Monday, October 11, 2010

အဲဒါ “လူ”

ရှင်ဘုရင်က အမိန့်မပေးတတ်ရင်
သူတောင်းစားက တောင်းနည်း မတတ်ရင်
ထမင်းငတ်တာ အတူတူပဲ

ဒါတောင်မှ တံဆိပ်တွေ အောက်မှာ ခိုလှုံနေသူတွေက
ငါ့တံဆိပ်မှ ကောင်းတာ သူ့တံဆိပ်က ဘာညာ
သေမှာချင်းအတူတူတောင်

ခေါင်းစဉ်ကွဲတွေအောက်မှာ တိုက်ပွဲဆင်ကြ
သေပွဲတွေဝင်ကြ
အဲဒါ “လူ”

မိုးယံ (11.10.10)


ကဗျာလို့ အညွှန်းတပ် ထားတာက ကဗျာလို့ မြင်စေချင်လို့ပါ ။ ကဗျာ မဖြစ်ဘူးဆိုရင်လည်း ကဗျာ ရေးနည်း လက်ဆင့်ကမ်းပေးကြပါ ဗျို့။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကဗျာလို့ ယုံကြည် ပေးကြပါဗျာ။

6 comments:

ကိုဇော် said...

သားက မသေပါဘူး။
အသက်ပဲ ပျောက်မှာ..
( ဘာလို့ အသက်ပျောက်တာလဲ သိချင်လား ၊ ဒါဆို ခဏစောင့် )

ငွေလမင်း said...

ဟုတ် ကဗျာလို့ မြင်ပေးပါတယ်
နတ်ဆိုးလေး ဘလော့မှာ အဲလို ဘဲ ပြောထားတယ်
ဘာတွေမှန်းလည်းမသိဘူးးးးး

ငွေလမင်း said...

ဟုတ် ကဗျာလို့ မြင်ပေးပါတယ်
နတ်ဆိုးလေး ဘလော့မှာ အဲလို ဘဲ ပြောထားတယ်
ဘာတွေမှန်းလည်းမသိဘူးးးးး

SHWE ZIN U said...

မြင်ပါတယ် မြင်ပါတယ်ဗျာ

နည်းလည်း မသိပါဘူး

ခင်တဲ့
ရွှေစင်ဦး

နတ်ဆိုးလေး said...

ဟုတ်တယ် ကဗျာပေါ့..
ကိုယ်က ကဗျာလို့ တွေးပြီးရေးရင်ကဗျာပေါ့
လွပ်လွပ်လပ်လပ်ရေးစမ်းပါ
ရေးသားရေး.. ပြီးရင် ကဗျာလို့ လေဘယ်တပ်ပစ်လိုက်
ကဗျာ လေဘယ်အောက်မှာရှိနေရင် အဲဒါ ကဗျာပဲ..
ခင်ဗျား ယုံမလားတော့ မသိဘူး
ခု ကျုပ်ရေးတဲ့ comment ကလဲ ကဗျာပဲ..


လေးစားလျက်
ဘရွတ်ရွှတ်တောက် နတ်

Anonymous said...

ဟားဟားဟား.....လိုက်လဲလိုက်တဲ့ အဖွဲ့ တွေ။
ဟုတ်ပါပြီ...ရှင့်....ကဗျာပါပဲ ရှင့်။ ...

“တံဆိပ်တွေ အောက်မှာ ခိုလှုံနေသူတွေက
ငါတံဆိပ်မှ ကောင်းတာ သူ့တံဆိပ်က ဘာညာ
ူသေမှာချင်းအတူတူတောင်
ခေါင်းစဉ်ကွဲတွေအောက်မှာ တိုက်ပွဲဆင်ကြ
သေပွဲတွေဝင်ကြ ”
အဲဒါ “လူ”......

မှန်လွန်းနေတယ် မောင်ငယ်လေးရေ....:)
ခင်မင်လျှက်...ခင်မာလာအောင်:)