Monday, January 10, 2011

မြန်မာနိုင်ငံတွင် ခြေလေးချောင်းနှင့် ပါးစပ်နှစ်ပေါက် ပါရှိသည့် ကလေးငယ် မွေးဖွား


ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ (နှစ်ဆန်း တစ်ရက်နေ့) က ခြေလေး ချောင်းနှင့် ပါးစပ် နှစ်ပေါက် ပါရှိသော ကလေးငယ် တစ်ဦး မွေးဖွား ခဲ့သည်ဟု သိရသည်။ ကလေး၏ မိခင်မှာ တီးတိန် မြို့နယ် တာလ်ဇိုင်း ကျေးရွာမှ ဦးကျင်ရှင်းမန်း၏ ဇနီး ဖြစ်သည်။ ခြေထောက် လေးချောင်းနှင့် ပါးစပ် နှစ်ပေါက်နှင့် ဘယ်ဖက် မျက်စိ တွင် အသားပို တစ်ခု တွဲကျ နေရာ အမွှာ အဖြစ် မွေးဖွားရန် မိခင် သားအိမ် အတွင်း ဖွံ့ဖြိုးမှုတွင် အပြောင်းအလဲ တစ်စုံ တစ်ရာ ဖြစ်သွားဟန် တူကြောင်း ဓါတ်ပုံ ရိုက်ယူ ခဲ့သူ တစ်ဦးက ထင်မြင်ချက် ပေးသည်။ ကလေးကို နို့တိုက်သည့် အခါ နို့ရည်မှာ အခြား ပါးစပ် တစ်ပေါက်မှ ပြန်လည် ထွက်လာ သဖြင့် နို့တိုက် ကျွေး၍မရ ဖြစ်နေသည်ဟု ဆိုသည်။ တာဝန်ကျ ဆရာဝန်က ကောက်ချက် တစ်စုံ တစ်ရာ မပေးဟု သိရသည်။ ယခု အခါ ကလေးငယ်နှင့် မိခင်မှာ သူတို့၏ ကျေးရွာသို့ ပြန်သွား ကြပြီ ဖြစ် သည်။ သူနာပြု ဆရာမ တစ်ဦး ကမူ ကလေး အသက် ရှင်ရေးမှာ စိတ်မချ ရနိုင်ကြောင်း၊ ဘုရား သခင်၏ အလိုတော် အတိုင်း သာ ဖြစ်လိမ့်မည် ဖြစ်ပြီး ယခု အချိန် ထိတော့ အသက် ရှင်လျက် ရှိသေးကြောင်း တီးတိန် ဆေးရုံမှ အမည် မဖော် လိုသူ သား ဖွား ဆရာမ တစ်ဦးက ပြောကြားသည်။ ခြေလက် အပိုဖြင့် မွေးဖွားခြင်းကို ဆေးပညာ အရ Polymelia ဟု ခေါ်ပြီး အိန္ဒိယ နိုင်ငံ တွင် မွေးဖွား ခဲ့သော ခြေလက် အပို ပါသည့် လက်ရှမီး ဆိုသည့် မိန်းကလေးကို ဟိန္ဒူ နတ်ဘုရား အဖြစ် လူ အများက လေးစား ကိုးကွယ် ကြသည်။

credit to http://mm-medicalstudents.com/

ခေဇီ

2 comments:

Aungnyc said...

လော က ကြီး လဲ ဖောက် ပြန် နေ ပြီ နဲ့ တူ တယ်. ကလေး တွေ မွေး တာ ခြေ တွေ လက် တွေ အ များ ကြီး ပဲ။ ကြောက် စ ရာ ပါ လား။
နေ့ တိုင်း လာ လည် မယ် ဗျို့ ကြိုက် တယ်... ရသ စုံ တယ်။ good job.

Nge Naing said...

သနားစရာပဲနော့်။ အဆင်ပြေသွားပါစေလို့ ဆုတောင်းပါတယ်။