Saturday, October 2, 2010

မုဒိန်းကျင့်မှုကို ကာကွယ်နိုင်မည့် ကွန်ဒုံး


၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီး တစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။ တီထွင်သူ Dr. Sonnet Ehlers က အဆိုပါကွန်ဒုံး သည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင် ခြင်းမှလည်း ကာကွယ်နိုင်မည်ဟု ဆိုသည်။

အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ မုဒိန်းကျင့်ရန် ကြံစည်သူသည်

မိန်းမကိုယ်အတွင်း လိင်တံကို ထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများလာရောက် စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်း လိင်တံနှင့်အတူ ကပ်ရပ်ပါသွားမည်

ဖြစ်သည်။ ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေးရမည် ဖြစ်သည်။ အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူက ရဲကို

အကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။ လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။ သို့ဖြစ်၍ သွေးမှ

ရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။

Click small image to display it here

source: rape axe Internet news and official website

လမ်းသစ် ဂျာနယ်မှကူးယူဖော်ပြသည်။

4 comments:

ရွှေရတုမှတ်တမ်း said...

မိန်းမနဲ့ ရန်ဖြစ်ပြီး မိန်းမက အဲဒါတပ်ထားရင်ဒုက္ခ

နေမျိုး said...

အင်း အပေါ်က အကို ပြောသလိုပဲ့ မိန်းမ ယူရင် ရန်မဖြစ်မိအောင်သတိထားမှ ရတော့မယ်။ နို့မို့ တွေးလိုက် တိုင်း ကြက်သီး ထမိတယ် ။ ဘုရား ဘုရား သူတို့ခေတ်တွေ တိုးတက်တာ ဘာမှ မကျန်တော့ပါလားနော် ။

JulyDream said...

အရင်တုန်းက ကြားဖူးနေတဲ့ အဲဒီမှာ ဓါးစက်တပ်ထားတယ်ဆိုတာ တကယ် ဖြစ်လာပြီကိုး...

မောင်သီဟ said...

တိန်
ဂိန်ခနဲ့ပဲနော် ဟိဟိ တော်ပီဗျာ ကြောက်တယ် နဂိုကတည်းက ကြောက်ပါတယ်ဆိုမှ မိန်းမယူရင်တောင် သတိထားမှပဲ တော်ကြာ ကိုကိုကျောက်ပြောသလိုပဲ ရန်ဖြစ်တဲ့နေ့ ပိုသတိထားမှပဲ