖို့ ပိုတောင် အကွက်ကျသွားမလားလို့။

မေသိမ့်သိမ့်ကျော် said...

လာရောက်ဖတ်ရှုသွားပါတယ်ရှင်။


ခင်မင်လေးစားလျက်