Saturday, January 8, 2011

ဗုဒ္ဓဘာသာဝင်များသို့ဖိတ်ကြားခြင်း

ဝေဿ ၂၅၅၄ မရမ္မဝေဿ ၁၃၇၂ ၉.၁.၂၀၁၁ခုနှစ် တနင်္ဂနွေ

ဗုဒ္ဓဘာသာဝင် ဓမ္မ မိတ်ဆွေ အပေါင်းတို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် လာမည့် ၂၀၁၁ ဇန္နဝါရီလ ၉ ရက်နေ့တွင် သတိပဋ္ဌာန ဓမ္မရိပ်သာသစ်ကြီးကို စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ ပင်မ ညောင်ကန်အေး သာသနာ့ရိပ်သာ အင်းစိန်ကြို့ကုန်း မှ ကျေးဇူးရှင်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာဣန္ဒက ကြီးမှူး၍ မဟာစည် သြဝါဒခံ ညောင်ကန်အေးသာသနာ့ရိပ်သာ မလေးရှား နိုင်ငံရောက် သံဃာတော်တို့ကဆရာ ဒကာတို့လက်တွဲ ညီညာစွာဖြင့် သာသနာတော်နှစ်၂၅၅၄ မြန်မာသက္ကရာဇ်၁၃၇၂ပြာသိုလဆန်း ၅ရက်နေ့ တနင်္ဂနွေနေ့တွင် ကျောင်းသစ်ကြီး ဖွင့်ပွဲအခမ်းအနားနှင့်အတူ ဆရာတော်ကြီးအား ပူဇော်ကန်တော့ကြမည် ဖြစ်ပါ၍ ကြည်ညိုသဒ္ဒါပွားများ လက်တွဲပါဝင်ကြပါရန် တာဝန်ခံ ဆရာတော်နှင့်တကွ တပည့်သားသံဃာများ၊ သာသနာ့ အကျိုးတော်ဆောင် ပုညဝဍ္ဎနအသင်း၊ သာသနာနုဂ္ဂဟအဖွဲ့တို့မှ ကြွရောက်ချီးမြင့်နိုင်ပါရန် နိဗ္ဗန်ကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် သူတော်ကောင်းတို့။

ဝါဒတစ်ခုရဲ့အကျဉ်းသား

မဖြစ်ဖို့ရန်- -

ယုံကြည်ခြင်းတွေကိုအမှန်အမှား

ခွဲခြားနိုင်ဖို့ရန်- -

အဆုံးစွန်ဆိုတာတွေရဲ့အစွန်းကို

မရောက်ဖို့ရန်- -

လွတ်လပ်သောလူသားဘဝကို

ရွေးချယ်ဖို့နိုင်ဖို့ရန်- -

သတိပဋ္ဌာန် ဝိပဿနာတရားသည်

လူသားအားလုံးအတွက်မဖြစ်မနေ

ရွေးချယ်ရမည့်တစ်ခုတည်းသော

တရားဓမ္မဖြစ်၏။


သတိပဋ္ဌာန ဓမ္မရိပ်သာ

တမန်ဆွန်ဂိုင်းဘီစီ ဆလန်ဆောက်ဘာရူးအနီး ပါးဘလစ်ဘဏ် အနီး ဒုတိယထပ် အမှတ် ၃၇ ။

၃/၁၀၈c . လမ်း ကွာလာလမ်ပူ မလေးရှား။

Dear all Buddish Devotees, We have a great pleasure of inviting all of you; New meditation centre is Opening Soon .We'll worship for patron of Nyaung Kan Aye Meditation Centre ( Insein) (Myanmar) Sayadaw doctor Indaka and opening ceremony with together all of you and we are Invitation Ceremony with Metta....

STIPATTHANA MEDITATION CENTRE

@ No.37- 2nd floor jalan 3/108c

Taman Sungai Besi 57100

Kuala Lumpur Malaysia

thuwunnaoscar@gmail.com

www.thuwunna-oscar.blogspot.com

016 6025536, 0122395621,

ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍နိဗ္ဗာန်မျှော်ရှုကောင်းရာပြုနိုင်ကြပါစေ

သာသနာ့အကျိုးတော်ဆောင်အဖွဲ့

0 comments: