Sunday, October 24, 2010

ဒေါ်လာ ၂သန်းတန် ဘရာစီယာ


ဒီလ အောက်တိုဘာ ၂၀-နေ့က New York မှာ Victoria’s Secret ဖက်ရှင်က ဒီနှစ်ရဲ့ ဟောလီးဒေးဖက်ရှင် အဖြစ် မော်ဒယ် အန်ဒရီယာနာ လီမာ Andriana Lima က ဒေါ်လာ နှစ်သန်းတန် ဘရာစီယာကို ပထမဆုံးဝတ်ပြပြီး ပရိသတ်တွေရှေ့မောက် မိတ်ဆက်ပေးခဲ့ပါတယ်။


လီမာကတော့ Victoria’s Secret ရဲ့ ပင်တိုင်မော်ဒယ်တယောက် ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ခါးရှည် အင်္ကျီနဲ့ အတူ စိန်လည်ဆွဲတကုံးကို လိုက်ဖက်စွာဝတ်ဆင်ခဲ့ပါတယ်။


“ကျမကိုယ်ကျမ ဒေါ်လာနှစ်သန်းလောက် တန်ဖိုးမြှင့်သွားသလို ခံစားရပါတယ်။ ကျမကိုယ်ကျမ သိပ်ဂုဏ်ယူမိပါတယ်။ ဒီဘရာစီယာက သိပ်ကိုလှပပါတယ်။ ၁၄၂-ကာရက်တောင် ရှိတာလေ။”


The holiday fashion show ကိုတော့ နိုဝင်ဘာ ၃၀မှာ ကျင်းပမှာ ဖြစ်ပြီး Akon နဲ့ Katy Perry တို့လည်း လာရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။


7 comments:

ရွှေရတုမှတ်တမ်း said...

အတွင်းပစ္စည်းတွေက တယ်ကောင်းသကိုး...ရှလွတ်...

ကိုဇော် said...

ဝယ်ပေးတဲ့ သူက ဝယ်ပေးမယ် ဆိုတာတောင်မှ ဘယ်မှာ ဝတ်ရပါ့..

blackကော်ဖီ said...

အင်း... တော်တော်လေး လှတယ်နော်...
ဒါပေမယ့် မြန်မာပြည်မှာ ဘယ်သူဝတ်ရဲပါ့မလဲ...

ညိမ်းနိုင် said...

မိုက်တယ်ဗျနော်..ဟီး..ဘရာ ပြောပါတယ်...။ခက်တာက..
အင်းးးး ခက်တာက ဝယ်နိုင်တောင် ဘယ့်သူ့ဝယ်ပေးရမှန်း
မသိဘူး...။

သုခုမလေဒီ said...

အွန်မလေးနော်..(ရှာရှာကြံကြံ)

မြစ်ကျိုးအင်း said...

၂ သန်းတန်လေးဝတ်ပြီး မောင်မိုးယံနောက် လိုက်ခဲ့တော့မယ်ဆို ဘယ်လိုလုပ်မလဲ။

Myanmar Good Knowledg Co., Ltd said...

ဘာပဲပြောပြော။ အမှန်အတိုင်းပြောမယ်။ လိုချင်တယ်။

ဝတ်ဖြစ်တာမ၀တ်ဖြစ်တာ အပထား။
မသကာလို့ မ၀တ်ဖြစ်ရင်တောင် တစ်လုံးစီ(စိန်)ဖြုတ်ရောင်း ရင်ရသေးတယ်။
ရှိတန်ဆာ မရှိဝမ်းစာ တဲ့။