Friday, September 30, 2011

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရ လက်ထက်တွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

Breaking News: မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထပ်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ (သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။)

www.news-eleven.com

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းမည်ဆိုတော့
နောက်လာမဲ့ အစိုးရလက်ထက်တော့ အာမ မခံဘူး ဆိုတဲ့ သဘောများလား။
အဲဒီစကားလုံးအစား လုံးဝရပ်ဆိုင်းလိုက်သည် ဆိုတာက ပိုသင့်တော်မယ်ထင်တယ်နော်
ဘာဘဲဖြစ်ဖြစ်.. ရပ်ဆိုင်းလိုက်တဲ့ သတင်းကိုတော့ လှိုက်လှဲဝမ်းသာစွာ ထောက်ခံကြိုဆိုလိုက်ပါတယ်။

ကြောင်ဖြူများရှင် said...

အစ်မချောပြောသလိုပဲ ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်။ ချက်ချင်း ၀ုန်းဒိုင်း မပြောင်းနိုင်လို့  ဖြည်းဖြည်းချင်း ပြောင်းမယ်ဆိုလည်း လက်ခံရမှာပါပဲလေ။ နော့ ကိုလေအိုး။

ညိမ်းနိုင် said...

ဘာပဲဖြစ်ဖြစ် ဒီသတင်းကိုတော့ ကြိုဆိုပါတယ်...။မိမိတို့
အစိုးရလက်ထက်ဆိုတဲ့ စကားလုံးကလည်း လက်ခံနိုင်တဲ့
စကားလုံးပါ...။နောက်အစိုးရတက်လာလို့ဆက်လုပ်ခဲ့ရင်
ဦးသိန်းစိန်အနေနဲ့ဘယ်လိုမှမတက်နိုင်ဘူးပေါ့လေ....။
ကြည့်ရတာ ဦးသိန်းစိန်က ၄နှစ်ထက်ပိုလုပ်မယ့်ပုံမရှိဘူး။

ကိုကိုမောင်(ပန်းရနံ့) said...

ကောင်းတဲ့ သတင်းလေးပါဘဲ။ အပြုသဘောဆောင်တဲ့ စကားလုံးလေးပါ။ ကြိုဆိုရမှာပါ။

ခင်မင်လျှက်

ဇက်ဗီ said...

သတင်းကောင်းပါ...ကြိုဆိုတယ်..