Saturday, October 2, 2010

သူနှင့် ကျွန်မ၏ ကမ္ဘာ

အသက်ရှင်ခိုက်မှာ လုပ်ခဲ့ပါသည်
ကောင်းသည် မှန်သည် မြင့်မြတ်သည်
ဖတ်ဖူးသမျှရော ကြားဖူးနားဝ ရော အားလုံးကိုပေါ့။

အသက်ရှင်ခိုက်မှာ ကျဉ်ဖယ်ခဲ့ပါသည်။
မကောင်းတာ မှားတာ ယုတ်ညံ့တာ
ဖတ်ဖူးသမျှရော ကြားဖူးနားဝ ရော အားလုံးကိုပေါ့။

ကမ္ဘာနဲ့အတူ ရှင်သန်နေထိုင်ခွင့် ရတုန်းကလေးမှာပါ
ကမ္ဘာက မကြာခင်မှာပဲ ပျက်သုန်းပျောက်ကွယ်တော့မယ်လေ
ငါ့အသက်ဇီဝိန်လည်း ကြွေတော့မှာပါ။

မေတ္တာတရားတွေ သစ္စာတရားတွေ စောင့်ထိန်းမှုတွေ
ပေးဆပ်မှု သိတတ်မှုတွေလည်း ကမ္ဘာပျက်ထဲ ပါကုန်တာပေါ့။
ဒီကမ္ဘာလေး အတွက်ပါ။

တစ်ကယ်ဆို ကောင်လေးရေ
နင်ဟာ ငါ့ရဲ့ ကမ္ဘာ။

မိုးယံ (2.10.10)

3 comments:

ကိုဇော် said...

ဟင်..ဒါ..မောင်မိုးယံက ရေးတာလား။
မမိုးယံက ရေးထားတာလား။
အို..ကြက်သီးထပါ့ကွယ်။
အပြင်မှာ တွေ့မယ် ဆိုတော့ မတွေ့ရဲတော့ဘူးရယ်။

ကဗျာလေးကတော့ အဓိပ္ပါယ်လေး ကောင်းပါတယ်။

Maung Myo said...

အယ်.......ဘယ်လိုဖြစ်တာတုန်း မထင်ရဘူးကော အလတ်ကြီးကနေ ကဲ ပြော ဘယ်ကောင်လေးလဲ နေ၀သန်လား မေပယ်လ် လားး)

Anonymous said...

တစ်ကယ်ဆို ကောင်လေးရေ
နင်ဟာ ငါ့ရဲ့ ကမ္ဘာ...။

ဟိဟိ...မမမိုးယံ .နာ့ကို လွမ်းနေဘီ.။
မွ..မွ..။